ကိုညီညီ
3လွန်ခဲ့သော ၁ နှစ် က
ဆရာတို့ မင်္ဂလာပါ။ ကျွန်တော့်ပြောင်းခင်းရဲ့ အခြေအနေအတွက် အကြံဉာဏ်များ တောင်းခံ အပ်ပါတယ်။ စိုက်ထားတဲ့ ပြောင်းမျိုးက ပြောင်းချို 702မျိုးပါ ပြင်ဦးလွင် အရှေ့ဖက်နယ်မှာ တခြားတောင်သူများနည်းတူ ရေ၊မြေ၊မျိုး၊ပြုစုပုံများနှင့်အညီ စိုက်ထားတာပါ။ မြေကြီးအနေနဲ့ လမ်းခင်းဗြုံး(ကျောက်စရစ်) အနည်းငယ်ခင်းထားတဲ့ အပိုင်းတချို့ပါဝင်နေပါတယ်။ ဒေသအခေါ် ထွန်စက် ဂေါ်နဲ့ မြေလှန်ထားတဲ့မြေလို့လဲ သိရပါတယ်။ စစိုက်တဲ့ 11/8 ရက်မှာ ကြက်ချေးထည့်ပြီးစိုက်ပါတယ် အပင်သက် တစ်လ နေတော့ အာမို15ပတ်လည်+ကြက်ချေး ကြဲပြီး ပေါင်းလှည့် ပင်ခြေမြေပြုပြင်ထားပါတယ်။ အခုဆို ရက်ပေါင်းငါးဆယ်ရှိသွားချိန်မှာ ပုံထဲကလို အပင်တက် မညီတာ ကြီးတဲ့အပင်တွေမှာလဲ အောက်ရွက်ဝါတာတွေတွေ့နေရလို့ပါ။ ပိုးဖောက်သလိုအပေါက်တွေတွေ့တာ စသည်ဖြင့် အားရဖွယ် မရှိလို့ပါ။ ဘယ်လိုကုစားလို့ရနိုင်ပါမလဲ ခင်ဗျ။ ကျေးဇူးပါခင်ဗျ။
ပြောင်း
Aye
လွန်ခဲ့သော ၃ နှစ် က
ရေထက်သွန်းဖို့လို့သေးလားမြေဩဇာကထက်ထည့်ရမလား
ပြောင်း
Paing
918လွန်ခဲ့သော ၃ နှစ် က
ပြောင်းခင်းကရေဖြတ်ထားလို့ရပြီးလား ရေတင်ဖို့လိုနေသေးလား သိချင်ပါတယ်ကျေးဇူးပြုပြီးပြောပြပေးပါ လူကြီးမင်းခင်များ
ပြောင်း
win
646လွန်ခဲ့သော ၄ နှစ် က
ပြောင်းဖူးကလယ်ကွက်ထဲစိုက်မှာပါစိုက်ပီးမှရေသွင်းရမလားမစိုက်ခင်အရင်သွင်းရမလား
ပြောင်း
ဦးစောမောင်မောင်
642လွန်ခဲ့သော ၅ နှစ် က
ပြောင်းပင်တွေသီးနေချိန်ရေလောင်းလို့ရသေးလားခင်ဗျား့ဖြေကြားပေးပါ
ပြောင်း
စိုင်းဟတ်
232လွန်ခဲ့သော ၆ နှစ် က
ပြောင်းစိုက်တာရေဝပ်တဲ့နေရာဆိုဘယ်လိုလုပ်ပေးရမလဲဗျ
ပြောင်း
ဦးဟန်ရှိန်
1,688လွန်ခဲ့သော ၇ နှစ် က
သူကဘာဖြစ်တာလဲ အရွက်တွေနွမ်းပီးလိပ်လာတယ်
ပြောင်း
ဆက်နွယ်သည့် အကြောင်းအရာများ