အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3
လွန်ခဲ့သော ၁ နှစ် က · ပြင်ဦးလွင်

ဆရာတို့ မင်္ဂလာပါ။ ကျွန်တော့်ပြောင်းခင်းရဲ့ အခြေအနေအတွက် အကြံဉာဏ်များ တောင်းခံ အပ်ပါတယ်။ စိုက်ထားတဲ့ ပြောင်း...

ဆရာတို့ မင်္ဂလာပါ။ ကျွန်တော့်ပြောင်းခင်းရဲ့ အခြေအနေအတွက် အကြံဉာဏ်များ တောင်းခံ အပ်ပါတယ်။ စိုက်ထားတဲ့ ပြောင်းမျိုးက ပြောင်းချို 702မျိုးပါ ပြင်ဦးလွင် အရှေ့ဖက်နယ်မှာ တခြားတောင်သူများနည်းတူ ရေ၊မြေ၊မျိုး၊ပြုစုပုံများနှင့်အညီ စိုက်ထားတာပါ။ မြေကြီးအနေနဲ့ လမ်းခင်းဗြုံး(ကျောက်စရစ်) အနည်းငယ်ခင်းထားတဲ့ အပိုင်းတချို့ပါဝင်နေပါတယ်။ ဒေသအခေါ် ထွန်စက် ဂေါ်နဲ့ မြေလှန်ထားတဲ့မြေလို့လဲ သိရပါတယ်။ စစိုက်တဲ့ 11/8‌ ရက်မှာ ကြက်ချေးထည့်ပြီးစိုက်ပါတယ် အပင်သက် တစ်လ နေတော့ အာမို15ပတ်လည်+ကြက်ချေး ကြဲပြီး ပေါင်းလှည့် ပင်ခြေမြေပြုပြင်ထားပါတယ်။ အခုဆို ရက်ပေါင်းငါးဆယ်ရှိသွားချိန်မှာ ပုံထဲကလို အပင်တက် မညီတာ ကြီးတဲ့အပင်တွေမှာလဲ အောက်ရွက်ဝါတာတွေတွေ့နေရလို့ပါ။ ပိုးဖောက်သလိုအပေါက်‌တွေတွေ့တာ စသည်ဖြင့် အားရဖွယ် မရှိလို့ပါ။ ဘယ်လိုကုစားလို့ရနိုင်ပါမလဲ ခင်ဗျ။ ကျေးဇူးပါခင်ဗျ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၅၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးထစ်ချုန်း
Post image
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ နှစ် က

အကြောင်းရင်းခံကတော့၊မြေခံအာဟာရနည်းခြင်း၊ကြက်ချေးနဲ့နိုက်ထရိုဂျင်ရဲ့ အပူငွေ့ဟပ်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ကုစားဖို့အနေနဲ့က၊မိုးရွာဖို့လိုပါတယ်၊ ရှမ်းပြည်နဲ့ပြင်ဦးလွင်မှာ လောလောဆယ် မိုးရွာနိုင်ပါသေးတယ်။ မိုးရွာရင်၊ဂျစ်ဆန်တအိတ်ကို ပုလဲ၈ပြည်လောက်(1/3အိတ်)ရောပြီးအ ပင်ခြေလိုက်ဖြူးပါ။(အရွက်ပေါ်မပက်ရ)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။