စားကျက်ပင်အတွက် Arachis Pantoi (ပဲပန်းပင်) စိုက်ပျိုးခြင်း

11/06/2018 13:40 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

ဝိသေသလက္ခဏာ  - မြေလျှောက်ပင်ဖြစ်၍ ထူထပ်စွာပေါက်ရောက်သည်။ နက်ရှိုင်းစွာထိုး ဖောက်နိုင် သော အမြစ်ရှိ၍ အပူပိုင်းစိုပြီး အရိပ်ရသောအပင် များအောက်တွင ်စိုက်ပျိုးနိုင်၏။ မြန်မာနိုင်ငံတွင် သရက်စိုက်ခင်း များအောက်တွင် မြေဆီလွှာထိန်းသိမ်းနိုင်ရန်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြု နိုင်ရန် စိုက်ပျိုးနိုင်သည်။ စားကျက်ခင်းများတွင် မြက်မျိုးများနှင့် ရောနှောစိုက်ပျိုးနိုင်သည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် အာဟာရပြည့်သော တိရစ္ဆာန်အစာရရှိနိုင်ပြီး အစာနုကုန်ကျစရိတ်လျှော့ ကျစေပါသည်။ အဆစ်မှ ထွက် သော အမြစ်များဖြင့် မြေပေါ်တွင် ပျံ့နှံ့နိုင်သည်။ ရေတိုက်စား သောဒေသများတွင် ရေတိုက်စား မှုကာကွယ် နိုင်ရန်စိုက်ပျိုးနိုင်သည်။ အသားဓါတ်ပါဝင်မှုမှာ (၁၅- ၂၀%) ဖြစ်ပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ငါး စသည့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သည်။ ထုတ်လုပ်မှုတွင် ကုန်ကျစရိတ် သက်သာသော ပဲနွယ်ပင် တစ်မျိုးဖြစ်သည်။ အစေ့ထုတ်ခြင်း၊ အဆစ်ဖြတ် စိုက်ပျိုးခြင်း ပြုလုပ်နိုင်သည်။ အသီးတစ်ခုလျှင် အစေ့ (၁-၂) စေ့ ပါဝင်သည်။ အစေ့စိုက်ပျိုးခြင်းထက် အဆစ်ဖြတ် စိုက်ပျိုးခြင်းကို ပိုမိုပြုလုပ်ကြသည်။ အစေ့ စိုက်ပျိုးခြင်းသည် အဆစ်စိုက် ပျိုးခြင်း ထက် အမြစ်သန်စွမ်းမှု ပိုမိုအားကောင်းသည်။ ရေလွှမ်း မိုးမှုခံနိုင်ပြီး ခြောက်သွေ့ချိန် တွင် ရေလိုအပ်မှုရှိသည်။ တစ်နှစ်လျှင် (၄) လ အထိ ခြောက်သွေ့မှု ခံနိုင်သည်။ သဲအနည်းငယ်ဆန်သောမြေ၊ ရေဝပ်ပြီးစိုစွတ် သောမြေများတွင် ပိုမိုနှစ်သက်သည်။ အပူချိန်မှာ (၂၂-၂၈) ဒီဂရီဆင်တီဂရိတ် တွင်ပိုမိုနှစ်သက်သည်။ 

ရုက္ခဗေဒအမည်        -   Arachis Pantoi (ပဲပန်းပင်)

မျိုးကွဲများ               -    Fabaceae Tribe, Aechynomeneat subtribe,      

                                   Stylesanthinae, Secrtion Caulorrhizae.

ဒေသအလိုက်အမည်  -   Panto Peanut (Australia), Kacang Pinto (Indonesia), Thua Lisong tao (Thailand), Pae Pan (Myanmar).

စိုက်ပျိုးခြင်း

အပင်အဆစ်ဖြတ်စိုက်ပျိုးခြင်း၊ အစေ့စိုက်ပျိုးခြင်းပြုလုပ်နိုင်သည်။ အစေ့စိုက် ပျိုးခြင်းသည် အမြစ်ဖြစ် ပေါ်မှုမြန်စေပါသည်။ စိုက်ပျိုးမည့် မျိုးစေ့များကို (၄၀) ဒီဂရီးစင်တီဂရိတ်တွင် သိုလှောင်ထားရန်လိုပြီး အေး၍ခြောက်သွေ့သောနေရာတွင် ထိန်းသိမ်းရန်လိုအပ်သည်။ မျိုးစေ့ များကိုရိတ်သိမ်းပြီး (၁၀) လ အတွင်းသာ စိုက်ပျိုး သင့်ပါသည်။ (၁၀-၃၀) ကီလိုဂရမ်ကို (၂) ဧက စိုက်ပျိုးနိုင်သည်။ အဆစ်စိုက်ပျိုးလျှင် (၂-၅) စင်တီမီတာ မြေအောက်မြှုတ်၍ စိုက်ပျိုး နိုင်သည်။

နို့စားနွားတစ်ကောင်အတွက် စားကျက်လိုအပ်ချက်

နို့စားနွားမ၏ ပျမ်းမျှကိုယ်အလေးချိန်            = ၅၀၀ ကီလိုဂရမ်

မြက်အစိုတွင် ပါဝင်သော ပျမ်းမျှ အစာခြောက် = ၂၀ ရာခိုင်နှုန်

နို့စားနွား၏ တစ်နေ့အစာခြောက်စားသုံးမှု = ၃ ရာခိုင်နှုန်း 

ကီလို (၅၀၀) ရှိ နွားမ၏အစာခြောက်လိုအပ်ချက် = ၁၅ ကီလိုဂရမ်/တစ်ရက်

အစာခြောက် (၁၅ ကီလို) ရရှိရန် = ၁၀၀ x ၁၅/၂၀= ၇၅ ကီလို (မြက်အစို)

တစ်နှစ်နွားမ တစ်ကောင် မြက်အစိုလိုအပ်ချက် = ၇၅ x ၃၆၀= ၂.၇ တန်

မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်