မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၂၁)

11/10/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

ကြက်သွန်ဖြူ Allium sativum Garlic

ကြက်သွန်ဖြူပင်တွင် အေအမ်အက်ဖ်မှိုကို ဖြည့်စာအဖြစ် ဆယ်လီနီယံ (ဆိုဒီယံဆယ်လီနိတ်) ပူးတွဲသုံးခြင်း

ကြက်သွန်ဖြူနှင့် ဒေသခံအေအမ်အက်မှို၏ ပတ်ဝန်းကျင်မိတ်ဖက်ဖြစ်စဉ်သည် ကြက်သွန်ဖြူတွင် အထူးဆီ၊ အယ်လင်းနှင့် မိုနိုစက်ခရိုက် တိုးလာသဖြင့် ဆေးဘက်ဝင် အရည်အသွေးတိုးလာသည်။ အေအမ်အက်ဖ်မှိုနှင့် ဖြည့်စာဖြစ်သော ဆယ်လီနီယံ (ဆိုဒီယံ ဆယ်လီနိတ်) ပူးတွဲသုံးခြင်းသည် မိုနိုစက်ခရိုက်  ပိုတိုးသည်။ 

ကြက်သွန်ဖြူမှထုတ်သော လတ်ဆတ်သည့် စစ်ထုတ်ရေသည် ဘာကြောင့် မှိုရောဂါ ဆန့်ကျင်သတ္တိရှိတာလဲ

ကြက်သွန်ဖြူတွင် (allicin) အယ်လီစင်ဆိုသည့် ဆာလဖာပါသော ကွန်ပေါင်းပါဝင်ပြီး တက်ကြွသော အစိတ် အပိုင်း (active component) တခုက အပင်ရောဂါဖြစ်မှိုရောဂါကို ဆန့်ကျင်သတ္တိ ရှိသည်။  

ကြက်သွန်ဖြူမှထုတ်သော စစ်ထုတ်ရည်သည် အပင်တွင်ကျသောရောဂါဖြစ်စေသက်ရှိမှိုများ အထူးသဖြင့် လူကိုကင်ဆာဖြစ်စေသောမှိုအချို့ကို ဟန့်တားသော ဆန့်ကျင်သတ္တိရှိသည်၊ အေအမ်အက်ဖ်မှိုထိုးသွင်းလိုက်ပါကအပင်ရှိ အဆိုပါဆန့်ကျင်သတ္တိကို ပိုမြင့်လာစေသည်။ သို့သော် သတိပြုရမည့် အချက်များတော့ ရှိပါသည်။

ကြက်သွန်ဖြူ၏ ကျန်းမာရေးအကျိုးပြုမှု

  • သွေးသန့်သည်၊
  • သွေးတိုးကျသည်၊
  • ချောင်းဆိုးသက်သာသည်၊
  • ဆီးဝမ်းစင်သည်၊

(ကိုးကား - သမားတော် တိုင်းရင်းဆေး)

ကြက်သွန်ဖြူနှင့် ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်ဖ်မှို၏ အကျိုးပြု ပတ်ဝန်းကျင်မိတ်ဖက်ဖြစ်မှုများ 

အေအမ်အက်မှို ထိုးသွင်းခြင်းဖြင့် ကျန်းမာရေး အကျိုးပြု ဒုတိယ အစာချေဖျက်ပေးနိုင်သောဓာတုပစ္စည်း တိုးစေခြင်း

 

ဇယား ၁ အဆက်

 

ကြက်သွန်ဖြူတွင် အေအမ်အက်ဖ်မှိုမျိုးကွဲအမျိုးမျိုးထိုးသွင်းခြင်း၏ကျန်းမာရေးအကျိုးပြု ဒုတိယ အစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းတိုးစေခြင်း

ကိုးကား - Golubkina N.et al 2020

ကြက်သွန်ဖြူတွင်အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း

  • ကြက်သွန်ဖြူ စိုက်ခင်းဘောင်ပြင်ဆင်သည်။
  • မြက်လက်ခံပင်နှင့် စိုက်ထားသော ၃ လသား အေအမ်အက်ဖ်မှို မှိုမျိုးစ ၁ ကီလိုဂရမ်ကို အပင် ၁၃၄ ပင်အတွက် အသုံးချသည်။
  • အေအမ်အက်ဖ်မှို ထိုးသွင်းပြီး ၆၀ ရက်၊ ၉၀ ရက်၊ ၁၂၀ ရက်တွင် စိစစ်သည်။

မှတ်ချက်

  • ထည့်သွင်းသော မှိုမျိုးစကို မြေကြီးရောပြီး စိုက်ကျင်းတနေရာတွင် ပိုထည့်နိုင်ပါသည်။ 
  • ကြက်သွန်ဖြူသည် အေအမ်အက်ဖ်မှို မှီခိုမှု မြင့်သည်။
  • အမြစ်စွဲ ရာခိုင်နုန်း ၆၆ - ၈၀ % ရှိသည်။
  • အေအမ်အက်မှိုကို Glomus fasciculatum  နှင့် Funneliformis mosseae သုံးသည်၊ အကျိုးပြုမှု ကောင်းသည်။

ထိုးသွင်းအေအမ်အက်ဖ်မှိုများက ကြက်သွန်ဖြူ မိုနိုဆက်ခရိုက်ပါဝင်မှု ရာနှုန်းတိုးစေခြင်း

 

ထိုးသွင်းအေအမ်အက်ဖ်မှို (Glomus fasciculatum) က ကြက်သွန်ဖြူ အယ်လင်းပါဝင်မှု ရာနှုန်းတိုးစေခြင်း

 

 

ကြက်သွန်ဖြူပင်၏ လတ်ဆတ်သောစစ်ထုတ်ရည်၏သက်ရှိမှို ဆန့်ကျင်အစွမ်းသတ္တိ

ကြက်သွန်ဖြူပင်၏ စစ်ထုတ်ရည် ထုတ်လုပ်ပုံ

  • ကြက်သွန်ဖြူမျိုးစု၏ ၁၀ ဂရမ် နမူနာယူသည်၊ ကြိတ်သည်၊ ပိုးသန့်ရည် ( ပေါင်းခံရည်) ၁၀ဝ မီလီလီတာ တွင်ဖျော်သည်၊ ဖျော်ရည်ကိုအနည်များနှံ့အောင် ၅ မိနစ်ခန့်မွှေပြီး ၂ လွှာပါသော မတ်စ်လင် (muslin) အဝတ်စနှင့်စစ်သည်၊ 
  • ရနိုင်ပါက Whattman’s filter paper No. 1 နှင့် ထပ်၍ စစ်သည်၊
  • စစ်ကျရည်ကို  လှည့်စက်တွင် ၅၀ဝ၀ အာပီအမ်ဖြင့် ၁၅ မိနစ်လှည့်သည်၊
  • ရရှိသော အပေါ်ယံအရည်ကြည်သည် လတ်ဆတ်သော စံဖျော်ရည် (S) ဖြစ်သည်၊
  • စံဖျော်ရည်ကို ၁၅% ဖျော်ရည်ရအောင် ပေါင်းခံရည်ဖြင့် ဖျော်သည်။

သတိပြုရမည့်အချက်

  • စစ်ထုတ်ရည် ထုတ်နည်းမှန်ကန်ရန် လိုသည်။
  • ဆောလဗန့်အဖြစ် ရေ (အအေး၊အပူ)၊အယ်ကိုဟော ၊မီသနော၊အီသနော သုံးနိုင်သည်၊
  • အသုံးပြုနှုန်းမှန်ကန်ရန် လိုသည်၊
  • ပိုးသန့်ရည်/ပေါင်းခံရည်အစား သာမန်ရေကို သုံးနိုင်သည်၊
  • လှည့်စက်မရှိပါက စနစ်တကျ မွှေပါ ၊
  • မတ်စ်လင်အဝတ်စအစား ပိတ်ပါးစသုံးနိုင်သည်၊

ကြက်သွန်ဖြူပင် စစ်ထုတ်ရည်၏ ရွက်ပျောက်၊ ရောဂါဖြစ်စေသက်ရှိ မှိုမျှင်ကြီးထွားမှုကို ဟန့်တားနိုင်ခြင်း 

 

 

ကိုးကား

Borge M. Dudhane M. and Jite PK. Role of Bioinoculant (AM Fungi) Increasing in Growth, Flavor Content and Yield in Allium sativum L. under Field Condition. Not. Bot. Hort. Agrobot. Cluj 37 (2) 2009, 124-128

Hayat S, Cheng Z, Ahmad H, Ali M, Chen X and Wang M (2016) Garlic, from Remedy to Stimulant: Evaluation of Antifungal Potential Reveals Diversity in Phytoalexin Allicin Content among Garlic Cultivars; Allicin Containing Aqueous Garlic Extracts Trigger Antioxidants in Cucumber. Front. Plant Sci. 7:1235. doi: 10.3389/fpls.2016.01235

Golubkina N.et al. Effects of Arbuscular Mycorrhizal Fungi on Yield, Biochemical Characteristics, and Elemental Composition of Garlic and Onion under Selenium Supply . Plants 2020, 9, 84; doi:10.3390/plants9010084

Golubkina N.et al. Prospects of Arbuscular Mycorrhizal Fungi Utilization in Production of Allium Plants. Plants (Basel). 2020 Feb; 9(2): 279. doi: 10.3390/plants9020279

 

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်