စိုက်ပျိုးမွေးမြူရေး နှစ်ခုလုံးမှာ အကျိုးများအသုံးချနိုင်တဲ့ အေဇိုလာ ထုတ်လုပ်သုံးစွဲနည်း (၂)
Azolla စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းစဉ်များ

မြေရွေးချယ်ခြင်းနှင့် ရေကန်တည်ဆောက်ခြင်း
- အလွယ်တကူ ကြီးကြပ်နိုင်၊ ထိန်းသိမ်းမှုပြုလုပ်နိုင်တဲ့ မြေနေရာကိုရွေးချယ်သင့်ပါတယ်။
- ရေပေးရန် လုံလောက်မှုရှိနိုင်တဲ့နေရာ ဖြစ်သင့်ပြီး Azolla စိုက်ပျိုးဖို့အတွက် တစ်စိတ်တစ်ပိုင်း အရိပ်ရနိုင်တဲ့နေရာဖြစ်သင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အရိပ်အာဝါသ အစီအစဉ်များ ဖန်တီးပေးဖို့ လိုပါတယ်။
- Azolla ရဲ့ ကြီးထွားမှု ဧရိယာဟာ ကန်ရဲ့လိုအပ်ချက်တွေပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။
- ပုံမှန်အားဖြင့် အကျယ်အဝန်း (6 x 4) ပေ ရှိတဲ့ ကန်တစ်ကန်ဟာ တစ်နေ့ကို Azolla 1 ကီလို ဂရမ် (၆၂ ကျပ်သားခန့်) ထွက်ရှိနိုင်ပါတယ်။
- မြေကို သေချာသန့်စင်ပြီး ညှိပေးရပါမယ်။ ရေကန်ကို အုတ်ခဲများဖြင့် သို့မဟုတ် မြေသားကို ဖယ်ထုတ်ခြင်းဖြင့် မြှင့်တင်ထားတဲ့ တာတမံဖြင့် ဖန်တီးနိုင်ပါတယ်။
- ဧရိယာကို တာရှည်ခံဖို့နဲ့ လေပြင်းတိုက်ခတ်ချိန်မှာ ကာကွယ်နိုင်စေဖို့အတွက် အုတ်များဖြင့် ဖုံးအုပ်ထားသင့်ပြီး ဧရိယာအားလုံးကို အကြမ်းခံသော တာပေါ်လင်ဖြင့် ဖုံးအုပ်ထားသင့်ပါတယ်။
- တာပေါင်ကနေ ရေယိုစိမ့်ခြင်းမှ ကာကွယ်ရန် အပေါက်များ မရှိစေဖို့ ဂရုပြုရပါမယ်။ သစ်သားတိုင်များ သို့မဟုတ် ဝါးတုတ်များသုံးပြီး ရေကန်ပတ်လည်မှာ အရိပ်ရဇာပိုက်စများကို မိုးပေးသင့်ပါတယ်။
*Azolla မျိုးပွားခြင်း*
- Azolla ဟာ မျိုးပွားပြီး တစ်နှစ်ပတ်လုံး ပွားများနိုင်ပါတယ်။ မျိုးများကို ပြန်လည်ပွားယူနိုင်ရန်အတွက် ရာသီတလျှောက်လုံး ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။
- အလွန်ပူပြီး အလွန်အေးတဲ့ အပူချိန်မျိုးဆိုရင်တော့ Azolla မျိုးစိတ်များကို ထိန်းသိမ်းခြင်းဟာ ခက်ခဲနိုင်လို့ ဂရုတစိုက် ကိုင်တွယ်သင့်ပါတယ်။
- နွေရာသီကာလမှာဆိုရင် ကြီးထွားမှုထိန်းသိမ်းရန်နဲ့ ပိုးမွှားများရန်မှ ကာကွယ်ဖို့ သင့်တော်တဲ့ သဘာဝပိုးသတ်ဆေးတမျိုးမျိုးကို အသုံးပြု ကာကွယ်ပေးရပါမယ်။
- Azolla စိုက်ပျိုးဖို့ဆိုရင် အဓိက နည်းလမ်းနှစ်ခုကို အသုံးပြုနိုင်ပါတယ်။
- တနည်းက ပျိုးခင်းမှာ စိုက်ပျိုးပြီးနောက် မျိုးပွားဖို့အတွက် စပါးခင်းများ နဲ့ တခြားရေမှာ စိုက်ပျိုးနိုင်တဲ့ စိုက်ခင်းများထဲမှာ ကြဲချတာပါ။ ဒုတိယတစ်မျိုးကတော့ သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးဖို့ ဖြစ်ပါတယ်။
- Azolla မျိုးပွားခြင်းမှာ မျိုးကွဲအားလုံးကတော့ မြင့်မားတဲ့ အပူချိန်ကို ခံနိုင်ရည်မရှိပါဘူး။ Azolla ရဲ့ မျိုးပွားမှု၊ ပိုးမွှားနှင့်ရောဂါကျရောက်မှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့တွေကတော့ အတော်လေးဂရုစိုက်ပေးဖို့ လိုပါတယ်။
*Azolla စိုက်ပျိုးခြင်းအတွက် ပတ်ဝန်းကျင်လိုအပ်ချက်*
- Azolla ကို ရေကန်များ၊ မြောင်းများ၊ ပူနွေးသောရေစိုဒေသများနဲ့ အပူပိုင်းဒေသများမှာ အဓိကအားဖြင့် တွေ့ရှိရပါတယ်။ သူ့ရဲ့ကြီးထွားမှုနဲ့ အလင်းပြန်ခြင်းအတွက်ဆိုရင် တစ်စိတ်တစ်ပိုင်း အရိပ်နဲ့ အလင်းရောင် လိုအပ်ပါတယ်။
- Azolla စိုက်ပျိုးရေးအတွက် နေရောင်ခြည် လိုအပ်ချက်ကတော့ 25-50% ဖြစ်သည်။ အကောင်းဆုံးပျမ်းမျှအပူချိန်လိုအပ်ချက်ကတော့ 20-30˚C ဝန်းကျင်ပါ။
- အပူချိန် 35˚C အထက်မှာဆိုရင်တော့ Azolla ကြီးထွားမှုကို အဟန့်အတားဖြစ်စေပြီး သူ့ရဲ့ပွားနှုန်းကို လျော့ကျစေပါတယ်။
- ရေကန်ထဲမှာ အနည်းဆုံးရေပမာဏ ၄ -၆ လက်မ ရှိသင့်ပါတယ်။
- Azolla စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ အကောင်းဆုံးနှိုင်းရစိုထိုင်းဆကတော့ 85-90% ဝန်းကျင်ဖြစ်ပါတယ်။ စိုထိုင်းဆ 60% အောက်ဆိုရင် ဧရိယာအတွင်း ခြောက်သွေ့မှုကို ဖြစ်စေပြီး ပျက်စီး လွယ်သွားစေနိုင်ပါတယ်။
- ကြီးထွားမှုအကောင်းဆုံး pH အနေနဲ့ကတော့ 5-7 အကြား ရှိသင့်ပါတယ်။ အယ်ကာလိုင်း သို့မဟုတ် အက်ဆစ်ဓာတ်များလွန်းတဲ့ pH ဟာ Azolla ကြီးထွားမှုအပေါ် ဆိုးရွားသော သက်ရောက်မှုရှိနိုင်ပါတယ်။ ရေငန်ဓာတ်မများစေဖို့ သတိထားသင့်ပါတယ်။
အပင်ကြီးထွားရှင်သန်ရန် လိုအပ်ချက်များ

- Azolla ဟာ ရေမှ အာဟာရများကို ရရှိပြီး ကြီးထွားမှုအတွက်ဆိုရင် လုံလောက်သော ဖော့စဖရပ်စ် ထောက်ပံ့ပေးဖို့က အလွန်အရေးကြီးပါတယ်။
- တစ်ခါတစ်ရံမှာတော့ သူ့ရဲ့ကြီးထွားမှုအတွက် ပိုတက်စီယမ်မြေသြဇာကို လိုအပ်ပါတယ်။
- ပျိုးပင်များ ကြီးထွားလာချိန်မှာ နီညိုရောင်ပြောင်းသွားတာကို တွေ့ရင် ဒါဟာ နိုက်ထရိုဂျင်ဓာတ် ချို့တဲ့ကြောင်း ညွှန်ပြတာဖြစ်ပြီး အာဟာရရေ၊ အီးအမ် စတာတွေကို အပင်တွေပေါ် ဖျန်းပေးဖို့ လိုပါတယ်။
- သဘာဝမြေဩဇာ (ကြက်ချေး သို့မဟုတ် နွားချေး)နဲ့ ဖော့စဖိတ်ကျောက်မှုန့် တို့ကိုလည်း လိုအပ်သလိုထည့်သွင်းအသုံးပြုပေးရပါမယ်။
- မိုးရာသီဟာ Azolla စိုက်ပျိုးခြင်းအတွက်ကောင်းမွန်ပြီး လျင်မြန်သော ကြီးထွားမှုကို သေချာပေါက် ရရှိစေနိုင်ပါတယ်။
ပိုးမွှားနှင့်ရောဂါထိန်းချုပ်ခြင်း
- ပိုးမွှားနှင့် ရောဂါထိန်းချုပ်ရေး အများအားဖြင့် နွေရာသီမှာဆိုရင် ပိုးမွှားတွေဟာ Azolla ကို လုံးဝပျက်စီးအောင်ဖျက်ဆီးနိုင်တာကြောင့် ဆိုးရွားတဲ့ပြဿနာတစ်ခုပါ။
- Azolla ရဲ့ အရွက်ပေါ်မှာ ကျက်စားတဲ့ အဓိကအင်းဆက်ပိုးမွှားတွေကိုတော့ သင့်တော်တဲ့ သဘာဝအိမ်လုပ်ပိုးမွှားသတ်ဆေးတွေ ဖျန်းပေးသင့်ပါတယ်။
- ခရုတွေ၊ ဖားတွေဟာလည်း Azolla ရဲ့ အမြစ်များနဲ့ အရွက်နုများကို စားသောက်ဖျက်ဆီးတတ်လို့ သူတို့ကိုလည်း သဘာဝနည်းလမ်းတွေနဲ့ ထိန်းချုပ်ဖို့လိုပါတယ်။
- ( ဥမာ အီးအမ် ၅၊ တမာ နဲ့ အခြားအိမ်လုပ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းခြင်း)
*Azolla ရိတ်သိမ်းခြင်း*
- Azolla ဟာ အချိန် ၂-၃ ပတ်အတွင်း လုံးဝကြီးထွားနိုင်ပြီး အဲ့ဒီလိုကြီးထွားမှုပြည့်ပြီးပြီဆိုရင် နေ့စဉ် ရိတ်သိမ်းလို့ ရပါပြီ။
- သူ့ရဲ့ဇီဝဒြပ်ထုကို ပလတ်စတစ်ဆန်ခါများဖြင့် စုဆောင်းနိုင်ပြီး 6 x 4 ပေ အကျယ်အဝန်းကနေ တစ်နေ့ ပျမ်းမျှအထွက်နှုန်း ၁ ကီလိုဂရမ်ရှိနိုင်ပါတယ်။
- ကိုယ်အသုံးပြုမယ့်ပမာဏထက်ပိုနေမယ်ဆိုရင် အရိပ်အောက်မှာ အခြောက်ခံပြီး နောင်အသုံးပြုဖို့အတွက် သိမ်းဆည်းထားနိုင်ပါတယ်။
- လတ်ဆတ်သော သို့မဟုတ် ခြောက်သွေ့သောပုံစံဖြင့် မွေးမြူရေးအစာအဖြစ် အသုံးပြုနိုင်ပါတယ်။
- ရိတ်သိမ်းပြီးပါက နွားချေးနံ့ ကင်းစင်စေဖို့ ရေဖြင့် သေချာဆေးကြောရပါမယ်။
- အဲ့ဒီလို သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ရေကို မွေးမြူရေးကန်မှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။
Azolla ကို အသုံးချခြင်း
- Azolla ကို စပါးစိုက်ပျိုးခြင်းမှာ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုကြပြီး 20% အထွက်တိုးလာတာကို သုတေသနများကနေ တွေ့ရပါတယ်။
- Azolla အခြောက်ဟာ အာဟာရပါဝင်မှု မြင့်မားပြီး lignin ပါဝင်မှုနည်းတာကြောင့် မွေးမြူရေးအစာအဖြစ် အသုံးပြုလို့ ရပါတယ်။
- ကြက်ငှက်တွေကို ကျွေးမယ်ဆိုရင် ကိုယ်အလေးချိန်နဲ့ ဥထုတ်လုပ်နိုင်စွမ်း တိုးစေပါတယ်။
- နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ယုန်နဲ့ ငါးတို့ကိုလည်း ကျွေးနိုင်ပါတယ်။
- စိုက်ပျိုးရေးဧရိယာမှာ သဘာဝအော်ဂဲနစ်မြေစာအဖြစ် လုပ်ဆောင်နိုင်သလို ရေမျက်နှာပြင်ပေါ်မှာ ထူထပ်သောအလွှာအဖြစ် ပေါက်ရောက်တာကြောင့် စပါး သို့မဟုတ် လယ်ကွင်းတွေမှာ စိုက်ပျိုးတဲ့အခါ ပေါင်းမြက်တွေကို ထိန်းချုပ်နိုင်ပါတယ်။
- ရေငွေ့ပျံနှုန်းကို နှေးကွေးစေလို့ မြေဆီလွှာအစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။
*အကြံပြုချက်များ*
- Azolla ဟာ လျင်မြန်စွာ ကြီးထွားတာကြောင့် နေ့စဉ် ရိတ်သိမ်းဖို့ အကြံပြုထားပါတယ်။
- သဘာဝမြေဩဇာနဲ့ အနည်းလိုအာဟာရဓာတ်တွေကို တစ်ပတ်လျှင်တစ်ကြိမ် ပေါင်းထည့်ခြင်းက သူ့ရဲ့ကြီးထွားမှုကို အားကောင်းစေပါတယ်။
- ကန်ထဲမှ အနည်းဆုံးရေ 30% ကို ရေချိုဖြင့် အစားထိုးပေးခြင်းဖြင့် နိုက်ထရိုဂျင်ပမာဏကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပါတယ်။
- ၆ လတစ်ကြိမ် ရေကန်တစ်ခုလုံးကို သန့်ရှင်းလတ်ဆတ်သော ပစ္စည်းတွေနဲ့ လဲပေးရပါမယ်။
- မြေဩဇာနှင့် အခြားအာဟာရဓာတ်များ အောက်ခြေတွင် အနည်ထိုင်စေဖို့ ၂ ရက် သို့မဟုတ် ၃ ရက်ကြာမှ Azolla ကို အတုံးသေးသေးလေးတွေဖြစ်အောင် ခွဲပြီး ရေကန်ထဲကို ထည့်ပေးရင် ပွားနှုန်းကို ပိုပြီးမြန်ဆန်စေပါတယ်။
အထက်ဖော်ပြပါအချက်တွေအရ အေဇိုလာဟာ ကောင်းကျိုးများစွာရရှိနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် တပိုင်တနိုင်စိုက်ပျိုးလုပ်ကိုင်ကြတဲ့ စိုက်ပျိုးမွေးမြူရေးသမားများအနေဖြင့် စနစ်တကျစိုက်ပျိုးထုတ်လုပ် အသုံးချနိုင်ဖို့ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Nyi
လွန်ခဲ့သော ၆ လ ကမကွေးဘက်မှာရောင်းဖို့ရှိလား
U Zayar
လွန်ခဲ့သော ၆ လ ကမျိုစေ့ကိုမည်ငည်နေရာတွင်ရရှိနိင်ပါသနည်း
U Zayar
လွန်ခဲ့သော ၆ လ ကမျိုစေ့ကိုမည်သည်နေရာတွင်ရရှိနိင်ပါသနည်း
ကိုနေလင်းအောင်
လွန်ခဲ့သော ၂ နှစ် ကလိုအပ်ရင်ပြောပါ
saw Ray mond
လွန်ခဲ့သော ၂ နှစ် ကမျိူးလိုချင်ရင်ဘယ်ကိုဆတ်ရလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မတ်ပဲစိုက်ပျိုးစရိတ်နှင့် နည်းလမ်းများ
Sumyat Nwe • ဖြေကြားချက် 2 ခု
ဆရာများခဗျာ ဂန္ဓမာစူပါကျောက်စိမ်ကို များသောအားဖြင့်မီးထွန်းပြီးစိုက်ကြပါတယ် မီးမထွန်းဘဲစိုက်လို့ရပါသလာ မီးထွန်းပီးစိုက်တာနဲ့ မီးမထွန်းပဲစိုက်တာဘာကွာသွားလဲခဗျာဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 5 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Htet Zaw Htun (organic Farming Coach)
အားလုံး
ဈေးကြီးလွန်းသည့်ကြက်စာများနေရာတွင် အေဇိုလာကို အစားထိုးအသုံးချနည်း
18/08/2022
တီကောင်မွေးပြီး စွန့်ပစ်ပစ္စည်းများမှ မြေဆွေးနှင့် တီကျစ်ရည်များ ထုတ်လုပ်နည်း အပိုင်း - ၃
14/08/2022
တီကောင်သုံးပြီး စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်တင်အသုံးချနည်း အပိုင်း - ၂
12/08/2022
တီကောင်သုံးပြီး စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်တင်အသုံးချနည်း အပိုင်း - ၁
10/08/2022
စိုက်ပျိုးမွေးမြူရေး နှစ်ခုလုံးမှာ အကျိုးများအသုံးချနိုင်တဲ့ အေဇိုလာ ထုတ်လုပ်သုံးစွဲနည်း (၁)
29/07/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....