စိုက်ပျိုးရေးသိပ္ပံပညာလက်မှတ်ရသင်တန်း (အမှတ်စဉ် -၂)

20/01/2023 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရွှေရောင်လွင်ပြင် မှ  "Basic Agricultural Science Certificate Online Training (Batch -2)" အခြေခံစိုက်ပျိုးရေးသိပ္ပံပညာလက်မှတ်ရသင်တန်း (အမှတ်စဉ် -၂) ကို ထပ်မံ ဖွင့်လှစ်မည်ဖြစ်ပါသည်။ 

သင်တန်းဖွင့်လှစ်မည့်ရက် - ၂၀၂၃-ခုနှစ်ဖေဖေါ်ဝါရီလ ၆-ရက်

စိုက်ပျိုးပညာ၊ ပြည်ရွာဖွံ့ဖြိုး ဆိုသည့်အတိုင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဟူသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံ အားထားရသည့်နိုင်ငံဖြစ်သည်။ 

ထို့ကြောင့် တိုင်းပြည်၏ အရေးကြီးကဏ္ဏထဲက တစ်ခုဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဏအတွက် (Golden Plain) ရွေရောင်လွင်ပြင် မှ ဖွင့်လှစ်သော အခြေခံ စိုက်ပျိုးရေး သိပ္ပံပညာ လက်မှတ်ရသင်တန်း 

(The Certificate Course in Basic Agricultural Science) အမှတ်စဉ် -၂ ကို တက်ရောက်ရန် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းတင်ပြအပ်ပါသည်။

သင်ကြားပို့ချပေးမည့် အခြေခံစိုက်ပျိုးရေးသင်ခန်းစာများ၊ သင်ကြားပို့ချပေးမည့် ဝါရင့်ဆရာ/ဆရာမကြီးများ၊ သင်ကြားပေးမည့် အစီအစဉ်များ၊ သင်ရိုးညွှန်းတန်းများ၊ သင်တန်းသားဦးရေ၊ သင်တန်းကြေးပေးသွင်းရန်တို့ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

သင်တန်းမှတ်ပုံတင်ကြေး၊ ကျပ် ၃၀၀၀၀/-အား   K-Pay account (May Oo Khine, 09663638279)  သို့ပေးသွင်းနိုင်ပါသည်။ 

သင်တန်းမှတ်ပုံတင်ကြေးပေးသွင်းပြီးကြောင်းကို အမည် ဖုန်းနံပါတ် Email address တို့ ဖေါ်ပြလျက် Golden Plain Facebook page messenger သို့ပေးပို့ကြပါရန်မေတ္တာရပ်ခံပါသည်။

မှတ်ချက်။ K pay မှ ငွေလွှဲသည်အခါ K pay မှတ်ချက်တွင် မိမိအမည်နှင့် သင်တန်း အမည်အတိုကောက် BASCC-2  ဟုရေးသားဖေါ်ပြပေးရန်လိုအပ်ပါသည်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက ဖုန်းနံပါတ် 09-785117126 နှင့် 09-972534459 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စိတ်ပါဝင်စားသူများ Google link တွင်စာရင်းသွင်းနိုင်ပါပြီ။

https://docs.google.com/.../1FAIpQLScMUcKFq10nvu.../viewform


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်