အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ယခုရက်သတ္တပတ်တွင် အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ပဲများ၏ ပြည်တွင်း၊ ပြည်ပ ဈေးလှုပ်လာသည်။ သို့သော် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ပဲတီစိမ်း ဈေးငြိမ်ပြီး ပြည်ပ ဝယ်အားပျော့သည့် နှမ်းက အမျိုးအစားအလိုက် ပြည်တွင်းဈေး ကျဆင်းသည့် အခြေအနေတွင် ဆက်ရှိနေသည်။
ပဲစင်းငုံ ပြည်ပ ရောင်းဈေး မြင့်တက်
အိန္ဒိယတွင် မိုးရရှိမှုနှင့် စိုက်ပျိုးနိုင်မှု အချိန်နှောင့်နှေးမှုက အဓိက စားသောက်ကုန် တစ်မျိုးဖြစ်သည့် ပဲစင်းငုံအပေါ် သက်ရောက်မှုများ ရှိနေသည်။ ပွဲတော်ကာလ ဝယ်လိုအားနှင့် အာဖရိက ပဲစင်းငုံဈေး မြင့်တက်မှုသည်လည်း မြန်မာ့ပဲစင်းငုံအပေါ် ရိုက်ခတ်လာသည်။
ထို့ကြောင့် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံ FOB ဈေးက တစ်တန် အမေရိကန်ဒေါ်လာ ၃၀ ဈေးမြင့်တက်သွားသည်။ စက်တင်ဘာ ပထမ ရက်သတ္တပတ်အတွင်း မြန်မာ့ပဲစင်းငုံ တစ်တန် FOB ဈေးက ဒေါ်လာ ၈၅၀ မှ ယခုရက်သတ္တပတ်တွင် ၈၈၀ သို့ ဈေးပြောင်းသွားသည်။
ထိုအခြေအနေက မြန်မာဈေးကွက်တွင်လည်း ပဲစင်းငုံ FOB ဈေးကို တစ်တန် ဒေါ်လာ ၅၀ ဈေးမြင့်တက်လာစေသည်။ ပဲစင်းငုံ (2024-25 Crop) တစ်တန် ဒေါ်လာ ၇၆၀/၇၇၀ မှ ၈၁၀/၈၂၀၊ ပဲစင်းငုံ(2025-26 Crop) တစ်တန် ဒေါ်လာ ၇၉၀/၈၀၀ မှ ၈၄၀/၈၅၀ သို့ ဈေးပြောင်းသွားသည်။
သို့သော် ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံဈေး အတက်အကျ၊ အပြောင်းအလဲများ ရှိနေသည်။ ရက်သတ္တပတ်အတွင်း ပဲစင်းငုံဈေးက တစ်တန် ကျပ် ၃,၅၅၁,၀၀၀ မှ ၃,၅၁၅,၀၀၀ သို့ ဈေးကျသည်။ ထို့နောက် ကျပ် ၃,၅၃၃,၀၀၀ သို့ ဈေးပြန်တက်ပြီး စက်တင်ဘာ ၁၀ ရက်တွင် ကျပ် ၃,၅၀၀,၀၀၀ သို့ ဈေးပြန်ဆင်းသည်။
ပြည်တွင်းဈေး အလှုပ်နည်းသည့် မတ်ပဲ
ယခုရက်သတ္တပတ် ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးက အကျဘက်တွင် ရှိနေသော်လည်း ပြည်ပရောင်းချသည့် FOB ဈေး တက်လာသည်။
အိန္ဒိယတွင် မတ်ပဲအသစ် ဈေးကွက်အဝင် နှောင့်နှေးမှု၊ ပွဲတော်ကာလ ဝယ်လိုအားနှင့် ပဲခွဲစက်များ၏ အဝယ်အချို့က မတ်ပဲဈေး မာလာစေသည်ဟု သုံးသပ်မှုများ ရှိနေသည်။
ထို့ကြောင့် အိန္ဒိယဈေးကွက်တွင် မြန်မာ့မတ်ပဲဈေး FOB တစ်တန် ဒေါ်လာ ၂၀ ဝန်းကျင် ဈေးမြင့်တက်စေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မြန်မာ့မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၈၄၅ ဈေးဖွင့်သော်လည်း ယခုရက်သတ္တပတ်တွင် ၈၆၅ သို့ ဈေးပြောင်းသွားသည်။ မတ်ပဲ SQ ကလည်း တစ်တန် ဒေါ်လာ ၉၂၅ မှ ၉၄၅ သို့ ဈေးပြောင်းသွားသည်။
မြန်မာနိုင်ငံ ဈေးကွက်တွင် မတ်ပဲ FOB ဈေးက တစ်တန် ၁၀ ဒေါ်လာ ဈေးမြင့်တက်သည်။ မတ်ပဲ FAQ တစ်တန် ဒေါ်လာ ၈၂၅/၈၃၅ မှ ၈၃၅/၈၄၅၊ မတ်ပဲ SQ တစ်တန် ဒေါ်လာ ၉၀၅/၉၁၅ မှ ၉၁၅/၉၂၅ သို့ ဈေးပြောင်းသွားသည်။
သို့သော် မတ်ပဲ ပြည်တွင်းဈေးက မတ်ပဲ FAQ တစ်တန် ကျပ် ၃,၄၇၅,၀၀၀ မှ ၃,၄၅၈,၀၀၀၊ မတ်ပဲ SQ တစ်တန် ကျပ် ၃,၇၉၅,၀၀၀ မှ ၃,၇၇၈,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ပဲတီစိမ်းဈေးငြိမ်
တရုတ်နိုင်ငံအတွင်း ပဲတီစိမ်းအသစ်ပေါ်ချိန် မြန်မာ့ပဲတီစိမ်းအပေါ် တရုတ်ကုန်သည်များ၏ ဝယ်လိုအား လျော့နည်းသဖြင့် ပြည်တွင်း၊ ပြည်ပ ပဲဈေးငြိမ်လာသည်။
ဈေးကွက်အတွင်း အရည်အသွေးကောင်းပြီး ဓာတ်ကြွင်းနည်းသည့် ပဲတီစိမ်းကို ရွေးချယ်၍ ဝယ်ယူမှုများ ရှိသည်ဆိုသည့် ပြောဆိုမှုများလည်း ကြားနေရသည်။
ယခုရက်သတ္တပတ် ဈေးကွက်အတွင်း ပဲတီစိမ်း FOB ဈေးက ပဲတီစိမ်း FAQ (အညာ) တစ်တန် ဒေါ်လာ ၇၅၀/၇၆၀၊ ပဲတီစိမ်း FAQ (ရွှေဝါ) တစ်တန် ဒေါ်လာ ၉၀၀/၉၁၀ ဈေးဖွင့်သည်။
ပြည်တွင်းပဲတီစိမ်းဈေးက စက်တင်ဘာ ၁၀ ရက်အထိ ပဲတီစိမ်း (အညာ) တစ်ပိဿာ ကျပ် ၄,၀၀၀/၄,၀၂၀၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါ တစ်ပိဿာ ကျပ် ၅,၆၆၅၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာ ကျပ် ၄,၅၀၀/၄,၅၂၀ ဈေးဖွင့်သည်။
မန္တလေးဈေးကွက်တွင် ပဲတီစိမ်းက ဈေးအနည်းငယ် အေးသွားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပဲတီစိမ်း (အညာ) တစ်တန် ကျပ် ၂,၆၁၀,၀၀၀ ကျော် ဈေးရှိသော်လည်း ယခုရက်သတ္တပတ်တွင် ကျပ် ၂,၅၅၀,၀၀၀ သို့ ဈေးဆင်းလာသည်။
နှမ်းဈေးအပြောင်းအလဲ
တရုတ်အဝယ် အားပျော့သည့် နှမ်းအမျိုးအစားအချို့ ဈေးအေးနေချိန် ပြည်တွင်း အဝယ်ရှိသည့် နှမ်းအချို့ ဈေးအနည်းငယ် လှုပ်လာသည်။
ရန်ကုန်ဈေးကွက်တွင် ပြည်ပ အဝယ်ပျော့ခြင်းကြောင့် နှမ်းညို FOB ဈေး အနည်းငယ်ကျပြီး ကျန်နှမ်းအမျိုးအစားများ ဈေးငြိမ်နေသည်။ နှမ်းညို FOB ဈေးက တစ်တန် ဒေါ်လာ ၁,၄၈၀/၁,၄၉၀ မှ ၁,၄၅၀/၁,၄၆၀ သို့ ဈေးပြောင်းသွားသည်။ နှမ်းဖြူက တစ်တန် ဒေါ်လာ ၁,၅၀၀/၁,၅၁၀၊ နှမ်းနက် (စမုံ) တစ်တန် ဒေါ်လာ ၁,၈၈၀/၁,၈၉၀ ဖြင့် ဈေးငြိမ်နေသည်။
ပြည်တွင်းဈေးကွက်တွင် လုပ်ငန်းသမား ဝယ်လိုအားကြောင့် နှမ်းညို (သစ်) က တစ်တန် ကျပ် ၅၅ သိန်းကျော်မှ ကျပ် သိန်း ၆၀ သို့ ဈေးပြောင်းသည်။ သို့သော် နှမ်းဖြူ (ဂျပန်) က တစ်တန် ကျပ် ၆၈ သိန်းကျော်မှ ၆၄ သိန်းကျော်၊ နှမ်းနက် (စမုံ) တစ်တန် ကျပ် ၇၃ သိန်းကျော်မှ သိန်း ၇၀ ကျော်သို့ ဈေးပြောင်းသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 0 ခု
စိုက်ခင်းထဲပိုးအမဲကောင်လေးတွေအနည်းငယ်တွေ့လို့ဗျပြောင်ပြောင်ပြောင်နဲ့ကျောပေါ်ကစိုးရိမ်ရလားဆရာ ရေပေါ်မှာတော့ဥဖြူလေးတွေအနည်းငယ်တွေ့တယ်
Zaw Than Oo • ဖြေကြားချက် 0 ခု
ဘာဖြစ်တာလဲမသိဘူး ဘာဆေးအသုံးပြုရမလဲပြောပြပေးကြပါဦးခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
မည်သည့်ရောဂါကျရောက်သလဲ.မည်သို့ကုသရမည်လဲ
win min soe • ဖြေကြားချက် 2 ခု
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
ဦးမျိုး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from AMIA
အားလုံး
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026
ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ
02/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....