ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဆေးစွမ်းတစ်လက်
မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ morning sickness (ကိုယ်ဝန်အစောပိုင်းကာလ ပျို့အန်ခြင်းဖြစ်စဉ်) ဖြစ်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ရေဓာတ်ဆုံးရှုံးတာ၊ Electrolytes (ကြွက်သား၊ ရေဓာတ်၊ နှလုံးခုန်ခြင်း စသည်တို့အတွက် အရေးပါတဲ့ဓာတ်) မျှခြေပျက်တာ စတဲ့ ပြဿနာတွေ ကြုံနေရမယ်ဆိုရင်...
‘အုန်းရည်’ ဆိုတဲ့ လက်တကမ်းက သဘာဝဆေးစွမ်းလေးနဲ့ တိုက်ထုတ်ပစ်လိုက်ပါလို့ အကြံပြုပါရစေရှင့်...

ကိုယ်ဝန်ဆောင်မေမေတို့ကို အုန်းရည်သောက်ခိုင်းတဲ့ အလေ့အထက ကျမတို့ မြန်မာနိုင်ငံမှာသာ မက ပါဘူး။ တခြားနိုင်ငံတွေမှာပါ ခေတ်စားပါတယ်တဲ့ရှင့်။
အုန်းရည်မှာ ပိုတက်ဆီယမ် ၊ ဆိုဒီယမ် ၊မဂ္ဂနီဆီယမ်၊ ကစီဓာတ်၊ ဗိုက်တာမင်စီ၊ အမျှင်ဓာတ်၊ သံဓာတ်၊ ကယ်လိုရီ၊ သကြားနဲ့ ဇင့်ဓာတ် တို့ ပါဝင်ပါတယ်။ ဒါ့အပြင် အုန်းရည်က အရည် နဲ့ electrolytes levels တို့ကို ထိန်းပေးပါတယ်။
- ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဟော်မုန်းပြောင်းလဲတာကြောင့် ရင်ပူတာ၊ ဝမ်းချုပ်တာ၊ အစာမကြေတာတွေကို ခံစားရနိုင်ပါတယ်။ အုန်းစိမ်းရည်မှာ အရည်ဓာတ်၊ အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို pH ပမာဏကို ထိန်းညှိပေးနိုင်ပြီး ရင်ပူတာကို သက်သာစေပါတယ်။ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
- ဒါ့အပြင် အုန်းစိမ်းရည်က ဆီးရွှင်စေနိုင်တဲ့ သဘာဝဖျော်ရည် တစ်မျိုးပါ။ ဆီးသွားတာက ကိုယ်တွင်းနဲ့ ဆီးလမ်းကြောင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ကျောက်ကပ် ပိုးမဝင်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်နိုင်တာကြောင့် လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
- အုန်းရည်ဟာ အချိုရည်တွေနဲ့ စာရင် ကယ်လိုရီ နည်းတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်တဲ့သူတွေလည်း အချိုရည်အစား အုန်းရည်ပြောင်းသောက်လို့ ရပါတယ်။ ဝိတ်တက်တာကိုလည်း လျှော့ချပေးပါတယ်။
- အုန်းစိမ်းရည်သောက်တာ အထူးသဖြင့် တတိယသုံးလပတ်ကာလမှာ သောက်သုံးတာက morning sickness ကို သက်သာစေသလို မောပန်းနွမ်းနယ်ခြင်းကို လေျာ့ကျစေပါတယ်။ ဒါ့အပြင် ရေမြွှာရည် တိုးစေနိုင်သလို သွေးပမာဏ တိုးစေပြီး သွေးလည်ပတ်မှု ကောင်းစေနိုင်ပါတယ်။ သန္ဓေသား ဖွံ့ဖြိုးအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထောက်ကူပေးပါတယ်။
- ဆားဓာတ် ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန် ပျို့အန်ခြင်းကြောင့် ရေဓာတ်၊ ဆားဓာတ် ဆုံးရှုံးတဲ့ သူတွေ/ချွေးထွက်များသူတွေလည်း သောက်သင့်ပါတယ်။ ဝမ်းလျှောဝမ်းပျက် ဖြစ်ရင်လည်း ဓာတ်ဆားနဲ့အတူ အုန်းရည်ပါ ဖြည့်သောက်လို့ရပါတယ်။ အုန်းရည်ဟာ သွေးပေါင်ကို ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။
- Essential vitamins, minerals နှင့် antioxidants တို့ပါဝင်တာကြောင့် မိခင်နှင့် ကလေးကို ကိုယ်ခံအားကောင်းစေပါတယ်။
- အလွယ်တကူ နှာစေးချောင်းဆိုး ဖြစ်ခြင်း၊ ဖျားနာခြင်း ကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အုန်းရည်တစ်ခုပဲ သောက်ရမယ်လို့ မဆိုလိုပါဘူး။ ဘယ်အစားအသောက်ကမှ ပြီးပြည့်စုံတဲ့ အာဟာရကို မပေးနိုင်ပါဘူး။ အစားအစာတွေကို မျှတအောင် စားမှ အာဟာရ ပြည့်ဝမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လတ်ဆတ်တဲ့ အုန်းစိမ်းရည်ကိုဘဲ သောက်သင့်တာပါနော်။
- အုန်းရည်က မျိုးရိုးဗီဇကိုတော့ မပြောင်းပေးနိုင်ဘူးဆိုပေမဲ့ ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဖြစ်တာကြောင့် ချင့်ချိန်သောက်ဖို့တော့ လိုပါမယ်။ အကြောင်းကတော့ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ်လိုမျိုး သတ္တုဓာတ်တွေ ပါဝင်နေပြီး သင့်တင့်မျှတတဲ့ အာဟာရကသာ မေမေအတွက်ရော ကလေးအတွက်ပါ အကောင်းဆုံး ဖြစ်စေတာမို့လို့ပါ။
မေမေတို့အားလုံး ကျန်းမာသော ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။
Ref: https://bit.ly/3zBjkv1, https://bit.ly/3TZ0u9x, https://bit.ly/3TV4ho8, https://bit.ly/3TXwD18, https://bit.ly/3SUQEnx
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဒီးစက်လေး အကြောင်းကို ရှင်းပြကြပါအုန်းခင်ဗျ စက်ရှိပြီး မသုံးတက်လို့ပါ
ကိုညိမ်းရွှေ • ဖြေကြားချက် 3 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
ငါး
Zaw Win Htut • ဖြေကြားချက် 0 ခု
ငှက်ပျောမှာ ဆင်ပိုးကျတာ ဘယ်လိုလုပ်ရမလဲ။
ဒေါ်ညိုညိုစန်း • ဖြေကြားချက် 0 ခု
ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ
Oakkar • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
More from Aye Aye
အားလုံး
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၂)
30/06/2023
ပိုတက်စီယမ်(ပိုတက်ရှ်) ဘယ်ကရလို့ ဘယ်လိုထုတ်(၁)
28/06/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၂
04/05/2023
မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၁
28/04/2023
ယူရီးယား ဘယ်လိုထုတ်လုပ်သလဲနှင့် ဘက်စုံအသုံးချပုံများ (၂)
21/04/2023