ဘဲများအတွက်လိုအပ်သည့်အာဟာရဓာတ်များနှင့် အာဟာရပြည့် အစာကျွေးနည်း

21/07/2022 14:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဘဲမွေးမြူရေးအောင်မြင်စေဖို့အတွက် မိမိတို့မွေးမြူထားသောဘဲများကို အာဟာရပြည့်ဝစွာကျွေးမွေးတတ်ဖို့လည်း အရေးကြီးလှပါသည်။

  • အထူးသတိထားရန်မှာ မလတ်ဆတ်သောအစာများကို မကျွေးမိစေရန်ဖြစ်ပါသည်။
  • ညနေပိုင်းတွင်အစာကျွေးလျှင် အစာကိုရေစွတ်ပြီးမှ စိုအောင်ပြုလုပ်ပြီးကျွေးလျှင် ကောင်း၏။
  • EM နှင့် အချိုးကျနစွာ ဖျန်းကျွေးလျှင်ပိုကောင်းပါသည်။
  • ငါးမှုန့်/ပုစွန်ဖွဲသည် ပရိုတင်းဓာတ်ဖြစ်ပြီး ဘဲဥအကာဖြစ်စေရန် ကူညီပေးပါသည်။

ဘဲငယ်များအတွက် အာဟာရပြည့်ဝစေသည့် အစာကျွေးနည်း 

  • ၁။ ဘဲငယ်များကို အစာကျွေးရာတွင် အစာနု(အစို/အခြောက်)ကို တစ်နေ့  ၄ ကြိမ်မှ ၆ ကြိမ်ထိ ကျွေးသင့်ပါသည်။ ဥမှပေါက်ပြီး ရက်သတ္တ ၂ ပတ်ထိ ဤသို့ကျွေးသင့်ပါသည်။
  • ၂။ ၂ ပတ်သားကျော်လာလျှင် အစာကျွေးချိန်တဖြည်းဖြည်း လျှော့သွားသင့်ပါသည်။တဖြည်းဖြည်း တစ်နေ့လျှင် ၂ကြိမ်ထိ ကျွေးသည့်စနစ်ရောက်အောင် လျှော့ချသွားသင့်ပါသည်။
  • ၃။ ဘဲငယ်စာတွင် ပရိုတင်း ၁၇% ၊ ဗီတာမင်ဘီ-၂ ၊ မဂ္ဂနိစ် နှင့် သတ္တုဓာတ်တို့လည်း ပိုမိုလိုအပ်ပါသည်။

ဘဲများအတွက်လိုအပ်သော အာဟာရဓာတ်များမှာ -

  • ၁။ ပရိုတင်းဓာတ်

            အာဟာရဓာတ်များအနေဖြင့် ဘဲငယ် ၃ ပတ်သားမတိုင်မီတွင် ပရိုတင်းဓာတ်သည် အစာ ၏ ၁၇% လိုအပ်သော်လည်း ၃ ပတ်သားထက်ကြီးလာလျှင် ၁၅ % သာ လိုအပ်ပါသည်။

  • ၂။ ဗီတာမင်အေဓာတ်

            ဗီတာမင်အေဓာတ်သည် ဘဲငယ် ၃ ပတ်သားအတွက် ၂၀၀၀ ယူနစ်လိုအပ်မည်ဖြစ်ပြီး မျိုးဘဲများအတွက်ဆို ၃၀၀၀ ယူနစ်လိုအပ်မည်ဖြစ်သည်။

  • ၃။ ကယ်လ်စီယမ်ဓာတ်

ကယ်လ်စီယမ်ဓာတ်အနေဖြင့် ဘဲငယ်များအတွက် ၁%၊ မျိုးဘဲများအတွက်ဆို ၂.၅% ခန့် လိုအပ်ပါသည်။

  • ၄။ သတ္တုဓာတ်

       သတ္တုဓာတ်(မီးစုန်းဓာတ်)ကိုမူ ဘဲငယ်အစာတွင် ၁.၆%၊ မျိုးဘဲများအတွက်ဆို ၁.၈% ခန့် လိုအပ်ပါသည်။

  • ၅။ မဂ္ဂနိစ်ဓာတ်

         မဂ္ဂနိစ်ဓာတ်ကို ဘဲငယ်များအတွက် အပုံတစ်သန်းတွင် ၆၀ ပုံခန့် ၊ မျိုးဘဲများအတွက် ၈၀ ပုံခန့်လိုအပ်ပါသည်။

  • ၆။ ဗီတာမင်ဘီဓာတ်

ဗီတာမင်ဘီကို ၃ ပတ်သားအောက်ဘဲငယ်များအတွက် အပုံတစ်သန်းလျှင် ၄ ပုံ၊ (၃) ပတ်အထက် ၆၀ ပုံ၊ မျိုးဘဲ များအတွက် ၄၀ ပုံလိုအပ်ပါသည်။

ပြောင်းပေါ်သောဒေသများတွင် ဘဲကြီးများအတွက် အစာနုကို ပုစွန် ၂ ဆ တိုးကျွေးပါ။ထို့ပြင် ဘဲကြီး ၁ ကောင်လျှင် ၃ အောင်စနှုန်းဖြင့် ညနေဘက်တွင် ပြောင်းစေ့ကျွေး သင့်ပါသည်။

ထိုသာမက ဘဲလတ်နှင့် ဘဲကြီးများကို အစာခြောက်လည်း ကျွေးနိုင်ပါသည်။ သို့ရာတွင် အစာများဆုံးရှုံးနိုင်သဖြင့် ရေနှင့် နယ်ကျွေးနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်