အစိမ်းရောင်လမ်း
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ

ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ

သင်တန်း တက်ရောက်ခွင့်ရရှိသူများအတွက် ဂုဏ်ယူပါတယ်ခင်ဗျာ..

ဇူလိုင်လ (၁၆)​ ရက်နေ့မှာ ဖွင့်မဲ့ သင်တန်း အမျိုးအစား (၃) ခု အတွက် တက်ရောက်ခွင့်ရရှိသူများ စာရင်းကို ပုံထဲမှာ ကြည့်ပေးပါဗျ။

 

စာရင်းပေးသွင်းသူများကို ကြေညာထားသော စည်းကမ်းချက်များအတိုင်း

  • အစိမ်းရောင်လမ်း စိုက်မွေးအပလီကေးရှင်းကို အသုံးပြုသူများနှင့်
  • မိမိကိုယ်ပိုင် Gmail ဖြင့် အချိန်မီ reply ပြန်ပို့ပေးနိုင်သူများကို ရွေးချယ်ထားတာ ဖြစ်ပါတယ်ခင်ဗျာ။

ယခုအတန်းတွင်  သင်တန်းတစ်ခုထက်ပို၍ စာရင်းသွင်းထားသူများကို သင်ခန်းစာများ အာရုံစိုက် လေ့လာနိုင်ရန်အတွက် ဇူလိုင်လတွင် သင်တန်းတစ်ခု တက်ရောက်ခွင့်ပေးထားပြီး အခြားသင်တန်းကို နောက်တစ်ကြိမ်တွင် တက်ရောက်နိုင်ရန် စီမံပေးထားပါတယ်ခင်ဗျ။

ကျန်ရှိနေသော စာရင်းပေးသွင်းသူများအတွက်လည်း ဆက်လက်စာရင်းပြုစုနေပါကြောင်းနှင့် စက်တင်ဘာလတွင် ဖွင့်မည့်သင်တန်းအတွက် စည်းကမ်းချက်များနှင့် အညီ ဆက်လက် ရွေးချယ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။

သင်တန်းတက်ရောက်ရန်အတွက် တက်ရောက်ပုံ အဆင့်ဆင့်ကို အစိမ်းရောင်လမ်း စိုက်မွေး အပလီကေးရှင်းထဲရှိ မြားနီနည်းပညာပေးရေး အဖွဲ့ မှာ ဆက်လက် တင်ပေးသွားမှာဖြစ်လို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားကြဖို့လည်း မမေ့ကြပါနဲ့ဦးခင်ဗျာ။

အစိမ်းရောင်လမ်းအား ရယူရန် - https://onelink.to/greenway

မြားနီနည်းပညာပေးရေး အဖွဲ့သို့ ဝင်ရောက်ရန် - https://greenwaymyanmar.com/group/55

မြားနီနည်းပညာပေးရေးအဖွဲ့သို့ ဝင်ရောက်နည်း ဗီဒီယို ကြည့်ရှုရန် - https://youtube.com/shorts/cFGrwQ0IOXE?si=0Etu_BeREVipHUSu 

မြားနီနည်းပညာပေးရေးအဖွဲ့၏ နည်းပညာဖြန့်ဖြူးနေသော အဖွဲ့များအတွင်းသို့ ဝင်ရောက်ရန်- https://linktr.ee/ewsktmm 

 

4
ဒေါ်ပြုံး ပြုံးအေး

ဒေါ်ပြုံး ပြုံးအေး

လွန်ခဲ့သော ၁ လ က

သင်တန်း တက်ရောက်ချင်ပါတယ်ရှင့်

mg bone

mg bone

လွန်ခဲ့သော ၁ လ က

ဘုန်းမြတ်ကြွယ် ပါခင်ဗျာ ဘုန်းမြတ်ကျော်မဟုတ်ပါ...

saw gay moo

saw gay moo

လွန်ခဲ့သော ၁ လ က

ကျနော်တက်ချင်ပါတယ်pls☺️😔

saw gay moo

saw gay moo

လွန်ခဲ့သော ၁ လ က

Hi

You

ဆက်စပ်ဆောင်းပါးများ

မြားနီနည်းပညာပေးရေးအဖွဲ့

အကြောင်းအရာ ပံ့ပိုးသူ

မြားနီနည်းပညာပေးရေးအဖွဲ့

မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။

ဆက်စပ်မေးခွန်းများ

ကျနော်မြေဩဇာပစ္စည်း အပင်စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ပစ္စည်းတေရောင်ူပါတယ်။ နွားချေးမြေဩဇာကို ပုံမှန် အခြောက် ရောင်းပါတယ်။ အသုံးပြုသူ customers တွေ ပိုပြိးထိထိရောက်ရောက်တစ်ခါတည်းအသုံးပြုလို့ရအောင်နွားချေးမြေဩဇာကို အဆွေးခံပြီး စီးပွားရေးဖြစ်ရောင်းလိုသောကြောင့် ဘယ်လိုပုံစံမျိုး အဆွေးခံပြီး ရောင်းချပါက အသုံးပြုသူတွေအတွက်အဆင်ပြေမည်းနည်း။ ‌နွားချေးဆွေးကိုဘယ်လို ကြာရှည်ခံအောင်ပြုလုပ်ရမည်နည်း။ကျေးဇူးပြု၍အသေးစိတ်လေးဖြေကြားပေးပါဗျ။ ကျေးဇူးတသ်ပါတယ် ခဗျ။

จูเนียร์ ร์ร์ • ဖြေကြားချက် 0 ခု

ဆရာမဂ်လာပါ🙏🙏🙏 ကျနော်ကန်စွန်းပင်လေးတွေ အစိမ်းလိုက်ညိုးနေလို့ပါဆရာ အပင်နုတ်ကြည့်တော့လည်း အမြစ်တွေကောင်းတယ်ဆရာ ဘာကြောင့်ညိုးရပါသလဲဆရာ ဘက်တီးရီးယားကြောင့်ညိုးတာလား မြေဆောင်မိူကြောင့်လားဆရာ ပိုးသက်ဆေးနဲ့အားဆေးတော့တွဲဖျန်းထားပါတယ် ၅ရက်မြောက်ရှိပါပြီ ရေ.၂၀လီတာကို Acetamiprid..5% (20)Cc Aminoacid..40%(20)Cc 15-15-30.......... 4ဇွန်းတွဲဖျန်းထားပါတယ် ဖျန်းပီ၅ရက်မြောက်မှာ ခုလိုပင်ညိုးလေးတွေတွေ့နေရလို့ပါဆရာ ဖြေကြားပေးပါအုံးနော်🙏🙏🙏

WaneBo • ဖြေကြားချက် 0 ခု

နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ

အုန်းကျော် • ဖြေကြားချက် 0 ခု

ခရမ်းသီးလုံးဖောက်ပိုးတွေ အရမ်းဆိုးနေလို့ ဆေးကောင်းကောင်းလေး လမ်းညွှန်ပေးပါအုံး ဆရာတို့

ကိုငြိမ်းဦး • ဖြေကြားချက် 0 ခု

မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။

အုန်းကျော် • ဖြေကြားချက် 0 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....