အစိမ်းရောင်လမ်း
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ

မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ

00:00
00:00

မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ

ပျိုးဘောင်နဲ့စိုက်ပျိုးတာဟာ

အမြင်အားဖြင့်ပဲ သပ်သပ်ရပ်ရပ်ရှိတာမဟုတ်ပါဘူး။

သီးနှံပင်တွေကို ပင်ကြား တန်းကြားနဲ့ သေချာစိုက်ပျိုးလို့ရသလို

စီမံခန့်ခွဲဖို့လည်း အတော်လေးကို လွယ်ကူအောင်လို့ပါ။

စီမံခန့်ခွဲတယ်ဆိုတဲ့နေရာမှာ

ဘောင်ကြားက လျှောက်လမ်းမှာ လူထိုင်လိုက်ရင် ဘယ်/ညာ (၂)ဖက်စလုံးကို လက်လှမ်းမီပါတယ်။

အပင်တန်းတွေကိုလည်း သေချာကြည့်လို့ရသလို ရေလောင်းတာ၊ လိုအပ်လို့ ဆေးဖျန်းတာနဲ့ ပေါင်းမြက်တွေကို နှိမ်နင်းတာလိုမျိုးတွေမှာ လွယ်လွယ်လေးနဲ့ လုပ်လို့ရပါတယ်။

နောက်တစ်ခု အရေးကြီးတာက ရေပါ။ ရေလောင်းတာ ရေသွင်းတာ လွယ်သလို မိုးရာသီလိုမျိုးစိုစွတ်နေတဲ့ ချိန်မှာ အပင်တွေမှာ အစိုဓာတ်တွေ အများကြီး ရနေခဲ့ရင် ရောဂါတွေ ဝင်တတ်ပါတယ်။ အမြစ်တွေပုပ်လာတတ်ပါတယ်။

ဘောင်ကြားထဲက မြောင်းက ရေထုတ်ဖို့အတွက်လည်း ဖြစ်သလို ရေဝင်ဖို့အတွက်လည်းဖြစ်ပါတယ်။

နောက် ဘောင်ပြင်တဲ့ချိန်မှာ ဘောင်ထဲကိုပဲ မြေဆွေးတို့ မြေဆီသြဇာတို့ ထည့်တာကြောင့်မို့လို့ တစ်ကွင်းလုံးကို ထည့်ထားတာမျိုးထက်တော့ ချွေတာနိုင်ပါသေးတယ်။

ပျိုးဘောင်တွေကလေ ရာသီတိုင်းမှာ လုပ်လိုက် ဖျက်လိုက်တော့ လုပ်စရာတော့မလိုပါဘူး။

မောင်နီတို့နည်းလမ်းကျတော့လေ ဘာစိုက်မလဲ စိုက်ချင်တဲ့ အပင်နဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲနိုင်အောင်လုပ်ထားပေးပါတယ်။

ဒါဆိုရင် မောင်နီတို့ အတိုင်း ဘောင်တွေကို ဘယ်လိုဖော်ရမလဲ?

စိုက်ဘောင်ဖော်မယ်ဆိုရင် စိုက်ခင်းရဲ့ အနေအထားကို သိထားဖို့တော့လိုပါတယ်။

စိုက်ခင်းက လျောစောက်လို စောင်းစောင်းလေးဖြစ်နေတယ်ဆိုရင် အဲ့လျောစောက်ကို ကန့်လန့်ဖြတ်ပြီးတော့ ဘောင်တွေကို ဖော်ရမှာဖြစ်ပါတယ်။ အရှေ့ကနေ အနောက်ဖက်ကို နိမ့်ဆင်းသွားတာမျိုးဆိုရင် ဘောင်ဆွဲရင် တောင်-မြောက် ကနေ ဆွဲရပါမယ်။ လှေကားထစ်လိုမျိုး သဘောပေါ့လေ

နေသွားရာလမ်းကြောင်းကိုလည်း ထည့်စဉ်းစားရမယ်။ ခရမ်းချဉ်လိုမျိုး သခွားလိုမျိုး ဆို အရိပ်တွေ မကျအောင် ဘောင်ကြားထဲ အကွာအဝေးတစ်ခုရှိသင့်တာလိုမျိုးပါ။

ဘာတွေလိုမလဲဆိုတော့

တိုင်းတာဖို့ အတွက် ပေကြိုး၊ ပလပ်စတစ်ကြိုးလိုမျိုး ပြီးတော့ မှတ်သားဖို့ ငုတ်တိုင်လေးတွေတော့ လိုအပ်ပါတယ်။

စံထားမဲ့ ဘေးတစ်ဖက်ကို ယူလိုက်မယ်။ အဲကနေ စပြီးတော့

မြောင်း - ဘောင်- မြောင်း - ဘောင် - မြောင်း - ဘောင်

အဲ့လိုသွားမှာကိုး၊ မြောင်းဆိုတာက လူသွားလမ်းလည်းဖြစ်ပါတယ်။

စိုက်ဘောင်ကို ပုံမှန်ကတော့ (၃) ပေအကျယ် ထားရမယ်။ မြောင်းက (၁)ပေခွဲ အကျယ် ထားရမယ်။ ဒါက ပုံမှန်ဟင်းသီးဟင်းရွက်တွေအတွက် အကျယ်။
မြေပြင်တွားသွားတဲ့ အပင်တွေအတွက်ကျတော့ ဘောင်တွေက (၃) ပေပါပဲ။ ဒါပေမဲ့ ဘောင်ကြားထဲက အကွာအဝေးကျတော့ (၆) ပေ ကနေ (၉) ပေ လောက်ခြားလို့ရတယ်။ ပြီးရင် ရေနုတ်မြောင်းထပ်လာမယ်။ အသေးစိတ်ကျတော့ စိုက်ပျိုးနည်းလမ်းမှာကြည့်ပြီးတော့ မြေပြင်လို့ရပါမယ်။

ပေကြိုးနဲ့ တိုင်း ငုတ်လေးတွေနဲ့ အမှတ်အသားလေးတွေ လုပ်သွားပြီးတော့ ဟိုဖက်ခြမ်းရော ဒီဖက်ခြမ်းရော ပြီးရင် (၂) ဖက်ကို တန်းနေအောင် ပလပ်စတစ် ကြိုးဆွဲပြီးတော့ ဘောင်တွေဖော်လိုက်လို့ရပါပြီ။ ထိပ် ၂ ဖက်စီမှာတော့ မြောင်းနေရာ ချန်ရမယ်နော်။

စိုက်ဘောင်အမြင့်ကို ဘယ်လောက်ထားသင့်လဲဆိုတော့

ခြောက်သွေ့တဲ့ ရာသီမျိုးမှာ (၈)လက်မကနေ (၁)ပေ ကို ထားလို့ရပါတယ်။

မိုးရာသီလိုမျိုး စိုစွတ်တယ်ဆိုရင်တော့ (၁) ပေကနေ (၁) ပေခွဲလောက်အထိ ထားရမှာဖြစ်ပါတယ်။

ဘောင်တွေဖော်ပြီးပြီဆိုရင် မြောင်းတွေကို လိုက်ပြီးတော့ မြေညှိဖို့ တော့ လိုပါလိမ့်မယ်။ ရေဆင်းဖို့ လိုတာကိုး…

ဘောင်ကတော့ ဖော်ပြီးပြီ ဆိုတော့ ဘောင်ထဲကို ဘာတွေထည့်ရမလဲ

ဘောင်ကတော့ အရှည်ဘယ်လောက်ရှိတယ် ဆိုတာက ကိုယ်စိုက်မဲ့ အခင်း အလျားအတိုင်း မူတည်တာပေါ့။ ဆိုတော့ အလျားက အရှည်ကြီးတော့ ဖြစ်ရင်ဖြစ်နေမယ်။ ကိစ္စမရှိ..

အလျားပေ (၆) ပေတိုင်းမှာ သဘာဝ မြေသြဇာ (၂) ပြည်ကို ဖြန့်ထည့်ပြီးတော့ ထွန်ခြစ်လေးနဲ့ ရောသမအောင်မွှေလိုက်။ သဘာဝမြေသြဇာဆိုတာက နွားချေးဆွေး၊ မြေချေးဆွေး နဲ့ တီကျစ်စာလိုမျိုး မြေသြဇာတွေကိုပြောတာပါ။

သဘာဝမြေသြဇာတွေက မြေကြီးအတွက်လည်းကောင်းတယ် အပင်အတွက်လည်းကောင်းတာမို့လို့ ရနိုင်တယ်ဆိုရင် များများထည့်ပေးတာ ပိုကောင်းပါတယ်။ ဘယ်လောက်ရနိုင်မလဲ ဆိုတာနဲ့ ချိန်ပြီးတော့ ထည့်နိုင်ပါတယ်။

အဲ့လိုဆိုရင်တော့ ပြင်ဆင်လို့ပြီးသွားတဲ့ အနေအထားလေးဖြစ်သွားပါပြီ။

ရွှေ့ပြောင်းစိုက်တော့မယ်ဆိုရင်တော့ (၆) ပေအလျားအရှည် ဘောင်မှာ

ကွန်ပေါင်း ဒါမှမဟုတ် ကွန်ပေါင်း မရရင် ပုလဲ၊ ပိုတက်၊ ဖော့စဖိတ် ကို ဟင်းစားဇွန်း (၄) ဇွန်းကနေ (၁၀) ဇွန်းစီ ကြဲပြီးတော့ ထွန်ခြစ်လေးနဲ့ သမအောင်မွှေပြီးတော့မှ စိုက်ပျိုးပါ။

ဓာတ်မြေသြဇာကို အများကြီးမသုံးတာက ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်သလို အဓိကကတော့ ငွေကုန်သက်သာတာပေါ့။ စိတ်မပူပါနဲ့အထွက်နှုန်းကိုလည်း မထိခိုက်ပဲ ထိရောက်အောင်ကျွေးလို့ရတဲ့ နည်းလမ်းတွေ အများကြီးပါ။

ကဲ ဘောင်တွေတော့ ပြင်လိုက်ကြပါဦး။

မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးဖြစ်ပါသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
မြားနီနည်းပညာပေးရေးအဖွဲ့

အကြောင်းအရာ ပံ့ပိုးသူ

မြားနီနည်းပညာပေးရေးအဖွဲ့

မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။

ဆက်စပ်မေးခွန်းများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....