ယခုလအတွင်း ပြည်တွင်းနှင့် အနီးဝန်းကျင် ငလျင်လှုပ်မှု ၁၃ ကြိမ်ထိရှိလာ

07/07/2022 12:52 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီနေ့ ဇူလိုင် ၇ ရက် မနက်ပိုင်းမှာတင် ပြည်တွင်းငလျင်နှစ်ခုထပ်လှုပ်ခဲ့ပြီး ယခုလအတွင်း ၇ ရက်မပြည့်ခင်မှာတင် ပြည်တွင်းနဲ့ အနီးဝန်းကျင် ငလျင်လှုပ်မှု ၁၃ ကြိမ်အထိရှိလာပြီဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ငလျင်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြုပြီး ၈ ကြိမ်၊ မြန်မာနိုင်ငံနဲ့အနီး ပြည်ပနေရာတွေမှာ လှုပ်ရှားမှု ၅ ကြိမ် အင်အားအနည်းငယ်ရှိငလျင်တွေ စုစုပေါင်း ၁၃ ကြိမ်ထိ လှုပ်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံး ၃ ရက်အတွင်းမှာတင် ငလျင်လှုပ်မှု ၇ ကြိမ်ထိ ရှိထားပြီး ပြည်တွင်း ငလျင် ၅ ကြိမ်နဲ့ ပြည်ပငလျင် ၂ ကြိမ်ဖြစ်ပါတယ်။

ဇူလိုင်လ ၁ ရက်မှ ဇူလိုင် ၇ ရက် လက်ရှိအချိန်ထိ လှုပ်ခဲ့သောငလျင်များ..

ငလျင် ၁ - ဇူလိုင်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၃)မိနစ်၊ (၄၇)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ) ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၂ - ဇူလိုင်လ (၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၃၁)မိနစ်၊ (၃၇)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (မိုင်းလား မြို့၏ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၃ - ဇူလိုင်လ (၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၅၆)မိနစ်၊ (၁၄)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (အောင်လံမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀) ခန့်အကွာ)၊ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၄ - ဇူလိုင်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၀၆)မိနစ်၊ (၂၅) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်

ငလျင် ၅ - ဇူလိုင်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၂၅)မိနစ်၊ (၁၉) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၆ - ဇူလိုင်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၁၈)မိနစ်၊ (၀၈) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၇ - ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၁)မိနစ်၊ (၃၁) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၈ - ဇူလိုင်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၉)မိနစ်၊ (၀၃) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (ရန်ကုန်မြို့(လှိုင်မြို့နယ်))၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်

ငလျင် ၉ - ဇူလိုင်လ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၅၉)မိနစ်၊ (၅၈)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံ ပြည်တွင်း (သရက်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၁) ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

ငလျင် ၁၀ - ဇူလိုင်လ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၃၁)မိနစ်၊ (၁၃)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၁၁ - ဇူလိုင်လ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၀၁)မိနစ်၊ (၄၀)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ မြောက်ဘက် (၅)မိုင်ခန့်အကွာ)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၁၂ - ဇူလိုင်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၆)နာရီ၊ (၅၃)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း (လင်းခေးမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)၊ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

ငလျင် ၁၃ - ဇူလိုင်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၂၈)မိနစ်၊ (၂၉) စက္ကန့်အချိန်တွင် ‌မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ အ‌ရှေ့-အရှေ့မြောက်ဘက် (၆)မိုင် ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်

Photo Crd- မိုး/ဇလ

ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ စိုးရိမ်စိတ်မလွန်ကဲကြဖို့အကြောင်းကိုတော့ အောက်ကလင့်မှာ ဝင်ရောက်ဖတ်နိုင်ပါတယ်။
https://bit.ly/3alUjKU
🙅‍♂️ စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလို့လည်း မရပါ။
🙅ကြောက်စရာမလိုဘူးဆိုပြီး အတင့်ရဲလို့လည်း မရပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်