“ကြက်များကို တရုတ်နံနံကျွေးပေးခြင်းဖြင့် ဥ ဥနှုန်းမြင့်မားလာနိုင်ခြင်း"

21/07/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြက်မွေးမြူသူ အများစုသည် ကြက်ကို တရုတ်နံနံကျွေးနိုင်ကြောင်း သိပ်မသိကြသေးပေ။ တရုတ်နံနံသည် ကောင်းမွန်သော ကြက်မွေးမြူရေး အစာတစ်မျိုးဖြစ်ပြီး ဗီတာမင်ဓါတ် အများအပြားပါဝင်ပါသည်။ ထို့ပြင် တရုတ်နံနံတွင် အမျှင်ဓါတ်ပါဝင်သောကြောင့် ကြက်၏ အစာအိမ် အရည် စိမ့်ထွက်မှုကို ကောင်းမွန်စေကာ အစာချေလွယ်ကူစေပြီး အာဟာရဓါတ် စုပ်ယူမှု ကောင်းမွန်စေသည်။

ထို့ကြောင့် မွေးမြူသူအများအပြားသည် ကြက်များအစာ စားရာတွင် အစာမကြေခြင်း၊ အစာ စားလိုစိတ်မရှိခြင်းများ ဖြစ်ပေါ်ပါက တရုတ်နံနံကို ကျွေးပေးလျက်ရှိကြကာ ကြက်ကို အစာစားလိုစိတ် ဖြစ်ပေါ်စေနိုင်သည်။

သို့သော် မွေးမြူသူများ မသိရှိကြသည်မှာ တရုတ်နံနံသင့်လျော်စွာ ကျွေးပေးပါက ဥ ထွက်နှုန်းလည်း မြှင့်တင်ပေးနိုင်ကြောင်းပင် ဖြစ်ပါသည်။

အသုံးပြုပုံမှာ -

() ကြက်ကို သာမန်အာနိသင် ကြက်စာကျွေးနေစဥ်မှာပင် တစ်ပတ်လျှင် (- ) ကြိမ် ကြက်ကို တရုတ်နံနံ ကျွေးပေးနိုင်ပါသည်။ တစ်ကြိမ်ကျွေးလျှင် ကြက်တစ်ကောင်၏ စားသုံးမှု ပမာဏမှာ (၄၀ – ၅၀) ဂရမ်ဖြစ်ပြီး အကောင်းဆုံးမှာ တရုတ်နံနံအရွက်နှင့် အကိုင်းကို နုတ်နုတ်စဥ်းကာ ပေါင်းစပ်ရောနှောကျွေးခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကြက်၏ အစာချေနိုင်စွမ်းကို မြှင့်တင်ကောင်းမွန်စေမည်ဖြစ်သည့်အပြင် ကြက်၏ အစာစားလိုစိတ်ကိုလည်း မြှင့်တင်ပေးနိင်မည်ဖြစ်သည်။

() တရုတ်နံနံအရည်ကို သောက်ရည်အဖြစ် တိုက်ကျွေးနိုင်ပါသည်။ သောက်လို့ကောင်းစေရန်အတွက် ရေထဲတွင် Glucose (ဂလူးကိုစ့်) အရည်များ ထည့်ပေးနိုင်ပါသည်။ ဤသို့အားဖြင့် ကြက်ကို ရေသောက်ခြင်းမှ တဆင့် အစာချေခြင်း ကောင်းမွန်စေနိုင်ပြီး မွေးမြူရေးစာအာဟာရ စုပ်ယူမှုကိုလည်း ကောင်းမွန်စေမည့်အပြင် ဥ ထွက်နှုန်းကို ၂၀ % ထိ မြှင့်တင်ပေးနိင်မည်ဖြစ်ကြောင်း သိရပါသည်။  

() မလတ်ဆတ်သော (သို့) ပုပ်သိုးသော တရုတ်နံနံများကျွေးခြင်းကို ရှောင်ကြဥ်ရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နံနံ၏ အကျိုးအာနိသင်မှာ ကြက်၏ အစာချေမှုနှင့် အာဟာရဓါတ်စုပ်ယူမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သောကြောင့် လတ်ဆတ်မှု မရှိသော ပုပ်ဆွေးနေသော တရုတ်နံနံကို စားသုံးမိပါက ကြက်၏ အာဟာရဓါတ်စုပ်ယူမှုနှင့် အစာချေနိုင်စွမ်းကို မမြှင့်တင်နိုင်သည့်အပြင် ကြက်ကို အစာစားလိုစိတ်မရှိစေခြင်း၊ ဝမ်းလျှော၊ အော့အန်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ဥ ထွက်နှုန်းမြှင့်တင်မှု မပြုလုပ်နိုင်သည့်အပြင် ကြက်များသေဆုံးခြင်းကိုလည်း ဖြစ်ပေါ်စေကြောင်း သိရပါသည်။

မှီးငြမ်း - ကိုမိုး၏ တိရစ္ဆာန်အစာကျွေးနည်း မှတ်စုများ။

ဦးဇော် (dof)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်