အစားအသောက်များကြောင့်နာမကျန်းဖြစ်ရခြင်းအကြောင်းရင်းနှင့် ကာကွယ်ရေးနည်းလမ်းများ

13/07/2023 15:21 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစားအစာမှ တဆင့်ဖြစ်ပွားသော ရောဂါလက္ခဏာများ

အစားအသောက်ကြောင့်ဖြစ်သော ရောဂါများသည် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အရေးပါသည့် စိုးရိမ်စရာ အခန်းကဏ္ဍတစ်ခု အဖြစ်ရှိနေပါသည်။ ဘေးကင်းလုံခြုံမှု မရှိသော အစားအသောက်သည် ကျန်းမာရေးကို ခြိမ်းခြောက်ရုံသာမက နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း နှောင့်နှေးစေသည့် အဓိကအကြောင်းရင်းဖြစ်ပါသည်။  အဏုဇီ၀ဆိုင်ရာအန္တရာယ်များသည် စားသုံးသူများအတွက် အစားအစာဘေးကင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ၊ နာမကျန်းမှုများကို ဖြစ်စေသော အဓိကအရာများ ဖြစ်ပါသည်။ အစားအစာကြောင့် ဖြစ်သော နာမကျန်းမှုများ သို့မဟုတ် အစာအဆိပ်သင့်ခြင်း ဆိုသည်မှာအစားအစာကို ထုတ်လုပ်နေစဉ်သော်လည်းကောင်း၊  ဘေးဖြစ်စေ နိုင်သော အဏုဇီ၀ပိုးများပါသော အစားအစာကို စားသုံးမိခြင်းသော်လည်းကောင်း၊ သူတို့မှ တစ်ဆင့်ထုတ်လုပ်သည့် အဆိပ်ပါသောအစားအစားကိုစားသုံးမိခြင်း သော်လည်းကောင်း၊ ဘေးဖြစ်စေသောပိုးမွှားများမှ စားသုံးသူ၏ ခန္ဓာကိုယ်ထဲတွင် ထုတ်လုပ်သော အဆိပ်ကြောင့် စားသုံးသူ နာမကျန်း ဖြစ်ခြင်းကို ဆိုလိုပါသည်။ ဖြစ်နိုင်သော လက္ခဏာများမှာ-

- ၀မ်းပျက်၀မ်းလျှော

- အစာအဆိပ်သင့်ခြင်း.                                       

မူးဝေခြင်း

- အော့အန်ခြင်း

ဖျားနာခြင်း

- ခေါင်းကိုက်ခြင်း

- အစာစားချင်စိတ်ကို လျော့နည်းစေခြင်း

- ကြွက်သားများ နာခြင်း

- ရေဓာတ်ခန်းခြောက်ခြင်း တို့ဖြစ်ပါသည်။

ကာကွယ်ရန်နည်းလမ်းများ

- ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များကို လိုက်နာခြင်း

ကောင်းမွန်သော တစ်ကိုယ်ရေသန့်ရှင်းမှုအလေ့အကျင့်များ ကျင့်သုံးခြင်း

- ယုံကြည်စိတ်ချရသော ရောင်းချသူထံမှ ၀ယ်ယူခြင်း

အစားအစာများကို သန့်ရှင်းစွာထားခြင်း

- အချက်ပြုတ်ရသေးသော အသားစိမ်း၊ ငါးစိမ်းများနှင့် ချက်ပြုတ်ပီး အစားအစာများ ကို ခွဲခြားထားခြင်း

- အစားအစာများကို ကျက်အောင် ချက်ပြုတ်ခြင်း

- သင့်တော်သော အပူချိန်တွင် သိမ်းဆည်းခြင်း

- သန့်ရှင်းသောရေ၊ လတ်ဆတ်သော ကုန်ကြမ်းများကို ရွေးချယ်ခြင်း

ဖြစ်ပွားနိုင်သော အခြေအနေ၊ အကြောင်းအရာများကို သတ်မှတ်ခွဲခြမ်း စိတ်ဖြာ မှတ်တမ်းတင်ခြင်း

 

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်