နှစ်သစ်မင်္ဂလာပါ

01/01/2019 00:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လာမဲ့ နှစ်သစ်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေကြသော တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးပညာရှင်များနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ ဆက်စပ်လျက်ရှိသူ မိသားစုဝင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း အစိမ်းရောင်လမ်း အဖွဲ့သားများမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

အစိမ်းရောင်လမ်းအဖွဲ့သားများအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ  အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ် အသုံးပြုသူတွေဆီကပေးတဲ့ တန်ဖိုးရှိတဲ့ အကြံပြုချက်တွေကို အကောင်ထည်ဖော်နိုင်ခဲ့တာဟာ အဖွဲ့သားတွေအတွက်တော့ ဝမ်းသာကြည်နူးစရာပါပဲ။ လာမဲ့၂၀၁၉ခုနှစ် မှာလည်း ကျန်နေသေးတဲ့ အကြံပြုချက်တွေကို ဦးစားပေးအစီအစဉ်တွေအတိုင်း ဆက်လက်လုပ်ဆောင်သွားရင်း အခုထက် ပိုမိုကောင်းမွန် အကျိုးပြုနိုင်တဲ့ လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားပါရစေ။ အခုလိုမျိုး အစိမ်းရောင်လမ်းကို အသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ  ပါဝင်ဖြည့်စွက်ခွင့်ပေးတဲ့အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

အသုံးပြုသူများအနေနဲ့ အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ် အသုံးပြုချိန်မှာ အဆင်မပြေတာတွေ ဖြစ်ပေါ်ခဲ့ရင်လည်း  အနူးအညွှတ်တောင်းပန်ပါတယ်။ 

တောင်သူများအတွက် 

အစိမ်းရောင်လမ်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်