သကြားဖြင့် ချက်လုပ်သည့် ထန်းလျက်အတုများကြောင့် စားသုံးသူများ အခက်ကြုံ

24/12/2018 10:24 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

"သဘာဝထန်းပင်ကရတဲ့ ထန်းရည်ချိုကို သစ်ခေါက်ခတ်ပြီးကျိုချက်တဲ့ ထန်းလျက် စစ်စစ်က အာဟာရပြည့်စေတယ်။ အခုတော့ ထန်းလျက်ကိုပါတယ်ဆိုရုံလေးထည့်၊ သကြား နဲ့ရောပြီး ပြန်ကျိုတဲ့ထန်းလျက်အတုက အစစ် ထက်ပိုပြီး အရောင်ဖြူတယ်။ နောက်ပြီး ထန်းလျက်အရောင်ဖြူအောင် ချွတ်ဆေးထည့် ထားတာတွေလည်းရှိတယ်။ ထန်းလျက်စစ်စစ် က မြန်မာ့တိုင်းရင်းဆေးဖော်စပ်ရာမှာ ကုန်ကြမ်း အဖြစ်ဆေးတစ်ဖုံပါတယ်။ သဘာဝထန်းပင် ကရတဲ့ ထန်းရည်ချိုနဲ့ဖော်စပ်မှ အာနိသင် ရှိတယ်" ဟု ၎င်းက ရှင်းပြသည်။

ထန်းလျက်စစ်စစ် တစ်ပိဿာ ပေါက် ဈေးမှာ ကျပ် ၁,၂၀ဝ မှ ၁,၃၀ဝ အထိ ရှိ သည်။ သကြားရောထန်းလျက်အတုဈေးမှာ တစ်ပိဿာကျပ် ၉၀ဝ မှ ကျပ် ၁,ဝ၀ဝ အထိ ပေါက်ဈေးရှိသည်။

အသေးစိတ်ဖတ်ရန် နှိပ်ပါ..


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်