ဆန် အတက်ဈေးမှာငြိမ်နေ၊ ကြက်သွန်နီဈေးများ ဆက်တိုက်ကျ

28/09/2022 15:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြင်ပငွေလဲလှယ်နှုန်း ကျဆင်းမှုနဲ့အတူ ကုန်စည်အချို့ ဈေးပြန်ကျလာပေမယ့် ဆန်ဈေးကတော့ တချို့ အမျိုးအစားတွေ မနေ့ကစလို့ ထပ်တက်လာသလို တက်ပြီးသားတွေကလည်း အတက်နဲ့ပဲ ငြိမ်နေ ပါတယ်။ တချို့အမျိုးအစားတွေတော့ အနည်းငယ်လေး ဈေးကျသွားပေမယ့် အများစုကတော့ အတက် ဈေးမှာပဲ ငြိမ်နေတာဖြစ်ပါတယ်။

 ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းက တစ်ပိဿာ အမြင့်ဆုံးဈေး ၃၅၀၀ ကျပ်ထိ ရောက်သွားတဲ့ ကြက်သွန်နီကတော့ အခုလဆန်းမှာ ကျပ် ၃၂၅၀ ထိ ရောက်သွားခဲ့သလို ဒီနေ့ စက်တင်ဘာ ၂၈ ရက်မှာတော့ ၂၇၅၀ ကျပ်ထိ ပြန်ကျသွားပြီဖြစ်ပါတယ်။

အခု စက်တင်ဘာ လဆန်း ရန်ကုန်ဘုရင့်နောက်ဈေးကွက် ဆန်ဈေး၊ ကြက်သွန်နီဈေးတွေနဲ့ ဒီနေ့ စက်တင်ဘာ ၂၈ ရက် ဈေးတွေကို ဇယားကွက်မှာ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။

ဆန်ဈေးတွေက တစ်တင်းခွဲ (၁.၅ တင်း) တစ်အိတ် ဈေးတွေဖြစ်ပြီး ကြက်သွန်နီကတော့ တစ်ပိဿာ ဈေးနှုန်းတွေ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ မိုးနည်းပြီး စပါးအစိုက်ကျဆင်းခဲ့တဲ့အတွက် အစိုးရက ပြည်ပဆန်တင်ပို့မှု ကို ပိတ်ပင်လိုက်ပြီးနောက် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စတဲ့ ဆန်အဓိကတင်ပို့ရာနိုင်ငံတွေမှာ ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ ကုန်သည်နဲ့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းမှုတွေ ပြုလုပ်ထားပါတယ်။

ဆန်(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်