အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လူမှုမီဒီယာဆိုတာ..

လူမှုမီဒီယာဆိုတာ..

Okkar
Okkar • 08/04/2023

 

ယနေ့ခေတ်အချိန်မှာ လူတိုင်းရဲ့လက်ထဲမှာ ခေတ်မီမိုဘိုင်းဖုန်းများကိုင်ဆောင်နေကြပါပြီ။ မိုဘိုင်းဖုန်း ကိုဆက်သွယ်ရေးအပြင် အခြားသောလုပ်ဆောင်မှုများလုပ်ဆောင်ရန်အတွက်လည်း အသုံးပြုနေကြပါတယ်။ 

လူတွေရဲ့ တကိုယ်ရည်နေ့စဉ်ဘဝမှာ မိုဘိုင်းဖုန်းသည်မရှိမဖြစ်သော အရာတခုအဖြစ်သို့ ပြောင်းလဲလာနေပါပြီ။ မိုဘိုင်းဖုန်းထဲမှာ ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ လူမှုမီဒီယာ(Social Media) အကြောင်းကို မျှဝေပေးချင်ပါတယ်။

လူမှုမီဒီယာ(Social Media) ဆိုတာက သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေ၊ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေနဲ့ အကြံဉာဏ်တွေကို အခြားသောသုံးစွဲသူများနှင့် မျှဝေခြင်း၊ ဖလှယ်ခြင်းများပြုလုပ်နိုင်သောနေရာများဖြစ်ပါတယ်။ လူမှုမီဒီယာ(Social Media)များကို မိုဘိုင်းဖုန်းများအတွင်းရှိ လူမှုမီဒီယာဆော့ဝဲလ်များဖြင့်လည်းကောင်း၊ ကိုယ်ပိုင်ကွန်ပြူတာများ၊ လက်ပ်တော့များအတွင်းရှိ လူမှုမီဒီယာဆော့ဝဲလ်များဖြင့်လည်းကောင်း အသုံးပြုနိုင်ပါတယ်။(အင်တာနက်လေးချိတ်ဆက်ထားဖို့တော့လိုတာပေါ့နော်။)

လူမှုမီဒီယာ(Social Media) တွေက သုံးစွဲသူများအချင်းချင်း ဆက်သွယ်ခြင်း၊ ကွန်ရက်ချိတ်ဆက်ခြင်းနှင့် လူမှုအသိုက်အဝန်းများဖန်တီးခြင်းတို့ကို အလွယ်တကူလုပ်ဆောင်နိုင်အောင် ဖန်တီးပေးထားပါတယ်။

လူမှုမီဒီယာ(Social Media) ကို ရည်ရွယ်ချက်များစွာအတွက် အသုံးပြုနိုင်တယ်။

ဆက်သွယ်ရေး - လူမှုမီဒီယာ(Social Media) အင်တာနက်ချိတ်ဆက်ထားသည့်နေရာအားလုံးကို အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်စေသည်။

သတင်းအချက်အလက်မျှဝေခြင်း - လူမှုမီဒီယာ(Social Media) သည် အသုံးပြုသူများအား နေ့စဉ်ဖြစ်ပေါ်နေသောအကြောင်းအရာများကို အချိန်နှင့်တပြေးညီမျှဝေခြင်းနှင့် ရှာဖွေခြင်းများကို ပြုလုပ်နိုင်သည်။

ဈေးကွက်ရှာဖွေခြင်း - လူမှုမီဒီယာ(Social Media) သည် ယနေ့ခေတ်တွင် ကုန်ပစ္စည်းများရောင်းချခြင်း၊ အခြားသူများကို ဝန်ဆောင်မှုပေးသောလုပ်ငန်းများလုပ်ကိုင်ခြင်း၊ ဈေးကွက်စီးပွားရေးနှင့်ပတ်သက်သော အကြံဉာဏ်များရယူခြင်း မျှဝေခြင်း၊ မိမိ၏စီးပွားရေးရပ်ဝန်းကိုချဲ့ထွင်ခြင်းများကို ထိရောက်စွာလုပ်ဆောင်နိုင်သည်။

ဖျော်ဖြေရေး - လူမှုမီဒီယာ(Social Media) တွင်အသုံးပြုသူများအတွက် ဗီဒီယိုများ၊ ဟာသများ၊ စာအုပ်များနှင့် ဂိမ်းများ စသောဖျော်ဖြေရေးမျိုးစုံ ရှိနေသည်။

ပညာရေး- လူမှုမီဒီယာ(Social Media) ကိုအသုံပြု၍ လေ့လာနေသောပညာရပ်အလိုက် သင်ခန်းစာများ ရှာဖွေခြင်း၊ သင်ယူခြင်းနှင့် ပြန်လည်မျှဝေခြင်းကို ထိရောက်စွာလုပ်ဆောင်နိုင်သည်။

လူမှုမီဒီယာ(Social Media) များတွင်...

  • ၁။ လူမှုကွန်ယက်ဝက်ဘ်ဆိုက်များ (ဥပမာ - Facebook, Linkedln, Twitter,)
  • ၂။ ဗီဒီယိုမျှဝေသောဝက်ဘ်ဆိုက်များ (ဥပမာ - YouTube, TikTok , Vimeo)
  • ၃။ ဓာတ်ပုံမျှဝေသောဝက်ဘ်ဆိုက်များ (ဥပမာ - Instagram, Flickr, Snapchat)
  • ၄။ဆွေးနွေးမှုဝက်ဘ်ဆိုက်များ (ဥပမာ - Reddit, Quora )
  • ၅။ တိုက်ရိုက်ထုတ်လွှင့်သောဝက်ဘ်ဆိုက်များ (ဥပမာ - Facebook live, Twitch, Bigo Live)

စသည်ဖြင့် ပုံစံမျိုးစုံရှိပါတယ်။

လူမှုမီဒီယာ(Social Media) ကို အသုံးပြုသူတဉီးချင်းနှင့်အသိုင်းအဝန်းများအတွက် အကျိုးများစွာ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ လူမှုမီဒီယာ(Social Media) တွင် သတင်းအတုနှင့်သတင်းမှားများပျံနှံ့ခြင်း၊ အွန်လိုင်းအနိုင်ကျင့်မှုများနှင့်တကိုယ်ရည်နှောက်ယှက်ခြင်းများ၊ လူမှုမီဒီယာကိုအသုံးပြု၍ငွေကြေးလိမ်လည်ခြင်း၊ လူမှုမီဒီယာစွဲလမ်းခြင်းနှင့် စိတ်ကျန်းမာရေးပြဿနာများ စသောစိန်ခေါ်မှုများသည် သုံးစွဲသူများအပေါ်တွင် သက်ရောက်မှုများရှိနေပါတယ်။

အဲ့ဒါတွေကြောင့် လူမှုမီဒီယာ(Social Media) ကို တကိုယ်ရည်အသုံးပြုနေသူများပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ဆောင်နေသူများအနေနဲ့ဖြစ်ဖြစ်၊ လူမှုမီဒီယာကျင့်ဝတ်များကိုလိုက်နာပြီး အသုံးပြုရန်လိုအပ်ပါတယ်။

ဒါ့အပြင် လူမှုမီဒီယာ(Social Media) သုံးစွဲသူများအနေဖြင့်မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း သတိပြုဖို့အကြံပေးလိုပါတယ်။

ယနေ့ခေတ်ကာလတွင် လူမှုမီဒီယာ(Social Media)သည် အသုံးပြုသူများအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဆက်သွယ်ရေး စသော ကဏ္ဍအသီးသီးတွင် အလွန်အစွမ်းထက်ပြီး အထောက်အကူပြုသော နေရာတခုဖြစ်လာသည်။ ထို့ပြင် အသစ်သစ်သော လူမှုမီဒီယာဝက်ဘ်ဆိုက်များ၊ ပလက်ဖောင်းများလည်း ထွက်ပေါ်နေသည်။

ဥပမာ - Greenovator မှ ဖန်တီးထားသော အစိမ်းရောင်လမ်း(Greenway) ကဲ့သို့စိုက်ပျိုး/မွေးမြူရေးသုံးဆော့ဝဲလ်သည် စိုက်ပျိုး၊မွေးမြူရေးလုပ်ကိုင်သူများအတွက် အလွန်အသုံးဝင်သောလူမှုမီဒီယာဖြစ်သည်။ ထိုကဲ့သို့ လူမှုမီဒီယာ(Social Media)များ အသုံးပြုမှုကျယ်ပြန့်ပြီးလာသည်နှင့်အတူ ကောင်းကျိုးများအပြင် ဆိုးကျိုးများလည်း တွဲရက်ပါလာသည်ကို အမြဲသတိရှိရန်လိုအပ်ပါကြောင်းမျှဝေလိုက်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ကျော်ဌေး

ကျော်ဌေး

လွန်ခဲ့သော ၃ နှစ် က

အသုံးတည့်ပါတယ်ခင်ဗျအမှန်တစ်ကယ်စာထဲပါသလိုလုပ်ပေးရင်ကျတော်တို့နိုင်ငံဟာငါးနှစ်အတွင်းစီးပွါးရေးပြန်လယ်ဥိးမော့လာနိုင်သည်

You

ဆက်စပ်မေးခွန်းများ

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Aung Myo Oo • ဖြေကြားချက် 0 ခု

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

wai phyo naing • ဖြေကြားချက် 0 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

Phyo Zaw Hein • ဖြေကြားချက် 3 ခု

မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား

Sawsamson • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။