အက်ဆစ်ဓာတ်ပါဝင်မှုနည်းတဲ့နှမ်းရဖို့ ဒါတွေကိုသတိထားလုပ်ဆောင်ပါ

04/10/2021 12:14 PM တွင် U Aye Naing U Aye Naing မှ ရေးသား

    စိုက်ပျိုး၍ ထွက်ရှိလာသော နှမ်းစေ့များ၏အရည်အသွေးသည် ရိတ်သိမ်းပြီးနောက်ပိုင်း နှမ်းပုံခြင်း၊ နှမ်းထောင်ခြင်းနှင့် နှမ်းခါခြင်းလုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်မှုအပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။ ရိတ်သိမ်းပြီးနှမ်းပင်များကို ပုံရာတွင် နှမ်းပင်၏အဖျားပိုင်းကို အလယ်ဘက်မှာထားပြီး အဖျားဘက်များကို ထိပ်ဆိုင်စေ၍ ညီညာစွာပုံရပါမည်။ နှမ်းပုံထားခြင်းကို တစ်ညအိပ် ၂ ရက်ခန့်သာပုံထားသင့်ပါသည်။ ၂ ရက်ထက်ပို၍ ပုံထားပါက နှမ်းပုံအတွင်းအစိုဓာတ်နှင့် အောင်းပူများကြောင့် မှိုပါဝင်မှုများလာ၍ နှမ်းစေ့အရည်အသွေးများကျဆင်းတတ်ပါသည်။ အက်စစ်ဓာတ် (FFA-Free Fatty Acid) ပါဝင်မှုများလာတတ်ပါသည်။ နှမ်းကို ၂ ရက်ခန့်ပုံထားပြီးနောက် နှမ်းပင်များကို ထွာဆိုင်ခန့်စည်းပြီး ဖိုခလောက်ဆိုင်ပုံစံ နှမ်းထောင်ရပါမည်။ နှမ်းပုံခြင်းကို ၄-၅ ရက်ကြာထားပါက နှမ်းအထွက်နှုန်းကို ထိခိုက်ခြင်းနှင့် နှမ်းစေ့အရည်အသွေးညံ့ဖျင်းသွားသောကြောင့် ဝင်ငွေကို ထိခိုက်နိုင်ပါသည်။ 

    ယခုအခါ နှမ်းဝယ်ယူကြရာတွင် နှမ်းတွင်ပါသော အက်စစ်ပမာဏကို တိုင်းတာခြင်းနှင့် နှမ်း၏အရည်အသွေးကောင်းမှု မကောင်းမှုပေါ်မူတည်၍ အဆင့်အတန်းများသတ်မှတ်၍ ဝယ်ယူခြင်းများရှိလာပါသည်။ ဥပမာ- ထိပ်စ (အဆင့် A) ကိုသတ်မှတ်ဝယ်ယူရာတွင် အောက်ပါအချက်အလက်များနှင့် ကိုက်ညီရမည်ဖြစ်ပါသည်။

၁. နှမ်းလုံးနှမ်းသားကောင်းမွန်ရမည်။

၂. အက်စစ်ပါဝင်မှု (Free Fatty Acid) အနေဖြင့် ၂ % အတွင်းဖြစ်ရမည်။

၃. ဓာတုဓာတ်ကြွင်းပါဝင်မှုမရိစေရေး

၄. ဖုန်၊ သဲ၊ ခဲ ပါဝင်မှု မရှိစေရ

၅. အဖျင်းအမှော်ပါဝင်မှုမရှိစေရ

၆. မကောင်းသောအနံ့မရှိစေရ

၇. မှိုစွဲနေသော နှမ်းများမပါဝင်စေရ

၈. မျိုးကွဲ၊ အခြားအရောင်ကွဲများ မပါဝင်စေရ

၉. နှမ်းဟောင်းများ မပါဝင်စေရ

၁၀. အစိုဓာတ်ပါဝင်မှု ၆% အောက်ဖြစ်ရမည်။

    အဆင့် (B) ကိုသတ်မှတ်ရာတွင် မျိုးကွဲ၊ အခြားအရောင်ကွဲများ ၆% အောက်ဖြစ်ရမည်ဟုသတ်မှတ်သည်မှလွဲ၍ ကျန်အချက်အလက်များသည် (အဆင့် A) အတိုင်းဖြစ်ပါသည်။ ထို့အတူ (အဆင့် C) ကိုသတ်မှတ်ရာတွင်လည်း အက်စစ်ပါဝင်မှု (၃%) ဖြစ်ရမည်ဟု သတ်မှတ်ထားပြီး မျိုးကွဲ၊ အခြားအရောင်ကွဲပါဝင်မှုကိုမူ (၁၀%) အောက်ဖြစ်ရမည်ဟုသတ်မှတ်ပြီး ကျန်အချက်အလက်များမှာ (အဆင့် A) အတိုင်းဖြစ်ပါသည်။

    အက်စစ်ပါဝင်မှုနှင့် နှမ်းအရည်အသွေးကောင်းမှု မကောင်းမှုပေါ်မူတည်၍ ဝယ်ယူနေသဖြင့် နှမ်းအရည်အသွေးကောင်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် တောင်သူများအနေဖြင့် နှမ်းသီးနှံကို “စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ” ဖြင့် စိုက်ပျိုးသင့်ပြီး စနစ်တကျရိတ်သိမ်းအခြောက်ခံသင့်သည်ဖြစ်ကြောင်း တိုက်တွန်းလိုက်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်