အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကုန်ကျစရိတ်သက်သာစွာနဲ့ ရေပေးသွင်းနိုင်မယ့် Agrosolarရဲ့ ဆိုလာရေပန့်

ကုန်ကျစရိတ်သက်သာစွာနဲ့ ရေပေးသွင်းနိုင်မယ့် Agrosolarရဲ့ ဆိုလာရေပန့်

Green Way
Green Way • 09/01/2024

(ကြော်ငြာဆောင်းပါး)

သီးနှံတွေစိုက်ပျိုးအောင်မြင်ဖို့ မြေ၊ ရေ၊ လေ၊ ရာသီဥတု အပေါ်မူတည်ပါတယ်။ ၎င်းသုံးမျိုးထဲကမှ အရေးကြီးဆုံးကတော့ မြေဆီလွှာဖြစ်ပြီး၊ မြေဆီလွှာပြီးရင်တော့ အရေးကြီးဆုံးက ရေဖြစ်ပါတယ်။  

သီးနှံပင်များတွင် အပင်ပိုင်းကြီးထွားမှုအဆင့်၊ အသီးအပွင့်ပိုင်း ကြီးထွားမှုအဆင့်၊ ရင့်မှည့်မှုအဆင့် ဆိုပြီးရှိပါတယ်။

အဆင့်တိုင်းအဆင့်တိုင်းမှာ ရေလိုအပ်မှုက အရေးကြီးပြီး ရေလိုအပ်မှုအများဆုံးကတော့ အသီးအပွင့်ပိုင်း ကြီးထွားမှုအဆင့်ဖြစ်ပါတယ်။

ထည့်သွင်းလိုက်သော ဓာတ်မြေသြဇာများ ဓာတ်ပြုပြီး အပင်များ စားသုံးနိုင်သော ပုံစံပြောင်းလဲပေးနိုင်ရန်  ရေဟာ မရှိမဖြစ်ပါ။  ဂေဟစနစ်ပေါ်မူတည်ပြီး နေရာဒေသတစ်ခုနှင့် တစ်ခု သဘာဝမိုးရေရရှိမှု မတူညီနိုင်ကြပါ။ ထို့ကြောင့် အချို့သော နေရာများတွင် သီးနှံစိုက်ခင်းများ၏ ရေလိုအပ်မှုသည် မိုးရေဖြင့် မလုံလောက်နိုင်သောကြောင့် ရေတွင်းမှ ရေပေးသွင်းခြင်းဖြင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြပါတယ်။  

တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းတွေမှာ သီးနှံပင်တွေ ရေလိုအပ်ချိန်တိုင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ရေပေးသွင်းနိုင်မယ့်ပစ္စည်းရှာဖွေနေတယ်ဆိုရင်တော့  Agrosolar ရှိပါတယ်.....

 

Agrosolar မှာ အပေါ်ဆွဲရေတင်စက်နှင့် ရေမြုပ်ပန့်ဆိုတဲ့ model ၂ မျိုးရှိပါတယ်။

  • အပေါ်ဆွဲ ရေတင်စက်မှာ ရေထွက် ၂လက်မ၊ အနက် ၂၆ ပေ နှင့် ရေထွက် ၃ လက်မ၊ အနက် ၂၆ ပေ ဝန်းကျင် ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်။
  • ရေမြုပ်ပန့်မှာတော့ စုစုပေါင်း အမျိုးအစား ၆ မျိုး ရှိပြီး ရေထွက် ၁.၅ လက်မ မှ ရေထွက် ၃ လက်မ ထိရှိပြီး အနက် ၂၂၀ ပေ ထိရှိပါတယ်။

ဆိုလာရေပန့်ကို အသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကတော့ 

  • ဆီဖိုးမကုန်တော့  ကုန်ကျစရိတ်သက်သာခြင်း
  • ဆိုလာမှာ ၁၀ နှစ် အာမခံရှိတဲ့အတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်း
  • အခမဲ့ ပို့ဆောင်တပ်ဆင်ပေးခြင်းတို့ပဲဖြစ်ပါတယ်။

ဆိုတော့ .. ကုန်ကျစရိတ်လျှော့ချပြီး အမြတ်များများ ကျန်ဖို့ Agrosolar ရဲ့ ဆိုလာရေပန့်များ သုံးကြပါစို့

ဆိုလာရေပန့်များကို  ဝယ်ယူချင်တယ်ဆိုလျှင်ဖြင့် ၀၉၇၅၅၇၀၅၅၆၇၊ ၀၉ ၄၄၂၆၂၇၈၅၁ သို့   ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်

 

myo

myo

လွန်ခဲ့သော ၁ လ က

hi

မင်းဇော်

မင်းဇော်

လွန်ခဲ့သော ၁ နှစ် က

ရေတွင်းအကျယ်၃လက်မအနက်ပေ၁၅၀ရှိတွင်းအတွက်သုံးရန်စျေးနှုန်းပြောပါအုံး

Kyaw kyaw

Kyaw kyaw

လွန်ခဲ့သော ၂ နှစ် က

ရေထွက် ၂လက်မ အများဆုံးအနက်ပေ ၃၀၀ ကုန်ကျမှူ ဘယ်လောက်ရှိနိုင်လဲ အာမခံ ဘယ်လောက်ပေးထားလဲ သိချင်ပါတယ်

ko kyaw Aung

ko kyaw Aung

လွန်ခဲ့သော ၂ နှစ် က

ဈေးနှုန်းတွေ သိချင်ပါတယ်

Agros

Agros

လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့ရှင့် ရေတွင်းရဲ့ အကျယ်နဲ့ အနက်ပေါ်မှာမူတည်ပြီးတော့ ဈေးနှုန်း 20ကျော်မှ 50ကျော်ထိ ရှိပါတယ်ရှင့်

You

ဆက်စပ်မေးခွန်းများ

ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ

JohnSaw • ဖြေကြားချက် 3 ခု

"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ

Kyaw Aye • ဖြေကြားချက် 3 ခု

ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ

U Than Toe Aung • ဖြေကြားချက် 3 ခု

ဆရာတို့ခင်ဗျားပျိုးပင်များနှုပ်ရလွယ်ကူအောင်မနှုပ်ခင်ဘယ်လိုဆောင်ရမလဲဖြေပေးပါဦးဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး

ko zaw • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။