တောင်သူလယ်သမားများသို့ အသိပေးကြေညာခြင်း

06/09/2019 17:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေပေးဝေးနိုင်ရေး ရည်ရွယ်တည်ဆောက်ထားသည့် ရေလှောင်တမံများတွင် ယခုနှစ်မိုးရာသီ၌ ရေဝင်ရောက်မှု နည်းပါးလျက်ရှိပြီး အထူးသဖြင့် စိုက်ပျိုးရေးပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ပါ တွဲဖက်ထုတ်လုပ်လျက်ရှိသော သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီး၊ မြို့ကြီး စသည့် ဘက်စုံရေလှောင်တမံကြီးများတွင် တမံအတွင်း ရေလှောင်ပမာဏများမှာ ယခင်နှစ်ကာလတူ ပမာဏများနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်းလျက်ရှိပါသည်။ အဆိုပါ ရေလှောင်တမံကြီးများမှာ လက်ရှိတွင် မိုးစပါးစိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ဒေသတွင် သောက်သုံးရေလည်း လိုအပ်သလို ပေးဝေရလျက်ရှိပါသည်။

   ဤကဲ့သို့ ရေလှောင်ပမာဏများ လျော့နည်းနေမှုအခြေအနေများအရ မိုးကောင်းသောက် ဧရိယာမဟုတ်သော ဒေသများတွင် မိုးစပါးစိုက်ပျိုးရေပေးဝေရသည့် ရေလှောင်တမံများအနေဖြင့် နှစ်စဉ်လျာထားစိုက်ပျိုးသည့် မိုးစပါးစိုက်ဧကများအပေါ်တွင် စိုက်ပျိုးရေကို အထူးခြိုးခြံချွေတာပြီး အလေအလွင့်မရှိ အနည်းဆုံးပမာဏဖြင့် ပေးဝေနိုင်ရန်အတွက် စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ ရေသောက်တောင်သူများနှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။

   မိုးစပါးအောင်ရေအထိ စိုက်ပျိုးရေးပေးဝေပြီးနောက်တွင် တမံအတွင်း ကျန်ရှိသိုလှောင်ရေပမာဏအပေါ် မူတည်၍ ဒေသသောက်သုံးရေလိုအပ်ချက်ကို ဦးစားပေးလျာထားပြီးမှ နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုးရေပေးဝေမည့် ဧကများကို လျာထားစီမံသွားရမည်ဖြစ်ပါသည်။

   မိုးစပါးစိုက်ပျိုးရေပေးဝေနေသည့် ရေလှောင်တမံများတွင် ယခုလက်ရှိ ရေဝင်ရောက်မှုလျော့နည်းနေသည့် အခြေအနေအရ စိုက်ပျိုးရေရယူသုံးစွဲလျက်ရှိသော တောင်သူလယ်သမားများအနေဖြင့် ဆည်ရေကို အထူးခြိုးခြံချွေတာပြီး အလေအလွင့်မရှိအောင် ရယူသုံးစွဲကြရန်၊ ရေသောက်တောင်သူအချင်းချင်း၊ ညီညွတ်မျှတသည့်စိတ်ဓာတ်ဖြင့် ဌာနမှသတ်မှတ်ထားသည့် ရေလှည့်ဇယားများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေအခက်အခဲများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသရှိ ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများနှင့်ဆက်သွယ်ပြီး ညှိနှိုင်းစီမံဆောင်ရွက်ကြရန် ဖြစ်ပါသည်။

   ယခုမိုးရာသီအကုန်၌ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုနှင့် သိုလှောင်ထားနိုင်မှု အခြေအနေများအပေါ် မူတည်၍ နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးရာသီတွင် ရေလိုအပ်ချက်နည်းသော သီးနှံပုံစံအတွဲကို ပြောင်းလဲစိုက်ပျိုးရန်လိုအပ်လာပါက တောင်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေး စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်