ကန္တာရနှံကောင် (ကန္တာရကျိုင်းကောင်) စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်

30/07/2020 14:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၉) ရက်။ အိန္ဒိယ − ပါကစ္စတန်နယ်စပ်တစ်လျှောက်တွင် ကန္တာရနှံကောင် (ကန္တာရ ကျိုင်းကောင်) အုပ်များ ဥအုလျက်ရှိနေ 

    အနောက်တောင်အာရှ − အိန္ဒိယ − ပါကစ္စတန်နယ်စပ်နှစ်ဖက်စလုံးတွင် နွေရာသီသားပေါက်ခြင်း စတင်နေပါသည်။ အိန္ဒိယနိုင်ငံ၊ ဂျော့ပါးပြည်နယ်နှင့် ချူရူပြည်နယ်အကြားရှိ ရာဂျက်စ်သန်ပြည်နယ်ဧရိယာအနှံ့တွင် မြောက်မြားစွာသော အရွယ်ရောက်ကောင်အုပ်စုကြီးများနှင့် အုပ်စုငယ်များသည် ဥအုလျက်ရှိကြပြီး အစောပိုင်းက အုထားသောဥများမှ အကောင်ပေါက်ခြင်းနှင့် ပိုးမမည်အုပ်စုငယ်စတင်ဖြစ်ပေါ်ခြင်းကို တောင်ဖက်ရှိ ဖာလိုဒီပြည်နယ်မှ ဂူဂျာရက်ပြည်နယ်အထိ နောက်ထပ်တွေ့ရှိရပါသည်။ ပါကစ္စတန်နိုင်ငံ၊ ဆင်းပြည်နယ် အရှေ့တောင်ဖက်ရှိ သာကာပါမှ နာဂါပါကာဧရိယာတွင် ပိုးမမည်အုပ်စုကြီးများနှင့် အုပ်စုငယ်များ တည်ရှိနေပါသည်။ မကြာခင်ဥအုတော့မည့် အရွယ်ရောက်ကောင်အုပ်စုများသည် ချိုလစ်စ်တန်ပြည်နယ်တစ်လျှောက်နှင့် သာကာပါ ပြည်နယ်၏ အခြားအပိုင်းများသို့ ပျံ့နှံ့လျက်ရှိကြသည်။ အီရန်နိုင်ငံတွင် ကန္တာရနှံကောင်အရေအတွက်ကျဆင်းပြီးဖြစ်ကာ အခြေအနေများ တိုးတက်ပြီးဖြစ်ပါသည်။ နိုင်ငံအားလုံးတွင် စစ်တမ်းကောက်ယူခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ တိုးတက်နေပါသည်။

    အရှေ့အာဖရိက − နွေဦးသားပေါက်ကန္တာရနှံကောင်အုပ်များသည် မြောက်ဖက်မှ နွေရာသီသားပေါက်ဧရိယာများသို့ ရွှေ့ပြောင်းလျက်ရှိသည်။ ကင်ညာနိုင်ငံတွင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် အီသီယိုပီးယားနိုင်ငံသို့ ဝင်ရောက်နေသောကြောင့် အနောက်မြောက်ဖက်တွင် အရွယ်မရောက်သေးသော ကန္တာရနှံကောင်အုပ်များ သိသာစွာ ကျဆင်းလျက်ရှိသည်။ သို့သော်ငြားလည်း ဆမ်ဘူရူပြည်နယ်၏ အစိတ်အပိုင်းများနှင့် ယုဂန္ဓာနိုင်ငံ နယ်စပ်အနီးရှိ တာကာနာပြည်နယ်တို့တွင် အချို့ကန္တာရနှံကောင်အုပ်များ ရှိနေဆဲဖြစ်သည်။ အီသီယိုပီးယားနိုင်ငံတွင် အရွယ်မရောက်သေးသော ကန္တာရနှံကောင်အုပ်များသည် အဓိကအားဖြင့် ဆိုမာလီနယ်တွင်ရှိနေကြပြီး အေဖာပြည်နယ်၊ အမ်ဟာရာပြည်နယ်နှင့် တစ်ဂရေးပြည်နယ်တို့တွင် အတွေ့ရနည်းပါသည်။ ဆိုမာလီယာနိုင်ငံတွင် အရွယ်မရောက်သေးသော ကန္တာရနှံကောင်အုပ်များ မြောက်ပိုင်းလွင်ပြင်တွင်ရှိနေပြီး ထိုနေရာတွင် အချို့မှာ အရွယ်စရောက်လာကြပြီဖြစ်သည်။ ထိုနိုင်ငံသုံးနိုင်ငံတွင် စစ်တမ်းကောက်ယူခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ တိုးတက်လျက်ရှိသည်။ ဆူဒန်နိုင်ငံ၊ အရီထရီးယားပြည်နယ်နှင့် ကော်ဒိုဖန်ပြည်နယ် မြောက်ပိုင်းကြားတွင် အရွယ်မရောက်သေးသည့် ထီးတည်းနေ ကန္တာရနှံကောင်များတည်ရှိနေပြီး အဓိကအားဖြင့် အရွယ်မရောက်သေးသော ကန္တာရနှံကောင်များက မြောက်ဖက်ရှိ  နိုင်းမြစ်ဝှမ်းဒေသတွင် နောက်ထပ်တည်ရှိနေပါသည်။ မကြာသေးမီက မိုးရွာထားသောဧရိယာများတွင် အနည်းငယ်သော သားပေါက်ခြင်း မကြာမီ စတင်မည်ဖြစ်သည်။ ယခုအချိန်အထိ ကင်ညာနိုင်ငံအနောက်မြောက်ဖက်သို့ ကန္တာရနှံကောင်ရောက်သည်ဟူသော သတင်းပေးပို့ချက် မရှိပါ။ စစ်တမ်းကောက်ယူခြင်းကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

    အာရေဗျကျွန်းဆွယ် − ပိုးမမည်အုပ်စုငယ်များနှင့် အရွယ်ရောက်နှံကောင်အုပ်များ ဖြစ်ပေါ်နေသော နိုင်ငံအတွင်းပိုင်းတွင် ဆက်တိုက် မိုးကောင်းကောင်းရွာပြီး သားပေါက်နေသောကြောင့် ယီမင်နိုင်ငံသည် ဆက်လက်စိုးရိမ်ဖွယ်ဖြစ်ပါသည်။ အချို့ဧရိယာများတွင် စစ်တမ်းကောက်ယူခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ တိုးတက်လျက်ရှိပါသည်။ အိုမန်နိုင်ငံတွင် ဆာလားလားပြည်နယ်အနီး တောင်ဖက်ပိုင်း ပင်လယ်ကမ်းခြေပေါ်တွင် ပိုးမမည်အုပ်စုငယ်များနှင့် အုပ်စုကြီးများ၊ နိုင်ငံအတွင်းပိုင်းရှိ ကပ်လျက်တည်ရှိသည့် ဧရိယာများရှိ ထီးတည်းနေ အရွယ်ရောက်ကောင်များအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ တိုးတက်လျက်ရှိပါသည်။ ဆော်ဒီအာရေဗျနိုင်ငံတွင် ထီးတည်းနေအရွယ်ရောက်ကန္တာရနှံကောင်များ ဒေသတွင်း ကျရောက်ဖျက်ဆီးမှုကို နာဂျရန်ပြည်နယ် အနီးရှိ အနောက်တောင်ဖက်တွင် တွေ့ရပါသည်။

   အနောက်အာဖရိက − အခြေအနေမှာ အေးဆေးငြိမ်သက်လျက်ရှိပါသည်။ ထီးတည်းနေအရွယ်ရောက်ကန္တာရနှံကောင်များကို မကြာမီကမိုးရွာထားသော မော်ရေးရှပ်နိုင်ငံတောင်ပိုင်း၊ နိုက်ဂါအလယ်ပိုင်းနှင့် မြောက်ပိုင်း၊ ချက်နိုင်ငံအရှေ့ပိုင်းတို့ရှိ သားပေါက်ဧရိယာများတွင်တွေ့ရပြီး မကြာမီ ဥအုခြင်းများကို တွေ့ရတော့မည်ဖြစ်သည်။ ကန္တာရနှံကောင်အုပ်ကျူးကျော်ဝင်ရောက်မှု ခြိမ်းခြောက်ခြင်း ဆက်လက်ကျဆင်းနေစဉ် ကျင့်ဝတ်နှင့်အညီ နိုးနိုးကြားကြားရှိမှု၊ ကြိုတင်ပြင်ဆင်မှု၊ စေ့စေ့စပ်စပ်စောင့်ကြည့်စစ်ဆေးမှုတို့ကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ပါသည်။

ကိုးကားချက် − www.fao.org/ag/locusts 

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရးဆောင်းပါးများလေ့လာရန်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်