နေပြည်တော်အနီးတဝိုက်၌ ကင်စွန်းဝါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းနေ

22/07/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    နေပြည်တော်နှင့်အနီးတဝိုက် ဒေသတချို့၌ ကင်စွန်းဝါးစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်းနေကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

ကျွန်တော်စိုက်ထားတာ သုံးနှစ်ကြာပြီဆိုတော့ တစ်နှစ်လုံး မျှစ်စားနေရတဲ့အပြင် မျိုးထုတ်ရောင်းလို့လည်းရပါပြီ။ မျှစ်လည်း ချိုးရောင်းတယ်။ ဝါးထဲမှာ အကြီးဆုံးမျိုးထဲ ပါဝင်တယ်။ မျှစ်တစ်ချောင်းကို တစ်ပိဿာ၊ တစ်ပိဿာခွဲလောက်အထိ ကြီးတယ်။ မျှစ်က ချိုတယ်။ စားရတာ နူးညံ့တယ်။

ဟု နေပြည်တော်မှ ကင်စွန်းဝါးစိုက်ပျိုးထုတ်လုပ်နေသူ ဦးမောင်မောင်ဦး က ပြောသည်။

    ကင်စွန်းဝါးကို ကိုင်းဆက်ပျိုးပင်ဖြင့် စိုက်ပျိုးပါက (၈)လမှ တစ်နှစ်အတွင်း မျှစ်စတင် ထွက်ရှိသဖြင့် အချိန်တိုတိုဖြင့် စီးပွားဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

အစေ့ပျိုးမဟုတ်ဘဲ ကိုင်းဆက်ပျိုးပင်ကို ဝယ်စိုက်တာပါ။ အပင်အရွယ်အစား နှစ်ပေခွဲအရွယ် ပျိုးပင်တစ်ပင်ကို (၂၀၀၀) ကျပ်နဲ့ ဝယ်စိုက်တာပါ။ ထွက်လာတဲ့ မျှစ်တွေကိုတော့ မျှစ်တစ်ပိဿာကို (၂၀၀၀) ကျပ်ဈေးနဲ့ ပြန်ရောင်းချပါတယ်။ ကင်စွန်းဝါးက တစ်နှစ်ပတ်လည်လုံး မျှစ်ထွက်တော့ ဈေးကွက်ကတော့ မပျက်ဘူးပေါ့။ ရေပေးနိုင်တယ်ဆို ဘယ်ဒေသစိုက်စိုက် စိုက်လို့ရတယ်။

ဟု ဦးမောင်မောင်ဦး က ဆက်လက်ပြောသည်။

    ကင်စွန်းဝါးကို စီးပွားဖြစ်စိုက်ပျိုးပါက ပင်ကြားတန်းကြားကို (၁၂ x ၁၂) ပေ ပတ်လည် ထားရှိသင့်ပြီး၊ တစ်ဧကလျှင် စိုက်ကျင်း(၃၀၀) ဝင်ဆန့်ကာ စိုက်ကျင်းတစ်ကျင်းကို ဝါးပျိုးပင် (၄)ပင်နှုန်း ထည့်သွင်းစိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်