စိုက်ပျိုးမွေးမြူရေးပညာများကို အဝေးမှသင်ကြားပို့ချပေးခြင်း (အပိုင်း-၄)

04/02/2026 10:27 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

အပိုင်း-၃ အဆက် ဆစ်ဒနီတက္ကသိုလ်တွင် တိကျစိုက်ပျိုးရေးပညာ (PA_Precision Agriculture) ကို အောက်ပါအတိုင်း သင်ကြား၊ သုတေသနပြုလျက်ရှိနေပါသည်။

(က) ဒုတိယနှစ် - စိုက်ပျိုးမွေးမြူရေးနှင့် ပတ်ဝန်းကျင်စနစ်စီမံခန့်ခွဲခြင်း (AGRI-2001 Plant Management in Agroecosystems) PA မိတ်ဆက်စတင်သင်ကြားပါသည်။

(ခ) တတိယနှစ် - ဒီဂျစ်တယ်နည်းဖြင့် လယ်ယာသီးနှံနှင့်စားကျက်သီးနှံများအား စိုက်ပျိုးထုတ်လုပ်ခြင်း (AGRI-3888 Digital Crop and Pasture Production) PA ဘာသာရပ်ကို အများဆုံးသင်ကြားပေးပါသည်။

(ဂ) စတုတ္ထနှစ် - အဆင့်မြင့်စိုက်ပျိုးမွေးမြူထုတ်လုပ်စနစ်များ (AGRI-4001 Advanced Plant Production Systems) ဂုဏ်ထူးတန်းကျောင်းသား/သူများ အတွက် အဆင့်မြင့် PA စနစ် စစ်ဆေးတွက်ချက်ပုံများပါလာပါသည်။

(ဃ) မဟာစိုက်ပျိုးရေးသိပ္ပံသင်တန်းများ - ရေရှည်တည်တံ့ခိုင်မြဲစေသော အစားအစာ ထုတ်လုပ်မှုစနစ်များ (AGRI-5001 Sustainable Food Systems) ဘွဲ့လွန်သင်တန်းများ အတွက် PA သုတေသနနည်းစနစ်များ ဆက်လက်လေ့လာစေပါသည်။

ပုံ - ၁ ဆစ်ဒနီတက္ကသိုလ် PA တိကျသေချာစိုက်ပျိုးရေးသင်ကြားမှုစနစ်/ဓာတ်ခွဲခန်း

အပိုင်း-၄ အဝေးမှသင်ယူသောပညာရေးစနစ်များ

တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် အွန်လိုင်းမှ ပညာသင်ယူခြင်း (Online Learning Program/Learning from Remote Areas) ဆိုသည်မှာ အင်တာနက်နည်းပညာ (IoT_Internet of Things) ကို အသုံးပြု ၍ ပညာရေးသင်ခန်းစာများကို အွန်လိုင်းမှတဆင့် သင်ယူနိုင်ရန် စီစဉ်ထားသော ပညာရေး အစီအစဉ်များဖြစ်ပါသည်။ ထိုအထဲမှာမှ ဩစတေလျနိုင်ငံ တက္ကသိုလ်များတွင် စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား ပေးနေပုံများကို ရေးသားဆွေးနွေးပါမည်။

ဩစတြေးလျနိုင်ငံရှိတက္ကသိုလ် အချို့တွင်စိုက်ပျိုးမွေးမြူရေး (Agriculture) နှင့် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (Rural Development) ဆိုင်သောဘာသာရပ်များကို တက္ကသိုလ်များတွင် ကျောင်းသား/သူကိုယ်တိုင် တက္ကသိုလ်သို့လာရောက်သင်ယူရုံ သာမက အွန်လိုင်း/ အဝေးသင်ပညာရေး (Online/Distance Education) သို့မဟုတ် လွယ်ကူ၊ ရိုးရှင်း၊ အဆင်ပြေနိုင်သောလေ့လာမှု (Flexible Learning) ပုံစံဖြင့် အဆင့် အမျိုးမျိုး အလိုက်သင် ကြားပေးနေပါသည်။

(က) စိုက်ပျိုးမွေးမြူရေး အွန်လိုင်း/အဝေးသင်စနစ်သင်ကြားရေး အဆင့်များ

(က-၁) လက်မှတ်ရသင်တန်းများ (Certificate Courses Programs) 

သင်ကြားချိန် – ၆ လမှ ၁ နှစ်ကြာတတ်ပါသည်၊ စိုက်ပျိုး မွေးမြူရေးအခြေခံ အယူအဆ များကို လေ့လာရန်ဖြစ်ပြီး စိုက်ပျိုးရေးမွေးမြူရေးနယ်ပယ်သို့ စတင်ဝင်ရောက်လိုသူများ၊ အခြေခံပညာလိုသူများ၊ ကျေးလက်နေ တောင်သူလယ်သမား သား၊ သမီး မိသားစုများ အတွက် သင့်တော်ပါသည်။

(က-၂) ဘွဲ့ကြိုဒီပလိုမာသင်တန်းများ (Undergraduate Diplomas Programs) 

သင်ကြားချိန် – ၁ နှစ်မှ ၂ နှစ်ခန့်ကြာတတ်ပါသည်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာ လက်တွေ့နှင့်စီးပွားရေးအခြေခံများကို အလေးပေးသင်ကြားပေးပါသည်၊ ကျွမ်းကျင် အ ဆင့် အသက်မွေးဝန်းကျောင်းလုပ်ငန်းနှင့် လက်တွေ့အလုပ်အကိုင်အတွက် အထောက် အကူဖြစ်စေပါသည်။

(က-၃) ဘွဲ့ကြို/ဘက်ချလာ ဒီဂရီသင်တန်းများ (Bachelor Degrees Programs)

သင်ကြားချိန် ၃ နှစ် မှ ၄-နှစ်ခန့်ကြာတတ်ပါသည်၊ အချိန်ပိုင်း/အွန်လိုင်း (Part-time and Online Programs) ရရှိနိုင်ပါသည်။

သင်ကြားပေးသောဘာသာရပ်များမှာ သီးနှံအပင်စိုက်ပျိုးရေး (Crop Science)၊ တိရစ္ဆာန် မွေးမြူရေး (Animal Science)၊ မြေဆီလွှာသိပ္ပံ (Soil Science)၊ စိုက်ပျိုးရေးစနစ်များ (Farming Systems)၊ စိုက်ပျိုးစီးပွားရေးပညာ (Agribusiness) စသည်တို့ များစွာပါရှိ ပါသည်၊ စိုက်ပျိုး မွေးမြူရေးပညာရှင် စတင်ဖြစ်လိုသူများအတွက် အရေးပါဆုံး အဆင့် ဖြစ်ပါသည်။

(က-၄) ဘွဲ့လွန်သင်တန်းများ (Postgraduate Coursework Programs)

ဘွဲ့လွန်လက်မှတ်ရ/ဘွဲ့လွန်ဒီပလိုမာ (Graduate Certificate/Graduate Diploma)

သင်ကြားချိန် – ၆ လမှ ၁ နှစ် ကြာတတ်ပါသည်၊ အလုပ်လုပ်နေသူများ၊ လုပ်ငန်းခွင်ရှိပြီး သူများအတွက် အရည်အချင်းတိုးတက်ရေးအစီအစဉ် ဖြစ်ပါသည်၊ အွန်လိုင်း/အဝေးသင် စနစ်ဖြင့် သင်ယူနိုင်ပါသည်၊ 

မဟာစိုက်ပျိုးမွေးမြူရေးဘွဲ့ (Master’s Degree in Agriculture_Course Works)

သင်ကြားချိန် – ၁.၅ မှ ၂ နှစ် ကြာရှိနိုင်ပါသည်၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ ဘာသာရပ် အများစုကို အွန်လိုင်းဖြင့် အပြည့်အဝ (Often fully online) သင်ယူနိုင်ပါသည်၊ တစ်ချို့ တက္ကသိုလ်၊ လက်တွေ့နယ်ပယ်များသို့ သွား၍ လက်တွေ့လုပ်၊ သုတေသနလုပ်၊ ကြီးကြပ် ဆရာနှင့် လူချင်းတွေ့ဆုံ (In person) ပြီး သင်ယူမှုစနစ် ၂-ခုစလုံးပါဝင်သော (Blended Learning) တို့ပါဝင်ပြီး ဦးဆောင်မှု၊ စီမံခန့်ခွဲမှု၊ သုတေသနကျွမ်းကျင်မှုများကို အလေးပေး ထားပါသည်။

(က-၅) သုတေသနအဆင့်သင်ကြားမှုအစီအစဉ်များ (Research Degrees Program)

မဟာစိုက်ပျိုးမွေးမြူရေးသိပ္ပံ-သုတေသန (Master of Agricultural Science_Research) နှင့် ပါရဂူဘွဲ့ PhD (Doctor of Philosophy) တို့သည် သုတေသနအခြေပြု ဘွဲ့အမြင့်ဆုံး ဖြစ်ပြီး တက္ကသိုလ် အများစုကတော ကျောင်းသား/သူကိုယ်တိုင် သုတေသနပြု ရမည် ဖြစ်ပြီး အချို့တက္ကသိုလ်များတွင် အချို့ဘာသာရပ်များ၌ အွန်လိုင်း သင်ကြား/သင်ယူမှု ဖြင့် လေ့လာနိုင်ပါသည်၊ လက်တွေ့လုပ်နေသော စိုက်ပျိုးမွေးမြူရေး သုတေသနပညာရှင် အများအတွက် ဘာသာရပ်အချို့မှာ သင့်တော်သော ပညာသင်ကြားမှုများ ဖြစ်ပါသည်။

(က-၆) တစ်ဘာသာချင်းသင်ကြားပေးသောသင်တန်းများ (Micro-credentials/Single Subjects)

ဘာသာရပ်တစ်ခုချင်းစီကို အွန်လိုင်း/အဝေးစနစ်ဖြင့် လေ့လာနိုင်ပါသည်။ ဥပမာ – မြေဆီလွှာစီမံခန့်ခွဲမှုနည်းစနစ်များ (Soil Management)၊ တိကျသောစိုက်ပျိုးမွေးမြူရေး စနစ်များ (Precision Agriculture) နောက်ပိုင်း ဒီပလိုမာ၊ ဘွဲ့ကြိုသင်တန်းများသို့ ဆက်တက်နိုင်သော အခွင့်အလမ်းရှိပါသည်။

(ခ) စိုက်ပျိုးမွေးမြူရေး အဝေး/အွန်လိုင်းသင်ကြားရေး ပေးသော ဩစတြေးလျ တက္ကသိုလ်များ

(ခ-၁) ယူနန်အီး-နယူးအင်ဂလန်တက္ကသိုလ် (University of New England-UNE)

ဤတက္ကသိုလ်သည် ဩစတြေးလျတွင် အဝေးသင်/အွန်လိုင်းပညာရေး (Distance & Online Education) အတွက် အကောင်းဆုံးတက္ကသိုလ်၊ အလွန်အရေးပါသော တက္က သိုလ်များထဲမှ တစ်ခုဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်တွင် ယူနန်အီး (UNE_University of New England) မှ ကျောင်းသားများ၏ ၈၄.၄၈% သည် အွန်လိုင်း သို့မဟုတ် ပြင်ပမှ တဆင့် သင်ကြားနေကြသူများ ဖြစ်သည်။  ဆိုလိုသည်မှာ ကျောင်းသားစုစုပေါင်း၏ ၁၅.၅၂% သာလျှင် အာမီဒေးလ်မြို့ (Armidale) ကျောင်းဝင်းသို့ ကိုယ်တိုင်လာရောက် သင်ကြား ကြသည်။  တက္ကသိုလ်တွင် ကျောင်းသား စုစုပေါင်း ၂၂,၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၉၇% ခန့်မှာ ဩစတေလျှပြည်တွင်းကျောင်းသားများ ဖြစ်ကြသည်။ အမျိုးသမီး ကျောင်း သူ ဦးရေ ၆၇.၇၆% အထိ ရှိနေခြင်းမှာ ဤတက္ကသိုလ်၏ အွန်လိုင်း သင်ကြားမှု ပုံစံသည် အလုပ်နှင့်မိသားစုတာဝန်များကြား ပညာသင်ကြားလိုသော အမျိုးသမီးများအတွက် အထူးအဆင်ပြေစေပါသည်။ 

နယူးအင်ဂလန်တက္ကသိုလ် သည် အွန်လိုင်းမှတဆင့် လက်မှတ်သင်တန်းများ၊ ဒီပလိုမာ များနှင့် ဘွဲ့သင်တန်း အမြောက်အမြားကို ပေးအပ်လျက်ရှိပါသည်။ ၎င်းတို့မှာ -

ဘွဲ့ကြိုလက်မှတ်ရသင်တန်းများ (Undergraduate Certificates Programs)

ဤသင်တန်းများသည် ကျွမ်းကျင်မှုအသစ်များကို လျင်မြန်စွာရရှိရန်နှင့် ဘွဲ့သင်တန်း များသို့ ကူးပြောင်းရန်အတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါသည်၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လေ့လာမှုပညာများ (Agricultural Studies)၊ မွေးမြူရေးဆိုင်ရာ လေ့လာမှုပညာများ (Animal Studies)၊ အနုပညာ (Arts)၊ ကွန်ပျူတာပညာ (Computing)၊ ဂီတပညာ (Music)၊ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုများ (Environmental Studies) စသည်တို့ ဖြစ်ပါသည်။

ဒီပလိုမာနှင့် အဆင့်မြင့်ဒီပလိုမာများ (Diplomas and Advanced Diplomas)

စာရင်းကိုင်ပညာ (Accounting)၊ စိုက်ပျိုးမွေးမြူရေးစီးပွားစီမံပညာ (Agribusiness)၊ စီးပွားရေးစီမံခန့်ခွဲမှုပညာ (Business)၊ ဥပဒေရေးရာ သင်တန်း (Paralegal Studies)၊ သတင်းအချက်အလက်နည်းပညာ (IT)၊ တေးဂီတနည်းပညာ (Music Technology) စသည်တို့ ဖြစ်ပါသည်။

ဘွဲ့သင်တန်းများ (Bachelor Degrees Programs) နှင့်ဘွဲ့လွန်သင်တန်းများ (Postgraduate Degree Programs)

အောက်ပါဘွဲ့သင်တန်းအများစုကို အဝေးသင်စနစ်ဖြင့် ပေးအပ်နေပါသည်။

စီးပွားရေးနှင့် ဥပဒေ (Bachelor of Accounting, Bachelor of Business, Bachelor of Laws)၊ အနုပညာနှင့် လူမှုရေးသိပ္ပံ (Bachelor of Arts, Bachelor of Criminology, Bachelor of Social Science)၊ ကျေးလက်ဒေသသိပ္ပံ၊ ကွန်ပြူတာသိပ္ပံနှင့်နည်းပညာ၊ သူနာပြု၊ ဆေးဝါးပညာ (Bachelor of Rural Science, Computer Science, Bachelor of Nursing, Bachelor of Pharmacy) စသည်တို့ ဖြစ်ပါသည်။

ဘွဲ့လွန်သင်တန်းများ အတွက် ဉာဏ်ရည်တုပညာ (Master of Artificial Intelligence-AI)၊ ဆက်သွယ်ရေးဆိုင်ရာလုံခြုံမှု (Master of Cybersecurity)၊ အချက်အလက်သိပ္ပံ (Master of Data Science)၊ စီးပွားရေး ဆိုင်ရာစီမံခန့်ခွဲမှု (Master of Business Administration-MBA)၊ လူမှုရေးပညာ (Master of Social Work)၊ သင်ကြားမှုစနစ်နှင့် ကျောင်းသားကူညီပံ့ပိုးမှု (Master of Teaching-Primary/Secondary)၊ ဒစ်ဂျစ်တယ် သင်ကြားမှုစနစ် (Digital Learning Environment) စသည်တို့ဖြစ်ပါသည်၊ ဤတက္က သိုလ် သည် အွန်လိုင်းသင်ကြားမှုအတွက် (Brightspace D2L) စနစ်ကို အသုံးပြုပြီး ကျောင်းသားများအနေဖြင့် သင်ခန်းစာများကို ၂၄ နာရီပတ်လုံး ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။ ကျောင်းသား/သူများသည် ဆွေးနွေးမှုများ (Discussion boards) နှင့် (Peer-to-peer chat forums) များမှတဆင့် အချင်းချင်း ချိတ်ဆက်၊ ဆွေးနွေး နိုင်ပါသည်။

ပုံ - ၂ နယူးအင်္ဂလန်တက္ကသိုလ်၏ အွန်လိုင်း/အဝေးသင်ပညာရပ်စနစ်တစ်ခု

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Filippi, P. (2025) Precision Agriculture Teaching at the University of Sydney. UniSyd. 25p.

Yadav, K.D. (2025) Precision Agriculture Technologies for Smart Farming. In ‘The Future of Smart Agriculture’ Nova Sci. Pub.; p: 53-75

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်