ဆရာရေ ဘာစမာတီ ဈေးကွက်လေးသိချင်လို့ပါ စိုက်တော့ထားတယ် ဝယ်လက်မရှိဘူးဖြစ်နေတယ် တင်းတစ်ရာ ဈေးလေးသိချင်ပါတယ်
ရောဂါမဖြစ်သေးဘဲ မှိုဆေးဖြန်းလို့ရလားခင်ဗျ
ပြောင်းဖူးခင်းအတွက်လောင်ရောဂါဘာဖြန်းသင့်လဲဗျ
စပါးပင် တချို့နေရာတေမှာ အပင်ဖျားတေဝါ ပါတယ် ဘာလိုအပ်နေတာပါလဲ
ဆရာခင်ဗျ ခရမ်းချဥ်နဲ့ ခရမ်းခေါင်းအတွက် ဆေးဖျန်းချင်လို့ပါခင်ဗျ ဘာအရောအရင်ဖျန်းရမယ်မသိလို့ပါ မန်ကိုဇက် မိုနိုကေး ဒဘလယ် ပိုးဆေးနှစ်မျိုးလုံးထည့်ရမလား တစ်မျိုးဆီပဲအရင်သွားရမလား အဲ့မှိုဆေးနဲ့ပိုးဆေးတွေရောလို့ရလားဆရာ ဒဘလယ်လဲ ထည့်ချင်တယ် ခရမ်းသီး သီးလုံးဖောက်မှာစိုးလို့ အရင်ရှေ့တစ်ပတ်က ပီဖိုလန် ဆိုင်လာ ကောင်းသုခ ၁ အတာတွေ ဖျန်းထားပါတယ်ဆရာ
ပိုးအတွက် ပိုအရေးကြီးတာဆိုရင်၊ပိုးသတ်ဆေးကို အရင်ဖျန်းလိုက်ပါ။ ၅ရက်ခြားပြီးမှ မန်ကိုဇက်ဖျန်းလိုက်ပါ။
ဟုတ်ဆရာတို့ခင်ဗျ ကျေးဇူးအထူးပါခင်ဗျ
စပါခွံနှင့်ကောက်ရိုးမှိုစိုက်နည်း
စပါးခွံချည်းပဲတော့ ကောက်ရိုးမှိုစိုက်ဖို့ မလွယ်ပါဘူး။ အဓိကအကြောင်းအရင်းက စပါးခွံမှာ ရေကိုစုပ်ယူထားနိုင်စွမ်းနည်းတာရယ် ေကာက်ရိုးလိုမျိုး မှိုပေါက်ဖွားဖို့ အဟာရပိုင်းနည်းတာကြောင့်ပါ။ ဒါကြောင့် စပါးခွံထက် ကောက်ရိုးနဲ့စိုက်ဖို့ အကြံပြုလိုပါတယ်။ ကောက်ရိုးမှိုစိုက်ပျိုးနည်း
စပါးပင်တေွဝါတာ နောက်ချေး4တင်းရယ် မြေဆီရယ် ထုံးရယ်နှပ်ပီ ေကျွးရင်အဆင်ပြေလားရှင့် ဘနှရက်နှပ်ထားရလဲ နှပ်နီးလေးရောပြောပေးပါဦး စပါးပင်ကရောဘာဖစ်တာလဲပြောပေးပါဦး
စပါးခင်း တစ်ပြင်လုံး ဝါနေခြင်းမှာ ပိုးမွှားကြောင့်ထက် နိုက်ထရိုဂျင်နှင့် ဆာလဖာ (ကန့်) ဓာတ် ချို့တဲ့ခြင်း သို့မဟုတ် မြေကျပ်၍ အမြစ်များ အောက်ဆီဂျင် မရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ မေးခွန်းပါ နောက်ချေး၊ မြေဆီနှင့် ထုံးတို့ကို တပြိုင်နက် ရောစပ်ကျွေးပါက ဓာတုဓာတ်ပြုပြီး နိုက်ထရိုဂျင်ဓာတ်များ လေထဲလွင့်ပျံ ဆုံးရှုံးသွားမည်ဖြစ်၍ လုံးဝ အဆင်မပြေပါဘူး။ ထုံးကို အသုံးပြုလိုလျှင် မြေပြင်ချိန်ကတည်းက ၁ ပတ်မှ ၂ ပတ်ခန့် ကြိုတင်နှပ်ထားရပါမယ်။ လက်ရှိအခြေအနေတွင် စပါးခင်းကို ရေခေတ္တထုတ်ပေးပြီး ပုလဲနှင့် ဂျစ်ပဆမ် မြေဩဇာ ရောစပ်ပက်ကြဲပေးခြင်း၊ အမိုင်နိုအက်ဆစ် ရွက်ဖျန်းအားဆေး ဖျန်းပေးခြင်းဖြင့် အပင်ကို အမြန်ဆုံး ပြန်လည်စိမ်းလန်းလာစေနိုင်ပါတယ်။
ထုံးက မြေမပြင်ခင် ၁ လလောက် ကြိုနှပ်ထားမှသာ မြေကြီးရဲ့ ချဉ်ငန်ဓာတ်ကို ပြင်ပေးနိုင်ပါတယ်။ ပကန်ပေါက်နေတဲ့ စပါးခင်းမှာတော့ ထုံးပက်ပေးခြင်းဖြင့် သက်သာစေတာတွေ တွေ့ရပါတယ်။ မြေသြဇာအနေနဲ့ဆိုရင်တော့ နွားချေးနဲ့ မြေဆီ/ ပုလဲကို ရေအနည်းငယ်နဲ့ တစ်ည ကြိုနှပ်ထားပေးပါ။ အောက်မှာ တာလပတ်ခင်းပြီး နွားချေးပုံပေးပါ။ ပြီးရင် ပုလဲထည့် ရေပက်ပေးပြီး နှံ့စပ်အောင်မွှေပေးပါ။ ပြီးရင် အပေါ်ကနေ အိတ်နဲ့ အုပ်ထားပေးပြီး တစ်ည နှပ်ထားပေးပြီး နောက်ရက် စပါးခင်းထဲ ကြဲပက်ပေးနိုင်ပါတယ်။ ဒီနည်းက နိုက်ထရိုဂျင်ဓာတ်တွေ အငွေ့ပျံ့တာ၊ စီးဆင်းရေနဲ့ မျှောပါသွားတာ၊ မြေကြီးအောက်ကို စိမ့်ဝင်ပြီး ဆုံးရှုံးသွားတာတွေကို သက်သာစေပါတယ်။ တစ်ခုသတိထားရမှာက နွားချေးက ဆွေးမြေ့ပြီးသား နွားချေးသုံးပေးပါ။ မဆွေးမြေ့ပါက ပေါင်းတွေ ပေါက်လာနိုင်သလို နွားချေးဆွေးမြေ့တဲ့အချိန် ထွက်လာတဲ့အပူတွေက စပါးပင်ကို ထိခိုက်နိုင်ပါတယ်။
ခရမ်းချဥ်အတွက်မြေခံမှာတီစူပါနဲ့DAPဘယ်ဟာထည့်ရင်ကောင်းလဲDAPထည့်ရင်Nဓာတ်ကအပင်မစားသုံးနိုင်ခင်မှာဆုံးရှုံးသွားမှာလား
တီစူပါက ပိုကောင်းတယ်။ အပင်သက်တမ်းတစ်လျှောက်လုံးခံတယ်။ DAP က နိုက်ထရိုဂျင်ကို Urea အနေနဲ့ သဘာဝမြေသြဇာနဲ့ နှပ်ကျွေး အဲဒါ ပိုသက်သာတယ် ပိုထိရောက်တယ်
ခရမ်းချဉ်စိုက်ပျိုးရာတွင် မြေခံအဖြစ် တီစူပါထက် DAP ကို ရွေးချယ်ခြင်းက ပိုမိုထိရောက်မှုရှိပါတယ်။ DAP တွင် အမြစ်ဖွံ့ဖြိုးမှုကို အားပေးသော ဖော့စ်ဖရပ်အပြင် အပင်ငယ်စဉ် ကြီးထွားမှုကို အထောက်အကူပြုသည့် နိုက်ထရိုဂျင်ဓာတ် (၁၈%) တစ်ပါတည်း ပါဝင်နေသောကြောင့် ဖြစ်ပါတယ်။ စိုက်ပျိုးသူ စိုးရိမ်သကဲ့သို့ နိုက်ထရိုဂျင်ဓာတ် လေလွင့်ဆုံးရှုံးသွားမည် မဟုတ်ပါဘူး၊ အကြောင်းမှာ DAP တွင်ပါဝင်သော နိုက်ထရိုဂျင်သည် အမိုနီယမ်ပုံစံဖြင့် ရှိနေ၍ မြေဆီလွှာတွင် ကောင်းစွာ ကပ်ငြိနေနိုင်ပြီး ရွှေ့စိုက်ပြီး (၁) ပတ်မှ (၂) ပတ်အတွင်း အမြစ်သစ်များ ထွက်လာချိန်တွင် အပင်က အလွယ်တကူ စုပ်ယူစားသုံးနိုင်သောကြောင့် ဖြစ်ပါတယ်။ အကောင်းဆုံးရလဒ်ရရှိရန် DAP ကို သဘာဝမြေဩဇာနှင့် တွဲဖက်သုံးစွဲသင့်ပြီး၊ အမြစ်လောင်ခြင်းမှ ကာကွယ်ရန် မြေကြီးနှင့် သမအောင် မွှေပေးရန် လိုအပ်ပါတယ်ခင်ဗျာ။
ဆရာခင်ဗျ 909 ခရမ်းချဥ်မျိုးက ဘေးတက်တွေမဖဲ့ရဘူးဆိုတာ ဟုတ်ပါသလားခင်ဗျ ကျွန်တော် ကိုင်ပြင် အဖဲ့လုပ်မိလို့ပါ😌 909 ကဒီနှစ်မ စ စိုက်တာဆိုတော့ မသိလို့ပါဆရာ😌 ခရမ်းချဥ်နဲ့ ခရမ်းခေါင်းအတွက် ဝိစာရရဲ့ ကယ်စီပလပ် အောဘာ ရဲ့ ပီဖိုလန် အတာဆိုအဆင်ပြေလောက်လားဆရာ ပိုးဆေးကတော့ မိုနိုကေးနဲ့ ဒဘလယ် ဝယ်ထားတယ်ဆရာ အိမ်ကမီးထဲပါသွားတောအခင်းထဲလဲသွားချင်စိတ်မရှိပစ်ထားတာအရင်ဝယ်ထားတဲ့ဆေးတွေလဲမီးထဲပါသွားလို့ဆရာရေ
Lora 909 ခရမ်းချဉ်ပင်သည် ပင်ကိုကတည်းက အထက်သို့ အလွန်အမင်း မမြင့်ဘဲ ဘေးကိုင်းများဖြင့်သာ ချုံပုတ်သဖွယ် ကြီးထွားသည့် ကိုင်းသတ်ပင်အမျိုးအစား (Determinate Tomato Variety) ဖြစ်ပါတယ်။ ထို့ကြောင့် အပင်ခြေနှင့် ကိုင်းကြားမှထွက်သော သားတက်းများကို လိုက်ဖဲ့ရန် မလိုပါဘူး။ လိုက်ဖဲ့ပါက အသီးသီးမည့် ကိုင်းများကို ဖယ်ရှားလိုက်သလိုဖြစ်ပြီး အထွက်နှုန်း သိသိသာသာ လျော့နည်းသွားတတ်ပါတယ်။ သို့သော် မှိုရောဂါကင်းဝေးပြီး လေဝင်လေထွက် ကောင်းစေရန် မြေကြီးနှင့် ထိစပ်နေသော အောက်ခြေအရွက်ဟောင်းများနှင့် ဝါနေသော အရွက်များကိုမူ ညှပ်ထုတ်ပေးရန် လိုအပ်ပါတယ်။ဆေးဝါးများ မီးထဲပါသွား၍ စိတ်ဓာတ်ကျပြီး ပစ်မထားပါနှင့်ဦးဗျ။ မီးဖိုချောင်ပြာ၊ နွားချေးဆွေး ကျွေးပေးခြင်းဖြင့် ကုန်ကျစရိတ်မရှိဘဲ ရောဂါကာကွယ်၍ အပင်ပြန်လည် လန်းဆန်းလာအောင် မိမိတတ်နိုင်သလောက် ပြုစုပျိုးထောင်နိုင်ပါတယ်ခင်ဗျာ။ အိုးအိမ်ပျက်စီးခြင်းအတွက်တော့ ထပ်တူစိတ်မကောင်းဖြစ်မိပါတယ်ခင်ဗျာ။
ဟုတ်ဆရာ ကျေးဇူးအထူးပါဆရာ
နှံစုပ်ပိုး အနည်းငယ်ကျ နေပါတယ် ဒီရက်မိုးလဲများတော့ ပန်းပွင့်ကြွေတာလား နှံစုပ်ကြောင့်လား ဆေးနောက်တကြိမ်ဖြန်းသင့်မဖြန်းသင့် ဖြန်းရင်လဲဘာေဆးဖြန်းရမလဲ ပထမတစ်ကြိမ် ဆိုက်ပါမက်သရင်း ဖြန်းထားပါတယ်
စပါးသက်တမ်း ၁၂၀ ရက် (နို့ရည်တည်ချိန်) တွင် မိုးအသင့်အတင့် ရွာသွန်းခြင်းသည် နှံစုပ်ပိုးကျရောက်ရန် အကောင်းဆုံး ရာသီဥတု ဖြစ်ပါတယါ။ စပါးစေ့များ ပိန်ပြီး အစေ့ခွံပေါ်တွင် အညို/အမည်းကွက်များ ရှိနေပါက နှံစုပ်ပိုးကြောင့်ဖြစ်ပြီး၊ အစေ့ခွံများ ဖြူရော်ကာ ပိန်နေပါက မိုးရွာ၍ ဝတ်မှုန်မကူးနိုင်ဘဲ ပန်းပွင့်ကြွေခြင်း ဖြစ်ပါတယ်။ ပထမအကြိမ် မက်သရင်း ဖြန်းထားသော်လည်း စပါးတစ်ပင်လျှင် ပိုးကောင် ၁-၂ ကောင် တွေ့ပါက နောက်တစ်ကြိမ် ဆေးထပ်ဖြန်းရပါမယ်။ မိုးရွာသွန်းမှုကို ခံနိုင်ရည်ရှိရန်နှင့် စုပ်စားပိုးကို ထိရောက်ရန်အတွက် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ဖစ်ပရိုနေးလ် (Fipronil) ကဲ့သို့သော ပင်လုံးပျံ့ဆေးကို ပိုးကောင်များ စပါးနှံပေါ်တက်သည့် နံနက်စောစော သို့မဟုတ် ညနေစောင်းတွင် သုံးစွဲလေ့ရှိတယ်။
ဆရာကြီးရေး ပိုတက်ကို စပါးဖုံးတဲ့အချိန် သုတစ်မျိုးထဲကျွေးကတာလာ Nတို pတို ကဘာကြောင့်မကျွေးကြတာလဲ ကျွန်တော့စပါးက အပင်အဖျားလေးတွေနည်နည်းဝါနေပြီး စပါးအမြင့်က အလောတော်ပါ ဘာကျွေးရမလဲ အကြံလေးပေးပါအုံး စပါးကဆင်းသုခ ရက်80ပြည့်တော့မယ်
ဤအဖြေဖြင့်ပြေလည်သည် အမှန်ခြစ် သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ကျေးဇူး ပါဆရာ
ငါးကန် စ ဆောက်တဲချိန် ကန်ကို တစ်ဆင့်ပြီးတစ်ဆင် ဘယ်လို လုပ်ဆောင်ပေးရမလဲ
အာလူးစိုက်နည်လေးသိချင်လို့ပါ
မတ်ပဲမှာကျတဲ့mosaic နဲ့wiltingအတွက်သုံးတဲ့fungicideပြောပြပေးပါ
mosaic က မှိုမဟုတ်ပါဘူး။ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တာပါ။ သူ့ကို နှိမ်နင်းလို့မရပါဘူး။ Mosaic ကို သယ်လာတဲ့ ယင်ဖြူကိုပဲ နှိမ်နင်းလို့ရပါတယ်။ အဝါတွေစမြင်လာရရင် နှုတ်ပစ်ပြီး ယင်ဖြူကို ဆေးဖြန်းပါ။ ညှိုးတာအတွက် ဖြစ်နိုင်ခြေတွေရှိလို့ ဆရာဒို့ဦးလေးရဲ့ ဆောင်းပါးကို ဖတ်ပေးပါ။ မတ်ပဲပင်တွေ ဝါညှိုးသေ...ဘာတွေလုပ်သင့်လဲ
ခရမ်းချဉ်မှာကျတဲ့leaf curl virus ကိုသုံးတဲ့fungicideကိုပြောပြာပေးပါ့လား အားလူးမှာကျတဲ့late blight of potatoကိုသုံးတဲ့fungicideကိုလည်းပြောပြပေးပါဗျ
ခရမ်းချဉ် Leaf curl Virus ရွက်တွန့်က ဗိုင်းရပ်ဖြစ်တဲ့အတွက် ကာကွယ်ဆေးမရှိပါဘူး။ အာလူး နှောင်းပင်နာကျရောဂါအတွက် Meltalaxyl + mancozed (ဥပမာ- Fortazeb) ၊ chlorothalonil (ဥပမာ- ဘန်ကိုနေး၊ ဖော်နေးလ်)၊ mancozeb (ဥပမာ- ဒိုင်သိမ်း၊ အဂရိုဇက်၊ အင်ဒိုဖေးလ်)၊ iprovalicarp + propineb (ဥပမာ- အင်ဗင်တို)၊ ကော့ပါးအခြေခံမှိုသတ်ဆေးများ (ဥပမာ- ကိုဆိုက်၊ ဘော်ဒိုထုံး + ဒုတ္တာဖျော်ရည်) တို့ကို ဆေးထုပ်ပါ အညွှန်းအတိုင်းသုံးပါ။ အာလူးနှောင်းပင်ကျနာ (လောင်းမည်း) ရောဂါ (Late Blight of Potato)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။