ထရိုင်ဂိုဒါးမား ဇီဝမြေဩဇာ

06/05/2026 12:48 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

ထရိုင်ဂိုဒါးမား (Trichoderma) ဟုခေါ်သော မှိုမျိုးစုသည် မြေဆီလွှာကို ပြန်လည် ကောင်းမွန်စေပြီး အထွက်နှုန်းကို မထိခိုက်စေဘဲ စိုက်ပျိုးနိုင်သော ဇီဝနည်းပညာ၊ ဇီဝမြေဩဇာ၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။ ၎င်းတို့သည် အပင်အမြစ်များတွင် အခြေချနေထိုင်ပြီး အပင်နှင့် အကျိုးပြု အပြန်အလှန် ဆက်ဆံရေးကို ဆောင်ရွက်ကာ အပင်ကြီးထွားမှုကို လှုံ့ ဆော်ပေးသည့်အပြင် မြေဆီလွှာကို မြှင့်တင်ပေးသော ဇီဝမြေသြဇာများအဖြစ် လုပ် ဆောင်ကြသည်။

Trichoderma Viride: The Biocontrol Agent for Disease-Free Crops | Blog –  Agriplex

ပုံ - ၁ ထရိုင်ဂိုဒါးမားမှိုများမြေကြီးအတွင်းလုပ်ဆောင်မှု

ဇီဝဗေဒဆိုင်ရာ အခြေခံအချက်အလက်များ

ထရိုင်ကိုဒါးမားသည် မြေဆီလွှာတွင် သဘာဝအလျောက်ရှိနေသော မှိုတစ်မျိုးဖြစ်ပြီး ကမ္ဘာအနှံ့အပြားရှိ စိုက်ပျိုးမြေများတွင် တွေ့ရသည်။ ၎င်းတို့သည် လျင်မြန်စွာ ပွားများ နိုင်ပြီး သစ်တောများ၊ မြက်ခင်းပြင်များ၊ ကန္တာရများနှင့် စိုက်ပျိုးရေးမြေများအထိ ပတ်ဝန်း ကျင်ဆိုင်ရာဂေဟစနစ်အမျိုးမျိုးတွင် လိုက်လျောညီထွေ နေထိုင်နိုင်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) သည် ၁၉၈၆-၁၉၈၇ ခုနှစ် က တည်းက တြိုင်ဂိုဒါးမား ဆိုင်ရာ သုတေသနများကို စတင်ခဲ့ပြီး၊ ၁၉၉၄-၁၉၉၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဂေဟစနစ်အမျိုးမျိုးမှ T. harzianum၊ T. viride နှင့် T. longibrachiatum စသည့် မျိုးစိတ်များကို ခွဲခြားသတ်မှတ်နိုင်ခဲ့ပါသည်။

ဇယား - ၁ ထရိုင်ဂိုဒါးမားမှို၏ အချက်အလက်များ

 

ရောဂါကာကွယ်နှိမ်နင်းမှု ယန္တရားများ

ထရိုင်ဂိုဒါးမားကို အစွမ်းထက်သော ဇီဝပိုးသတ်ဆေး (Biocontrol Agent) အဖြစ် ကမ္ဘာ တစ်ဝှမ်းတွင် အသုံးပြုနေကြပြီး ရောင်းချနေသော ဇီဝမှိုသတ်ဆေးများ၏ ၆၀-ရာခိုင်နှုန်း ခန့်သည် ဤမှိုမှ ထုတ်လုပ်ခြင်းဖြစ်သည်။ ၎င်းသည် အပင်ရောဂါဖြစ်စေသော ပိုးမွှားများ ကို အောက်ပါနည်းလမ်းများဖြင့် တိုက်ဖျက်သည်-

  • တိုက်ရိုက်ကပ်ပါးပြုခြင်း (Mycoparasitism): ဤမှိုမျှင်များသည် ရောဂါ ဖြစ်စေ သော မှိုများကို ရစ်ပတ်ပြီး chitinases၊ β-1,3-glucanases နှင့် proteases စသည့် အင်ဇိုင်းများကို ထုတ်လွှတ်ကာ ရောဂါပိုး၏ ဆဲလ်နံရံကို ဖျက်ဆီး စားသုံးပစ်သည်။

  • ဓာတုဗေဒနည်းဖြင့် တိုက်ခိုက်ခြင်း (Antibiosis): ပိုးမွှားများ ကြီးထွားမှုကို တားဆီး နိုင်သော ပက်တိုင်ဘောလ် (Peptaibols) နှင့် ဂလိုင်ရိုတော့ဆင် (Gliotoxins) ကဲ့သို့ သော ဒြပ်ပေါင်းများကို ထုတ်လွှတ်သည်။

  • နေရာနှင့် အစာလုယူခြင်း: ဤမိုသည် အပင်အမြစ်ဝန်းကျင်တွင် လျင်မြန်စွာ နေရာ ယူလိုက်ခြင်းကြောင့် အခြားသော ရောဂါပိုးများ ဝင်ရောက်ရန် နေရာနှင့် အာဟာရ မရှိတော့ပေ။

မြန်မာနိုင်ငံတွင် ဤမှိုကို နှမ်းပင်စည်ပုပ်ရောဂါ၊ ငရုတ်သီးပင်ညှိုးရောဂါ၊ အမြစ်ပုပ်ရောဂါ နှင့် စပါးမှိုရောဂါများကို ကာကွယ်ရန် အောင်မြင်စွာ စမ်းသပ်အသုံးပြုခဲ့ပါသည်။

အပင်ကြီးထွားမှုကို လှုံ့ဆော်ပေးခြင်းနှင့် ဇီဝမြေသြဇာ အကျိုးကျေးဇူးများ

ထရိုင်ဂိုဒါးမားမှိုသည် မြေဆီလွှာအတွင်းရှိ အပင်များ မစုပ်ယူနိုင်သော အာဟာရဓာတ် များကို စုပ်ယူနိုင်သော ပုံစံသို့ ပြောင်းလဲပေးသည်။

(က) ဖော့စဖရပ် (Phosphorus) ပျော်ဝင်စေခြင်း: မြေဆီလွှာထဲတွင် ခဲနေသော ဖော့စ ဖရပ်များကို အော်ဂဲနစ်အက်စစ်များ ထုတ်လွှတ်၍ ပျော်ဝင်စေပြီး အပင်မှ ၂၀-၃၀ ရာခိုင် နှုန်း အထိ ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးသည်။

(ခ) ဟော်မုန်းထုတ်လုပ်ခြင်း: အပင်အမြစ်များ ရှည်ထွက်စေရန်နှင့် ဘေးမြစ်များ ပိုမို ထွက် စေရန် အိုင်အေအေ (Indole-3-Acetic Acid-IAA) ဟော်မုန်းကို ထုတ်လုပ် ပေး သည်။

(ဂ) အာဟာရစုပ်ယူမှု မြှင့်တင်စေခြင်း: သံဓာတ် (Fe)၊ သွပ်ဓာတ် (Zn)၊ မဂ္ဂနီဆီယမ် (Mg) နှင့် ကြေးနီဓာတ် (Cu) စသည့် အနည်းလိုအာဟာရဓာတ်များကို အပင်မှ ပိုမိုစုပ်ယူလာနိုင် အောင် ကူညီပေးသည်။

စိုက်ပျိုးရေးကဏ္ဍအတွက်အရေးပါမှု

ထရိုင်ဂိုဒါးမားဇီဝမြေသြဇာများကို အသုံးပြုခြင်းသည် တောင်သူလယ်သမားများအတွက် လူမှုရေးနှင့် စီးပွားရေးအရ များစွာ အကျိုးကျေးဇူးရှိစေပါသည်။

စီးပွားရေးအရ တွက်ခြေကိုက်မှု

ဓာတုမြေသြဇာများသည် ဈေးနှုန်းမတည်ငြိမ်ဘဲ အမြဲတမ်း ဈေးတက်နေလေ့ရှိသည်။ တြိုင်ဂိုဒါးမားကို အသုံးပြုခြင်းဖြင့် နိုက်ထရိုဂျင် မြေသြဇာ လိုအပ်ချက်ကို ၃၀-၅၀ ရာခိုင် နှုန်းခန့်အထိ လျှော့ချနိုင်ပြီး အထွက်နှုန်းကို ထိန်းထားနိုင်ခြင်း သို့မဟုတ် တိုးတက် စေ ခြင်းတို့ ပြုလုပ်နိုင်သည်။ မြန်မာနိုင်ငံ၏ အခြေအနေတွင် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်း များဖြစ်သော ကောက်ရိုး၊ ကြံဖတ်နှင့် ပြောင်းဖူးရိုးများကို အသုံးပြု၍ တြိုင်ဂိုဒါးမားမှိုဖြင့် မြေဆွေးပြုလုပ်ခြင်းသည် ကုန်ကျစရိတ်ကိုများစွာသက်သာစေသည်။

လူသားတို့၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု

ဓာတုပိုးသတ်ဆေးများနှင့် မြေသြဇာများကို အလွန်အကျွံ အသုံးပြုခြင်းသည် တောင်သူ များတွင် ကြွက်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ရေရှည်တွင် ကင်ဆာရောဂါများအထိ ဖြစ်စေနိုင်သည်။  တြိုင်ဂိုဒါးမား သည် သဘာဝမှိုဖြစ်သောကြောင့် လူကို ဘေးဥပဒ်မပေးဘဲ ဘေးကင်းသော စားနပ်ရိက္ခာများကို ထုတ်လုပ်နိုင်စေသည်။

ပတ်ဝန်းကျင် ရေရှည်တည်တံ့မှု

တြိုင်ဂိုဒါးမားသည် မြေဆီလွှာ၏ ဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး မြေဆီလွှာအတွင်းရှိ အကျိုးပြု အဏုဇီဝပိုးမွှားများ၏ ကွဲပြားစုံလင်မှုကို မြှင့်တင်ပေးသည်။ ၎င်းသည် မြေဆီ လွှာထဲတွင် ကျန်ရှိနေသော ဓာတုအဆိပ်အတောက်များကိုလည်း ချေဖျက်ပေးနိုင်သည့် (Bioremediation) စွမ်းရည် ရှိသည်။

စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များ

ထရိုင်ဂိုဒါးမား ကို အသုံးပြုရာတွင် စိန်ခေါ်မှုအချို့ ရှိနေပါသေးသည်-

  • သက်တမ်းအတိုခြင်း: ဇီဝမြေသြဇာများသည် သက်ရှိများ ဖြစ်သောကြောင့် သိုလှောင်မှု သက်တမ်း ၆ လမှ ၉ လခန့်သာ ရှိတတ်ပြီး အပူချိန်မြင့်မားပါက ပျက်စီးလွယ်သည်။

  • ဓာတုဆေးများနှင့် မကိုက်ညီမှု: အချို့သော ပြင်းထန်သည့် ဓာတုမှိုသတ်ဆေး များသည် အကျိုးပြု တြိုင်ဂိုဒါးမား မှိုများကိုပါ သေစေနိုင်သည်။

  • အသိပညာပေးရန် လိုအပ်မှု: တောင်သူများအနေဖြင့် ဤဇီဝမြေသြဇာကို မည်သို့ စနစ်တကျ ကိုင်တွယ်အသုံးပြုရမည်ကို သိရှိရန် စိုက်ပျိုးရေးပညာပေး လုပ်ငန်းများ ပိုမိုလိုအပ်ပါသည်။

စာရေးသူ၏အတွေး

ထရိုင်ဂိုဒါးမား ဇီဝမြေသြဇာသည် မြေဆီလွှာကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေရန်၊ စိုက်ပျိုးစရိတ် လျှော့ချရန်နှင့် ဘေးကင်းသော အစားအစာများကို ထုတ်လုပ်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ စိုက်ပျိုးရေး လူ့အဖွဲ့အစည်းအနေဖြင့် ဓာတုဗေဒပစ္စည်းများ အလွန်အကျွံ သုံးစွဲမှုမှ ခွဲထွက်ပြီး ရေရှည်တည်တံ့သော ဤကဲ့ သို့ သော ဇီဝနည်းပညာများကို ပိုမိုလက်ခံ အသုံးပြုလာကြရန် လိုအပ်ပါသည်။ ဤမှိုက ဇီဝမြေဩဇာသာမက ဇီဝမှိုသတ်ဆေး (Bio-Fungicide) အနေနှင့်လည်း အသုံးပြုနိုင်၍ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဓာတုဓါတ်ကျွင်းပြဿနာများကို များစွာလျှော့ချ ပေးနိုင်ပါ လိမ့်မည်။

Dual culture and VOC analysis reveal Trichoderma harzianum as an effective  biocontrol agent against Fusarium oxysporum f.sp. ciceris on chickpea

ပုံ - ၁ ထရိုင်ဂိုဒါးမားဇီဝနည်းဖြင့်မှိုသတ်ခြင်း

မြန်မာ့တောင်သူလယ်သမားများ အကျိုးကျေးဇူးများ ရရှိစေရန် စိုက်ပျိုးရေးပညာရှင်များ (Agricultural Scientists) သာမကဘဲ အနုဇီဝဗေဒပညာရှင်များ (Microbiologists)၊ ဇီဝ နည်းပညာရှင်များ (Biotechnologists)၊ မြေဆီလွှာသိပ္ပံပညာရှင်များ (Soil Scientists) ပါ ပူးပေါင်းသုတေသနဆောင်ရွက်ပါက ပိုမိုအကျိုးရှိနိုင်ပါမည်၊ 

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Anamuddin, M.I.A.; Boddula, R. and Rezakazemi, R. (2021) Biofertilizers: Study and Impact. John Wiley & Sons. 661p.

 

Jaliatt, F.C. (2022) Trichoderma: Technology and Uses. Intech Open Press. 92p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်