၁။ ပင်စိမ်း အရွက်ကို ကြက်စာထဲ ရောထည့်ကျွေးခြင်းဖြင့် အူလမ်းကြောင်း၊ ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ်တတ်သောရောဂါများကင်းဝေးပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါသည်။
၂။ ပင်စိမ်း အရွက်ကို ရေထဲတွင်စိမ်ပြီး ကြက်များကိုတိုက်ပါက ကိုယ်တွင်းကပ်ပါးပိုးများ ကပ်ရောက်ခြင်းကို ကာကွယ်ပေးပါသည်။
၃။ ပင်စိမ်း အရွက်ကို သံပုရာရည်ရော၍ကျိတ်ပြီး လိမ်းပေးပါက ကြက်ပွေး၊ ဝဲနှင့်ယားနာများ ပျောက်ကင်းစေပါသည်။
၄။ ပင်စိမ်းစေ့ကို ကောင်းစွာကျိတ်ပြီး ကြက်အစာထဲထည့်ကျွေးလျှင် ဆီး၊ ဝမ်းနှင့်ပတ်သက်သောရောဂါများ ပျောက်ကင်းစေပါသည်။
၅။ ပင်စိမ်း သတ္တုရည်ကို သံပုရာရည်ရောပြီး ကြက်အိပ်တန်းနှင့် ဥတင်းအတွင်း ပက်ဖျန်းပေးပါက ကြက်သန်း၊ ကြက်လှေးနှင့်မွှားများကင်းဝေးစေမည်။
၆။ ကြက်များ ပြတ်ရာ ထိခိုက်ရှနာများဖြစ်ပါက ပင်စိမ်း အရွက်ထည့်ပေးခြင်းဖြင့် လျှင်မြန်စွာပျောက်ကင်းစေပါသည်။
၇။ ကြက်ခြံအနီးနှင့် ပတ်ပတ်လည်တွင် ပင်စိမ်းအရွက်များထားခြင်း(သို့) ပတ်ပတ်လည်တွင်စိုက်လျှင် ခြင်၊ ယင်၊ ပိုးကောင်၊ မြွေများ ကင်းဝေးမည် ဖြစ်သည်။ ထို့ကြောင့်အိမ်တွင် ပင်စိမ်းအပင်စိုက်ခိုင်းခြင်းဖြစ်သည်။
၈။ ပင်စိမ်းပင်သည် တစ်ရက်လျှင် နာရီပေါင်း ၂၀ ခန့် Oxygen ထုတ်လွှတ်ပေးသောကြောင့် လေထုညစ်ညမ်းခြင်း၊ ခြံအနံ့ဆိုးထွက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်း ရောဂါများ ဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးပါသည်။
ကိုးကား- ဆရာမ ဖြူဖြူ ၏ ”ပင်စိမ်းနှင့်ကြက်ကျန်းမာရေး” အကြောင်း။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more