“ ကျွဲ၊နွား၊သိုး၊ဆိတ်များ ခံတွင်းမြိန်၊ အလေးချိန်တိုး၊ လန်းဆန်းစေမည့် နည်းများ"
ရာသီဥတုပူပြင်းချိန်တွင် ကျွဲ၊ နွား၊သိုး၊ဆိတ်များသည် ခံတွင်းပျက်ဝေဒနာကို ခံစားရလေ့ရှိပါသည်။
ရောဂါလက္ခဏာများ အနေဖြင့်-
- မောပန်းနွမ်းနယ်ခြင်း။
- ကိုယ်အလေးချိန် လျော့ကျခြင်း။
- အားအင်ကုန်ခမ်းခြင်း။
- ထိုင်းမှိုင်းနေပြီး သွက်လက်နိုးကြားမှု မရှိခြင်းတို့ ဖြစ်ပွားကြပါသည်။
ရောဂါဖြစ်ရသည့် အကြောင်းရင်းမှာ -
- ရာသီဥတု ပူပြင်းခြင်း၊
- အစာအရည်အသွေး ညံ့ဖျင်းခြင်း၊
- အစာစားရချိန် မမှန်ခြင်း၊
- ကပ်ပါးပိုးများ ကျရောက်ခြင်း၊
- အလုပ်ပင်ပန်းလွန်းခြင်း၊
- ကူးစက်ရောဂါ ကျရောက်ခြင်း၊
- ဒဏ်ရာများ ရရှိခြင်း၊
- အစာအိမ်တွင် အခက်အခဲဖြစ်ခြင်း၊
- ပတ်ဝန်းကျင် ဖိစီးမှုဒဏ်ခံရခြင်း၊
- ဖျားနာခြင်းတို့ ဖြစ်သည်။

ကာကွယ်ခြင်းအနေဖြင့်-
နွေရာသီကာလ ခြောက်သွေ့ပူပြင်းသောဝန်းကျင်တွင် အစာအရည်အသွေးညံ့သော အခြေအနေမျိုး၌ ကျွဲ၊နွား၊သိုး၊ ဆိတ် များ ခံတွင်းမြိန်စေရန် အောက်ဖော်ပြပါစိမ်ရည်ကို ပြုလုပ်တိုက်ကျွေးထားသင့်ပါသည်။
ဖန်ခါးသီးရင့် ၃ ပိဿာ နှင့် ဇီးဖြူသီးရင့် ၃ ပိဿာကို ထောင်းပြီး ဆား ၄၀ ကျပ်သား၊ရေ ၃ ဂါလံရောစပ်ပြီး ရက် ၂၀ စိမ်ထားပါ။ထိုစိမ်ရေကို တိရစ္ဆာန်များအား နေ့စဥ်အနည်း ငယ်(နို့ဆီဘူး ၁ လုံး၊၂ လုံး)တိုက်ပေးပါက ခံတွင်းကောင်းစေမည်ဖြစ်ပါသည်။
ကုသခြင်းအနေဖြင့် -
- ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ ၁၀၀ စီစီတွင် ဖျော်ပါ။ထို့နောက် ပုစွန်ငါးပိ(မျှင်ငါးပိ) ၃ကျပ်သားနှင့် ရောပြီး တိရစ္ဆာန်အား ၁ ရက် ၁ကြိမ်၊ ၃ရက် ဆက်တိုက် ကျွေးပါ။
- မန်ကျည်းသီးမှည့်အနှစ်ရည် ၅၀၀ စီစီကို ဖန်ခါးသီးရင့် ၁၀ ကျပ်သားနှင့် ရောပြီး ၁ရက်၁ကြိမ် ခံတွင်းပြန်ကောင်းလာသည်အထိ တိုက်ပေးပါ။
- ဂျင်းနှင့် စမုံစပါး ၅ ကျပ်သားစီကို ရောထောင်းပြီး ကြံသကာ(သို့)ထန်းလျက် ၁၀ ကျပ်သား၊ဆား အနည်းငယ်နှင့် ရေဖျော်ပါ။ ထိုအရည်ဖြင့် တိရစ္ဆာန်၏လျှာကိုခံတွင်းပြန်လည်ကောင်းလာသည်အထိ နေ့စဥ်ပွတ်သုတ်ပေးပါ။
ကျွဲ၊နွား၊သိုး၊ဆိတ်များ အလေးချိန်တိုး၍ ဝလာစေရန်-
ဆင်တုံးမနွယ်-လက်တစ်ဆုပ်
ရဲယိုရွက်-လက်တစ်ဆုပ်
မယ်ဇလီရွက်-လက်တစ်ဆုပ်
အုန်းသီး ၁ လုံး- ခြစ်သား
ဆား-လက်တစ်ဆုပ်
အားလုံးကို ရေ ၁၀ လီတာနှင့် ရောပြီး ၂ ရက်စိမ်ပါ။
တိရစ္ဆာန်အားနေ့စဥ် နံနက်တိုင်း ၁လီတာ တိုက်ပါ။ ပြီးလျှင် ရေများများတိုက်ပါ။
ကျွဲ၊နွား၊သိုး၊ဆိတ်များ လန်းဆန်းတက်ကြွစေရန်-
ဆင်တုန်းမနွယ်-၇ ကျပ်သား
ဂုံမင်း- ၇ ကျပ်သားကို ရောထောင်းပြီးလျှင် ထမင်း ၁၅ ကျပ်သားကိုပါ ရောထောင်းပါ။
ပြီးလျှင် လောက်စာလုံးအရွယ်အလုံးငယ်များပြုလုပ်ပြီး တိရစ္ဆာန်အား ၁ ရက် ၁ ကြိမ် ၃ ရက်ဆက်ကျွေးပါ။ထိုအခါမှာတော့ တိရစ္ဆာန်များ လန်းဆန်းတက်ကြွပြီး အစာစားဝင်လာပါမည်။
မွေးမြူရေးတိရစ္ဆာန်များ အပူဒဏ်အန္တရာယ်မှကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇော်မျိုးနိုင်
လွန်ခဲ့သော ၂ နှစ် ကနွားမများ
ဇော်မျိုးနိုင်
လွန်ခဲ့သော ၂ နှစ် ကဂျင်းပါရင်မရပါကိုဝင်ဆောင်
Aung San Win
လွန်ခဲ့သော ၃ နှစ် ကပြန်ဖြေကြားပေးပါဆရာ
Aung San Win
လွန်ခဲ့သော ၃ နှစ် ကဇီးရှိသောနွားမတွေကြွေလို့ရလားဆရာ
KoAgyi Agyi
လွန်ခဲ့သော ၄ နှစ် ကခွာနာ လျှာနာ ဝင်ပြီး အမွှေးရှည် အစားပျက် အားနည်းပိန်နေလို့ ဘာလုပ်ရမလည်းဗျာ
ဆက်စပ်မေးခွန်းများ
အိမ်မွေးကြက်ပါအစာမစားတစ်ကောင်ထဲကွဲထွက်နေပိးကုပ်နေလို့ဘာဆေးဝါးနဲ့ဘယ်လိုကုရမလဲဖြေပေးပါအုံးရှင့်
ပွင့်ဖြူသန့် • ဖြေကြားချက် 2 ခု
ပူပြင်းခြောက်သွေ့သောနွေရာသီတွင် ဝက်များကိုမည်ကဲ့သို့မွေးမြူသင့်လဲ ထိန်းသိမ်းစောက်ရှောက်သင့်လဲ
Ko Zar • ဖြေကြားချက် 1 ခု
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဦးဇော်(dof)
အားလုံး