ကြက်တွေကို ဘာကြောင့် အစာစိမ်းကျွေးဖို့ လိုအပ်တာလဲ

09/10/2020 11:45 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

     ကြက်စာများတွင် ဗီတာမင်နှင့်သတ္တုဓါတ်များ ထည့်ထားသော်လည်း အစာစိမ်းကျွေးသင့်ပါသည်။ မြက်နု၊ ဂေါ်ဖီရွက်၊ ပဲပင်၊ ကန်စွန်းရွက်၊ ရေမှော်ပင်စတာတွေက ကြက်တွေအတွက် အစာစိမ်းတွေဖြစ်ကြပါသည်။ အစာစိမ်းကို ကြက်များ()လသားအရွယ်မှ စတင်ကျွေးနိုင်ပြီး စင်းပြီးကျွေးလျှင် ပိုကောင်းပါသည်။ ဗန်း(သို့)အစာခွက်ထဲထည့်ပြီး ကြမ်းခင်းပေါ်ချပြီး ကျွေးနိုင်ပါသည်။

ကြက်များကို အစာစိမ်းကျွေးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ

     - အစာစိမ်းမှာ ကြက်များအတွက် ခံတွင်းကောင်းစေပြီး ဥ, ဥနှုန်း တိုးစေပါသည်။

     - အစာစိမ်းမှာ ရေ ၈၀% (သို့) ၉၀% ထိ ပါဝင်သောကြောင့် ကြက်များအတွက် တင်းတိမ်စေပြီး အလုံအလောက်ကျွေးခြင်းဖြင့် တစ်ကောင်နှင့်တစ်ကောင်ဆိတ်ခြင်း၊ အသားစားခြင်း၊ အမွှေးဆိတ်ခြင်း စတဲ့ အကျင့်ဆိုးတွေ ပျောက်ကင်းစေပါသည်။

     - အစာကြေလွယ်သော အစာစိမ်းမှာ ဗီတာမင်အေကို ဖြစ်ပေါ်စေသည့် ကယ်ရိုတင်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီနှင့် ဗီတာမင်စီများ ပါဝင်ပါသည်။

     - အစာစိမ်းများမှ ကစီဓါတ်၊ ပရိုတင်းဓါတ်များ ရရှိပါမည်။ အနုအရင့်ပေါ်မူတည်ပြီး အမျှင်ဓါတ်အနည်းအများ ကွာခြားပါသည်။ အစာနုမှာ အစာပိုကြေလွယ်ပြီး အာဟာရတန်ဖိုး ပိုမြင့်ပါသည်။

     - အစာစိမ်းကို စနစ်တကျကျွေးမည်ဆိုပါက ဗီတာမင်ဖြည့်စွက်ဆေးများ ထပ်ဆောင်းကျွေးရန်မလိုအပ်တော့ပေ။

သတိပြုရန်မှာ

    - ကြက်များကို သန်ချဆေးမှန်မှန်တိုက်ကျွေးရမည်ဖြစ်ပြီး အစာစိမ်းစတင်ကျွေးချိန်မှာ များများကျွေးမိလျှင် ဝမ်းပျော့ခြင်း၊ ဝမ်းလျှောခြင်း ဖြစ်တတ်၍ နည်းနည်းချင်းစီ စပြီး တိုးကျွေးသင့်ပါသည်။

     - ကြက်များကို သန့်ရှင်းသော အစာစိမ်းများကျွေးနေလျက် ဝမ်းပျော့နေပါက ခုခံအားနည်းခြင်း၊ အာဟာရမလုံလောက်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် အာဟာရလုံလောက်အောင်ကျွေးပြီး ဆေးတိုက်ရန် လိုအပ်ပါသည်။ ရောဂါနှင့် အပူဒဏ်ကို ခံနိုင်ရန် အစာစိမ်းများသည် မသန့်ရှင်းဘူးဟု ထင်ရလျှင် စင်းပြီးသား အစာစိမ်းများကို ရေနှင့်ဆေးကြောပြီး ကျွေးနိုင်ပါသည်။

     - အစာစိမ်းကို ()မျိူးနှင့်()မျိုး (ဥပမာ - မြက်နုမှ ကန်စွန်းရွက် စသဖြင့်)ပြောင်းပြီး ကျွေးပါက တစ်ပတ်ခန့်အချိန်ယူပြီး တဖြည်းဖြည်းချင်းစီ တိုးကျွေးရပါမည်။ ချက်ချင်း အစာကို ပြောင်းလိုက်လျှင် ဥ,ဥနှုန်းနှင့် ဥမှ အကောင်ပေါက်နှုန်း ကျဆင်းပြီး ဝမ်းလျှောခြင်းများ ဖြစ်တတ်၍ ဖြစ်ပါသည်။

ဦးဇော်(dof)

Ref; ဆရာအောင်ဝင်းထွဋ်၏ ကြက်မွေးမြူရေးအကြောင်း သိကောင်းစရာမှ ကောက်နှုတ်တင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်