စည်ပိုင်းပုံ အုတ်ဖုတ်မီးဖို (Kiln) ဖြင့် အုန်းခွံမီးသွေး ပြုလုပ်ခြင်း

08/02/2018 15:58 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြောထားတာကတော့ အင်္ဂလိပ်လိုဆိုတော့ နည်းနည်းကြီးကျယ်တာပေါ့။ ဒါပေမဲ့ တိုင်ကီပြတ် တစ်လုံးပါပဲ။ လေပေါက်လေးတွေ ဖောက်လိုက်ပြီးတော့ လေကို ထိန်းချုပ်ပြီး မီးသွေးဖုတ်တာ ပါပဲ။ သိပ်တော့ မထူးပါဘူး။ အဲ့ဒါနဲ့ ထုတ်လုပ်တဲ့ မီးသွေးတွေက ဘာတွေရမှာလဲဆိုတော့ သန့်ရှင်းပြီး ပြာဖြူထွက်မယ်၊ နောက်ပြီးတော့ ရေငွေ့ ပါဝင်မှုကလည်း (၅) ရာခိုင်နှုန်းလောက်ပဲ ရှိပြီးတော့ အကောင်းဆုံး အဆင့် မီးသွေးကို ရမှာဖြစ်ပါတယ်။

စည်ပိုင်းပုံ အုတ်ဖုတ်မီးဖို (Kiln) လုပ်နည်း
အဆင့် (၁)။ ။ အရင်ဆုံး အမြင့် (၃) ပေ၊ အချင်း (၂) ပေလောက်ရှိတဲ့ စည်ပိုင်းတစ်ခု ယူလိုက် ပါ။ ပိုက်လုံး ပုံ ၂ ဖက်လုံး အပွင့်ပါ။

အဆင့် (၂)။ ။ အချင်း ၁၀ စင်တီမီတာနဲ့ အရှည် တစ်ပေလောက်ရှိတဲ့ ပိုက်လုံးပါတဲ့ အဖုံးကို သက်သက်ပြင်ထားပေးရမှာဖြစ်ပြီး အလွယ်တကူ ဖွင့်၊ ပိတ်လို့ ရအောင် ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ပိုက်လုံးက မီးခိုးထွက်ဖို့ ခေါင်းတိုင် သဘောမျိုးဖြစ်ပါတယ်။ အဲ့ ပိုက်ထိပ်မှာ ပိတ်နိုင် ဖွင့်နိုင်တဲ့ အဖုံးကလေး ပါရပါမယ်နော်

အဆင့် (၃)။ ။ တိုင်ကီမှာ ကျားကွက်ပုံမျိုးနဲ့ အချင်း ၁၃ မီလီမီတာ ရှိတဲ့ အပေါက်တွေ ဖောက်ပေးရမှာဖြစ်ပါတယ်။ တစ်တန်းကို (၄) ပေါက်နဲ့ (၃) နေရာမှာ ဖောက်ပေးရမှာ ဖြစ်ပါ တယ်။ အပေါက်တွေက အပေါ်အောက် တစ်တန်းတည်း မဟုတ်ပဲနဲ့ ဆနွင်းမကင်းပုံစံနဲ့ ဖောက်ထားပေးရမှာဆိုတော့ အားလုံးပေါင်း အပေါက်က (၁၂) ပေါက် ရှိရမှာဖြစ်ပါတယ်။ ပုံလေးလည်း ပြထားပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်လိုက်ရင်တော့ အုန်းခွံတွေနဲ့ မီးသွေး စပြီး ဖုတ်လို့ရပါပြီ။ 

ကုန်ကြမ်းများကို ပြင်ဆင်ခြင်း
အုန်းခွံနဲ့ မီးသွေးဖုတ်မယ်ဆိုတော့ အုန်းခွံတွေ ပြင်ထားရမှာပေါ့။ လေခြောက် ခြောက်ရုံအဆင့် လောက်ဆိုရင် ရပါတယ်။ ရေပါဝင်မှု က (၂၀) ရာနှုန်းထက် မကျော်ရင် ရပါပြီ။ ဘာလို့လဲ ဆိုရင် မီးသွေးဖုတ်တဲ့ ဖြစ်စဉ်တစ်ခုလုံး မြန်စေရုံသာမကပဲ ပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်စေ နိုင်တဲ့ မီးခိုးတွေ အများကြီး မထွက်အောင်လို့ပါ။ မြေကြီးတွေ သဲတွေ နဲ့ အခြားအမှိုက်တွေ ကင်းအောင် လုပ်နိုင်လေလေ ကိုယ့်မီးသွေးက အရည်အသွေးကောင်းလေလေ ဖြစ်မှာပါပဲ။ အရွယ်အစားကတော့ အမျိုးမျိုးပါပဲ၊ ကိုယ်လိုချင်တဲ့ အရွယ်အစားကို ထည့်လို့ရပေမဲ့ အသေး ဆုံး အရွယ်အစားကတော့ ၂.၅ စင်တီမီတာဆိုတော့ ၁ လက်မလောက် အရွယ်အစားပဲ ဖြစ်ပါ တယ်။ ကောင်းကောင်းကြီး စီထည့်နိုင်တယ်ဆိုရင်တော့ ၉၀ ကီလိုဂရမ် လောက်အထိကို ထည့်နိုင်တာဖြစ်ပါတယ်။ အဲ့ဒါက ပေါင် ၂၀၀ လောက်အထိ အလေးချိန်ရှိတာဖြစ်ပါတယ်။ 

ပြုလုပ်ပုံအဆင့်ဆင့် 
ခုနည်းကလည်း လေကို ထိန်းချုပ်တာကလွဲရင် ကျန်တဲ့ မီးသွေးဖုတ်တဲ့ နည်းတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ နည်းနည်းလောက်ပဲ ကွာခြားပါတယ်။

အဆင့် (၁)။ ။ မီးပြင်းဖိုထဲကို မီးသွေးဖုတ်မယ့် အုန်းခွံတွေ ၄ ပုံ ပုံ တစ်ပုံလောက်အထိ ရ အောင်စီထည့်ပေးပါ အောက်ဆုံးကနေ စထည့်ပါ။ 

အဆင့် (၂)။ ။ အလယ်မှာ အချင်း ၁၀ စင်တီမီတာ လောက်ရှိတဲ့ ဝါးလုံးကို ထည့်လိုက်ပြီး တော့မှ အုန်းခွံတွေကို စီထည့်ပါ။ အဲ့ဝါးလုံးကို ဖြည်းဖြည်းချင်း အပြင်ကို ဆွဲထုတ်လိုက်ရင် အလယ်မှာ လေထွက်ဖို့ မီးခိုးထွက်ဖို့ နေရာရသွားဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

အဆင့် (၃)။ ။ အပေါက်ကလေးတွေ ၁၂ ပေါက် ဖောက်ထားတဲ့အထဲက အောက်ဆုံးတန်းက လွဲရင် ကျန်တဲ့ အပေါက် ၈ ပေါက်ကို ပိတ်ထားပေးပါ။

အဆင့် (၄)။ ။ အောက်ကနေ မီးထိုးပေးလို့ရပါပြီ။ ဂရုစိုက်ရမှာက အုန်းခွံလိုမျိုး မီးတောက် လွယ်တဲ့ ပစ္စည်းတွေ မထည့်ဖို့ပါပဲ

အဆင့်(၅)။ ။ အောက်ကို တဖြည်းဖြည်းလျော့သွားတဲ့ အုန်းခွံတွေထပ်ဖြည့်ပေးပါ။ ပြည့်တဲ့ အထိ ဖြည့်ပြီးရင်တော့ ခေါင်းတိုင်ပါတဲ့ အဖုံးနဲ့ ပိတ်ထားပြီးတော့ ခေါင်းတိုင်အဖုံးကို ဖွင့်ထား ပေးပါ။

အဆင့် (၆)။ ။ ခေါင်းတိုင်ကနေ မီးခိုး ထွက်တာ ကုန်လုနီးပါး ဖြစ်ပြီဆိုလျှင် မီးသွေးဖုတ်တာ အောက်ဆုံးအဆင့်က အဆင်ပြေသွားပြီ။

အဆင့်(၇)။ ။ အောက်ဆုံးကနေ ဖွင့်ထားတဲ့ အပေါက်လေးတွေကို တစ်ချက်စစ်ပေးပါ။ မီးခဲပုံလေးတွေ တွေ့နေရပြီဆိုရင်တော့ အောက်ဆုံးအဆင့်က မီးသွေးလေးတွေ ဖြစ်ကုန်ပြီလို့ ညွန်ပြနေတာဖြစ်ပါတယ်။

အဆင့်(၈)။ ။ အဲ့ဒါဆိုရင် အဲ့အောက်ဆုံးတန်းက အပေါက် (၄) ပေါက်ကို ပိတ်ပြီးတော့ ဒုတိယတန်းက အပေါက် (၄) ပေါက်ကိုဖွင့်ပေးပါ။ အဲ့လိုနည်းနဲ့ အဆင့်လိုက် မီးခဲလေးတွေ ရဲ မရဲ ကိုကြည့်လိုက်၊ ရဲရင် အပေါက်ကလေးတွေ ပိတ်လိုက်နဲ့ အဆင့်လိုက် လုပ်ပေးရမှာ ဖြစ်ပါ တယ်။

အဆင့်(၉)။ ။ နောက်ဆုံး မီးခိုးခေါင်းတိုင်ကထွက်တဲ့ မီးခိုးတွေက အရောင်ကြည် သွားတယ် ဆိုရင် လေဝင်ပေါက်တွေ အကုန်ကို ပိတ်လိုက်ရမှာဖြစ်ပါတယ်။ မီးခိုးခေါင်းတိုင်က အပေါက် ကလေးကိုပါ ပိတ်ပေးရမှာပါ။ လေ လုံးဝမဝင်အောင် ပိတ်ပေးပါ။ လိုအပ်ရင် ရွံ့သုံးပြီးတော့ သေချာအောင် ပိတ်ပေးရမှာဖြစ်ပါတယ်။

အဆင့် (၁၀)။ ။ အထဲက မီးတောက်က သူ့ဘာသာငြိမ်းသွားအောင် စောင့်ပေးပါ။ ပုံမှန်ကြာ ချိန်က ၁ နာရီခွဲလောက် ကြာတာဖြစ်ပါတယ်။ လေမရှိတဲ့အခါကျတော့ မီးက သူ့ဘာသာ ငြိမ်းသွားပါလိမ့်မယ်။

အဆင့် (၁၁)။ ။ ၈ နာရီ ကနေ ၁၂ နာရီလောက် ကြာအောင် စောင့်ပြီးရင် အေးသွားတဲ့အခါ ဖွင့်ပြီးတော့ လောင်နေသေးတာတွေရှိနေရင် ဖြန့်ပြီး အအေးခံလိုက်ပါ။ အုန်းခွံမီးသွေးလေးတွေ ရပြီဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ မီးသွေးထုတ်လုပ်တာက အထွက်ရော အရည်အသွေးရော ပိုကောင်းတာမို့လို့ ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ ပုံမှန်က ထွက်လာတဲ့ အုန်းခွံ ၁၀၀ ဖုတ်ရင် ၂၀ ပဲ ရတာကနေ ခု ၃၄ ကနေပြီးတော့ ၃၉ အထိ တိုးပြီးထွက်လာနိုင်တာက သုတေသနတွေက သက်သေဖြစ်ပါ တယ်။ ဒီသုတေသနတွေကို သစ်တောထုတ်ကုန်နင့် ထုတ်ကုန်များတိုးတက်ရေးအဖွဲ့က ကောက်ခံထားတာ ဖြစ်ပါတယ်။ အသုံးပြုပြီးတော့ တိုးတက်ကြပါကုန်……။။

Htunn Win Kyaw

References
https://www.linkedin.com/pulse/how-make-coconut-shell-charcoal-using-dru... 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်