အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပြောလည်းပြောချင်တယ်၊ ပြောရင်လည်းရမှာမဟုတ်ပါဘူး (၂)

ပြောလည်းပြောချင်တယ်၊ ပြောရင်လည်းရမှာမဟုတ်ပါဘူး (၂)

စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်းစို့

   အစိုးရပညာတော်သင်အနေနဲ့ ၂၀၁၁ ခုနစ်ကနေ ၂၀၁၄ ခုနှစ်အထိ တရုတ်နိုင်ငံမှာ ပါရဂူဘွဲ့တက်တုန်းက မိမိလေ့လာသိရှိခဲ့သမျှကို မျှဝေလိုပါတယ်။ တရုတ်က အမေရိကန်နိုင်ငံကို အဓိကပြိုင်ဖက်လိုသဘောထားပြီး ကဏ္ဍပေါင်းစုံကနေ ကြိုးစားပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေမှာ သူတို့တင်ပြတဲ့အချက်တွေမှာ အမေရိကန်က ပထမဖြစ်လိုက်၊ သူက ပထမဖြစ်လိုက် စတာတွေကို အဓိက ပြသကြပါတယ်။ 

   စိုက်ပျိုးရေးကဏ္ဍအနေနဲ့ သူတို့ဆောင်ရွက်တာလေးက ဒီလိုပါ။ တကယ်လို့ ကျောင်းသား/သူတစ်ယောက်ဟာ ပညာရည်ထူးချွန်ပေမဲ့ မိဘက တက္ကသိုလ်ဆက်ထားဖို့ မတတ်နိုင်တဲ့အခါ သူတို့ကို သုတေသနအကူအဖြစ် သက်ဆိုင်ရာကြီးကြပ်သူ ဆရာတွေက သူတို့ကို နေထိုင်စားသောက်စားရိတ်ကျခံပြီး သူတို့ရဲ့ မဟာသိပ္ပံကျောင်းသားတွေနဲ့ ပါရဂူကျောင်းသားတွေကို ကူညီလုပ်ကိုင်စေပါတယ်။ အဲဒီလိုလုပ်ရင်း သူတို့ဝါသနာပါတဲ့ မေဂျာကို လေ့လာစေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းသား/သူ မိဘတွေအနေနဲ့ သူတို့သား/သမီးတွေအတွက် တက္ကသိုလ်မတက်မီ ငွေကြေးကုန်ကျ သက်သာကာ ကြီးကြပ်သူဆရာအနေနဲ့လည်း သူ့ကျောင်းသားအတွက် ကူဖော်လောင်ဖက်ရကာ လုပ်ငန်း ပိုမို တွင်ကျယ်ရပါတယ်။

   သူတို့နိုင်ငံမှာ  ကြီးကြပ်သူဆရာများအနေနဲ့ နိုင်ငံတကာသုတေသနစာတမ်း (၃၀) ရမှသာ ဌာနမှူး၊ ပါမောက္ခဖြစ်နိုင်တာပါ။ စီနီယာ၊ ဂျူနီယာနဲ့ပေးတာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကြီးကြပ်သူဆရာများကလည်း ပါမောက္ခဖြစ်ဖို့အရေး သုတေသနစာတမ်းရေးသားရာမှာ လိုအပ်တဲ့အချက်အလက် ဒေတာကောက်ယူရာမှာ အခုလို ကျောင်းသားလေးတွေအတွက် နေထိုင် စားသောက်စရိတ်ထောက်ပံ့ရင်း သူ့အတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးရှိစေပါတယ်။ 

   နောက်တစ်ချက် သူတို့နိုင်ငံက သုတေသနကို ဇောင်းပေးလုပ်ကိုင်ကြပါတယ်။ ဥပမာ စပွန်ဆာအဖွဲ့အစည်းတစ်ခုက သူတို့လုပ်ချင်တဲ့ ပရောဂျက်တစ်ခုကို သက်ဆိုင်ရာ တက္ကသိုလ်က သက်ဆိုင်ရာကြီးကြပ်သူဆရာရဲ့ လုပ်ကိုင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေး၊ ပစ္စည်း ထောက်ပံ့ပေးရင်း သူတို့လည်းလိုအပ်တဲ့ တွေ့ရှိချက်အသစ်တွေရကာ သူတို့ စီးပွားရေးအတွက်လည်း အကျိုးရှိစေပါတယ်။ 

   ခုနကလုပ်အားပေးကျောင်းသားလေးတွေလည်း အလုပ်ရ၊ မဟာသိပ္ပံ၊ ပါရဂူကျောင်းသား တွေလည်း ဘွဲ့ရ၊ ကြီးကြပ်သူဆရာလည်းပါမောက္ခဖြစ်ပြီး နောက်ဆုံး ကြီးကြပ်သူ ဆရာရဲ့ တက္ကသိုလ်ရဲ့အဆင့် မြင့်တက်လို့လာပါတယ်။ ကမ္ဘာမှာ တက္ကသိုလ်တွေကို အဆင့်သတ်မှတ်ရာမှာ အဲဒီတက္ကသိုလ်က သုတေသနစာတမ်း ဘယ်နှစောင် ရေးထားလည်းအပေါ်မူတည်ပြီးပေးတာပါ။ နောက်ဆုံးမှာ အဲဒီနိုင်ငံကတက္ကသိုလ်တွေ အဆင့်မြင့်လာတာနဲ့ အဲဒီနိုင်ငံ တိုးတက်လာတာပါပဲ။

   မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ၇၀% ခန့် ဟာ စိုက်ပျိုးရေးလုပ်ငန်းအပေါ်မူတည်နေတာပါ။ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်လာသည်နှင့် ကျွဲကူးရေပါ တိုင်းပြည်လည်း တိုးတက်နိုင်စေမည်ဖြစ်ပါသည်။ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုနေသူများ၊ စိုက်ပျိုးရေးကဏ္ဍကို ဦးဆောင်နေသူများအနေနဲ့ အထက်ဖော်ပြပါ တရုတ်နိုင်ငံရဲ့ နည်းလမ်းအတိုင်း နမူနာယူ လိုက်နာဆောင်ရွက်မည်ဆိုပါက ဆင်းရဲသောကလေးများကို ပညာတတ်လူချွန်လူကောင်းများဖြစ်စေကာ နောက်ဆုံးတွင် တိုင်းပြည်အတွက် အကျိုးအမြတ်ရှိစေမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

 ဒေါက်တာကိုကို (စိုက်ပျိုးရေး)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ ​သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်

ဦး​နေလင်းထက် • ဖြေကြားချက် 1 ခု

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်​သေဆုံးရသည့် အ​ကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ

Nay L H • ဖြေကြားချက် 1 ခု

GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ

Aye Chan Min • ဖြေကြားချက် 0 ခု

ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ

U Than Toe Aung • ဖြေကြားချက် 1 ခု

ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး

MgMinlwinsoe • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။