တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..

22/09/2023 13:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဝင်ငွေရရှိလိုတဲ့ ဘယ်တောင်သူမဆို တစ်ချိန်မဟုတ် တစ်ချိန်မှာ ဈေးကွက်ထဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာကြရပါတယ်။ မိမိသီးနှံကို ဝယ်လက်က ဝယ်ချင်လာအောင်၊ ဈေးကောင်းပေးလာအောင် လုပ်ကြရပါတယ်။ သီးနှံဈေး ကောင်း၊ မကောင်းဆိုတာ ဈေးကွက်အနေအထားအပေါ် မူတည်နေပါတယ်။ တောင်သူဆီမှာ သီးနှံရောင်းအား ဘယ်လောက်ရှိသလဲ၊ ဝယ်လက်ဘက်က ဝယ်လိုအား ဘယ်လောက်ရှိသလဲဆိုတာက သီးနှံဈေးနှုန်းကို အဆုံးအဖြတ် ပေးပါတယ်။ ဒီဆောင်းပါးမှာ သီးနှံဈေးအတက်အကျ ဘယ်လိုဖြစ်ပေါ်သလဲ၊ ဘယ်အချက်တွေက လွှမ်းမိုးသလဲဆိုတဲ့အကြောင်း ရှင်းပြသွားပါမယ်။

ဈေးကွက်ဆိုတာ

ဈေးကွက်အကြောင်း မပြောခင် ဈေးအကြောင်း စပြောရပါမယ်။ ရောင်းသူနဲ့ ဝယ်သူဆုံတွေ့ကြပြီး အရောင်းအဝယ်ပြုလုပ်တဲ့နေရာကို “ဈေး” လို့ ခေါ်ပါတယ်။ ရောင်းမယ့်သူဟာ သူ့သီးနှံ၊ သူ့ရောင်းကုန်ကို ခင်းကျင်းပြသထားမယ်။ ဝယ်မယ့်သူက နှိုင်းယှဉ်ကြည့်ရှုပြီး အကြိုက်တွေ့တဲ့အခါ ဝယ်ယူမှာဖြစ်ပါတယ်။ အဲဒီလို ဈေးတစ်ခုကို နေရာမျိုးစုံမှာ တွေ့နိုင်ပါတယ်။ ကျေးလက်မှာ ကျေးလက်ဈေး ရှိနိုင်သလို မြို့ပေါ်မှာလည်း ဈေးအမြောက်အမြား တွေ့ရပါတယ်။ ဈေးတစ်ခုဖြစ်ဖို့ လိုရင်းဟာ ရောင်းသူ၊ ဝယ်သူ တွေ့ဆုံရောင်းဝယ်ကြဖို့သာဖြစ်ပါတယ်။

ဒါပေမယ့် ‘ဈေးကွက်’ လို့ သုံးနှုန်းတဲ့အခါမှာတော့ ပိုပြီး ကျယ်ပြန့်သွားပါတယ်။ ကျေးလက်ဈေးတစ်ခုထက် ပိုသွားပါပြီ။ သီးနှံတစ်မျိုးမျိုးရဲ့ စုစုပေါင်းရောင်းလိုအားနဲ့ စုစုပေါင်းဝယ်လိုအားတို့အထိ သက်ဆိုင်သွားပါတယ်။ ကုန်တိုက်တွေ၊ ပွဲစားတွေ၊ သမဝါယမလို အသင်းအဖွဲ့တွေဟာ ‘ဈေးကွက်’ ထဲမှာ အစိတ်အပိုင်း တစ်ခုစီအနေနဲ့  ပါဝင်သွားကြပါတယ်။

ဈေးကွက်လမ်းကြောင်းဆိုတာ

ဈေးကွက်အကြောင်း ပြောဆိုရာမှာ ကုန်စည်တစ်ခု ကူးလူးစီးဆင်းရာ လမ်းကြောင်း အကြောင်းလည်း ပါရပါမယ်။ တောင်သူက ထုတ်လုပ်လိုက်တဲ့ သီးနှံဟာ တစ်ချိန်မဟုတ်တစ်ချိန် စားသုံးသူထံ ရောက်သွားရစမြဲပါ။ ဒါပေမယ့် သီးနှံဟာ တောင်သူ့လက်ကနေ စားသုံးသူလက်ထဲကို လွယ်လွယ်နဲ့ ရောက်သွားတာတော့ မဟုတ်ပါဘူး။ အဆင့်ဆင့် ကျော်ဖြတ်ရပါသေးတယ်။ အဲဒီအဆင့်တွေထဲမှာ သီးနှံသိုလှောင်တာ၊ စီမံပြုပြင်တာ၊ ထုပ်ပိုးတာ၊ သယ်ယူပို့ဆောင်တာ အစရှိတာတွေ ပါဝင်ပါတယ်။ ဒီလုပ်ငန်းစဉ်အရပ်ရပ်တွေရဲ့ အစအဆုံး ကွင်းဆက်တစ်ခုလုံးကို ဈေးကွက်လမ်းကြောင်း လို့ ခေါ်ပါတယ်။

တောင်သူအနေနဲ့ ဈေးကွက်လမ်းကြောင်းရဲ့ ဘယ်နေရာ၊ ဘယ်အခန်းကဏ္ဍကနေ ပါဝင်‌နေသလဲ။ သီးနှံကို ဘယ်နေရာမှာ ရောင်းချမလဲ။ ကျေးလက်ဈေးမှာ ရောင်းမလား။ ပွဲစားဆီ ရောင်းမလား။ ကုန်တိုက်သို့ သွားရောင်းမလား။ ဒါမှမဟုတ် သီးနှံကို ကြိတ်ခွဲပြုပြင်ပြီးမှ ရောင်းချမလား။ ဒါတွေကို စဉ်းစားရပါမယ်။

တောင်သူအနေနဲ့ ဈေးကွက်လမ်းကြောင်းမှာ မိမိအတွက် အားအသာဆုံးနေရာကနေ ရွေးချယ်ပါဝင်တတ်ဖို့လိုပါတယ်။ မိမိနယ်မှာ ကုလားပဲကို အစေ့အဆံအတိုင်း ရောင်းတာထက် အမှုန့်ကြိတ် ရောင်းချတာက အကျိုးအမြတ် ပိုရရင် အကျိုးအမြတ် ပိုရတဲ့လမ်းကို ရွေးရပါမယ်။ ဟင်းသီးဟင်းရွက်ကို ကျေးလက်ဈေးမှာ ရောင်းတာထက် စားသောက်ဆိုင်တွေ၊ ကုန်တိုက်‌တွေဆီ ရောင်းတာက အမြတ်ပိုကျန်ရင် အမြတ်ပိုကျန်မယ့်လမ်းကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဈေးကွက်လမ်းကြောင်းအသွားအလာအရ မီးစင်ကြည့် ကတတ်ရမှာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်