တစ်ပတ်အတွင်း ဈေးအပြောင်းအလဲဖြစ်သွားသော သီးနှံများ (ဈေးကွက်သုံးသပ်ချက်)
ပဲစဥ်းငုံနီ
ပဲစင်းငုံနီကလည်း တစ်ပတ်အတွင်း အကျဈေးနဲ့ ရှိနေတာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်း အဝယ်မရှိသလောက်ထိ ဖြစ်နေတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ လက်ရှိ မြင့်တက်နေတဲ့ ငွေကြေး ဈေးအခြေအနေတွေကို စောင့်ကြည့် ရောင်းဝယ်နေရတာ ဖြစ်လို့ မဖြစ်မနေတင်ပို့ ရမယ့် ပဲတွေကိုသာ ဝယ်ယူမှုတွေရှိတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီ စိုက်ဧက က အများအပြား တိုးလာမှာ ဖြစ်တဲ့အပြင် ဈေးကျဆင်းအောင် အရေးယူတာ တွေကြောင့် ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံဖြစ်တဲ့ အာဖရိကနိုင်ငံကနေလည်း ဝင်ရောက်လာတော့မှာ ဖြစ်လို့ ပဲစင်းငုံနီကတော့ လက်ရှိ အခြေအနေအရ တက်နိုင်ခြေမရှိဘူးလို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီတစ်တန်ကို ရူပီး ၁၀၈၇၅ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၇၅ ရူပီးဈေးကျဆင်းသွားပါတယ်။
ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၄၆၀၀၀၀ ကျပ်၊ တနင်္လာနေ့ မှာတော့ တစ်တန်ကို ၄၄၄၂၀၀၀၊ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၄၂၅၀၀၀၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို ၄၃၉၀၀၀၀ ကျပ်ရှိပြီး ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၄၄၀၅၀၀၀ ပေါက်ဈေးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ် ယှဉ်ရင် တစ်တန်ကို ၅၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၂၇၀ မှ ၁၂၈၀ ဒေါ်လာ ရှိပြီး ဈေးငြိမ်ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ရန်ကုန်မှာ အပြောင်းအလဲ မရှိပေမယ့် မန္တလေးဈေးကွက်မှာတော့ ဆက်တိုက် အတက်ရှိနေပါတယ်။ ငွေကြေးလဲလှယ်ဈေးနှုန်း မြင့်တက်နေတဲ့အတွက်ကြောင့်သာ ဈေးမြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၂၅၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၀၀၀ ကျပ် ၊ ပဲတီစိမ်း ဝါးခယ်မကတော့ တစ်ပိဿာကို ၃၅၀၀ မှ ၄၇၅၀ ပေါက်ဈေး နဲ့ ၃ ပတ်ဆက်တိုက် ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၇၀၀၀၀ မှ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၄၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ၂ ပတ်အတွင်း တစ်အိတ်ကို ၂၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းမျိုးစုံ
နှမ်းမျိုးစုံကတော့ ဈေးမြင့်တက်လာနေပါတယ်။ ဈေးကွက်ထဲ အဝင်နည်းနေတာရယ် ပြည်ပ ဝယ်လက် ရှိနေတာတွေရယ်ကြောင့် ဈေးမြင့်တက်လာတာဖြစ်ပါတယ်။
မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၄၇၀၀၀၀ မှ ၅၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ နှမ်းဖြူကတော့ တစ်အိတ်ကို ၃၈၅၀၀၀ မှ ၃၉၅၀၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။ နှမ်းဖြူ(ဂျပန်)ကတော့ တစ်အိတ်ကို ၄၂၀၀၀၀ မှ ၄၃၅၀၀၀ ရှိပြီးတစ်အိတ်ကို ၅၀၀၀ ကျပ်၊ နှမ်းညိုကတော့ တစ်အိတ်ကို ၃၃၅၀၀၀ မှ ၃၅၀၀၀၀ ပေါက်ဈေးရှိကာ တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
ကြက်သွန်နီ
ဆက်တိုက်ဈေးကျဆင်းနေတဲ့ ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းလာတဲ့ အတွက် ဈေးမြင့်တက်လာတာဖြစ်ပြီး သယ်ယူပို့ဆောင်စရိတ် မြင့်တက်တာတွေကြောင့် ဈေးတွေမြင့်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ နေ့စဉ် ရန်ကုန်ဈေးကွက်ထဲကို ပိဿာချိန် တစ်သိန်းအထက် အဝင်ရှိနေပါတယ်။
ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၁၆၀၀ မှ ၂၃၀၀ ကြားရှိပြီး ၃၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ အခြား မြင်းခြံ၊ တောင်သာ၊ မုံရွာ၊ ရွှေဘိုတို့ကလည်း တစ်ပိဿာကို ၁၅၀၀ ကနေ ၂၅၅၀ ကြားရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 2 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....