တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

04/06/2025 15:51 PM တွင် AMIA AMIA မှ ရေးသား

ပဲတီစိမ်းက စျေးတန်းအေးပြီး  မတ်ပဲနဲ့ ပဲစဥ်းငုံကတော့ စျေးထပ်ကျပါတယ်။ ကြက်သွန်နီစျေးကျနေဆဲပါ ။

ပဲတီစိမ်း

ယခုအပတ်မှာတော့   ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက စျေးတန်းငြိမ်ပြီး ပဲတီစိမ်း အညာကတော့ စျေးပြန်ကျပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့ စျေးထပ်တက်လာပါတယ်။

ယခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့  ပဲခူးရွှေဝါက တစ်ပိဿာကို ၇၁၆၅ ကျပ်နဲ့ ငြိမ်နေတာပါ။

ပဲတီစိမ်း အညာကတော့ အရင်တပတ်က တစ်ပိဿာကို  ၆၆၆၅ ကျပ်မှ ၆၈၅၀ ကျပ်ရှိပြီး ယခုတစ်ပတ်မှာ ၆၅၀၀ မှ ၆၅၂၀ ကျပ်စျေးတန်း သာရှိတာကြောင့် ၁၆၅ ကျပ်မှ ၃၃၀ ကျပ်စျေးကျလာတာဖြစ်ပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့  ၆၁၆၅ မှ ၆၁၈၅ ကျပ် တစ်ပိဿာကို ၁၆၅ ကျပ်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ စျေးတန်းအကျဘက်မှာပဲ ဆက်ရှိနေပါသေးတယ်။ မိုးရွာသွန်းမှုများနေတဲ့အတွက် ကုန်သည်တွေက ကြက်သွန်အဝယ်အေးနေပေမယ့် တောင်သူတွေကလည်း ရောင်းချလိုသူများနေတာကြောင့်စျေးတန်းအေးနေတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပခုက္ကူကြက်သွန်က ၁၀၀၀ မှ ၁၃၀၀ ကျပ်သာရှိပြီး ၊ ဆိပ်ဖြူကြက်သွန်က ၇၀၀ မှ ၁၆၀၀ ကျပ် ၊ မြင်းခြံ ကြက်သွန်က တစ်ပိဿာကို ၇၀၀ မှ ၁၁၀၀ ကျပ်သာ စျေးတန်းရှိတယ်လို့သိရပါတယ်။

မတ်ပဲ

မတ်ပဲကတော့  ခုတစ်ပတ်မှာလည်း စျေးတန်းထပ်ကျလာပါတယ်။ စျေးတန်းဆက်ကျတာ  သုံးပတ်ဆက်တိုက်ရှိပါပြီ။   

နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၆၀၀၀ ဝန်းကျင်နဲ့ ၁၅၀၀ ကျပ်လောက် ကျလာပါတယ်။ မတ်ပဲစျေးကွက် က  အိန္ဒိယရဲ့  ဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျ ဖြစ်ပေါ်တာဖြစ်ပါတယ်။

မတ်ပဲကို အဓိကဝယ်ယူတဲ့  အိန္ဒိယနိုင်ငံမှာ မတ်ပဲစျေးကွက် အေးနေတာကြောင့် မြန်မာမှာပါ မတ်ပဲစျေးက အတက်ကို မရောက်နိုင်ဘဲ ကျရိပ်ဆက်တိုက်ပြလာတာဖြစ်ပါတယ်။ 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၉၅၀၀၀ မှ ၃၀၂၀၀၀၀ ကျပ်အတွင်းစျေးတန်းသာရှိခဲ့ပါတယ်။

အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၃၀၃၅၀၀၀ မှ ၃၀၅၇၀၀၀ ကျပ် ရှိခဲ့တာကြောင့်   ခုတစ်ပတ်အတွင်းမှာ   တစ်တန်ကိုမှ  ၃၀၀၀၀၀ ကျပ်ကျော် လောက် စျေးထပ်ကျပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးတန်းထပ် ကျလာ​ပါတယ်။ တစ်တန်ကိုအများဆုံး ၆၀၀၀၀ လောက်အထိ ထပ်ကျလာတာဖြစ်ပါတယ်။ ပြည်တွင်းစျေးကွက်မှာ ပဲစဥ်းငုံ ဝယ်လိုအားလျော့ကျနေတဲ့အတွက် စျေးလည်းကျဆင်းလာနေတာ ဖြစ်ပါတယ်။

ပဲစင်းငုံနီကလည်း အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်လို့ အိန္ဒိယက ဝယ်လိုအားနည်းချိန်မှာ စျေးတန်းကအကျဘက်ကို ရောက်နေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိ ဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း  ၂၈၂၆၀၀၀ မှ ၂၈၇၃၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။

အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ၂၉၀၀၀၀၀ မှ ၂၉၃၇၀၀၀ ကျပ် အတွင်း စျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့်  အခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၆၀၀၀၀ လောက် စျေး ထပ်ကျလာပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်