အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

မိုးဇလ
မိုးဇလ 23/01/2022

(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အများအားဖြင့် သာယာ နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့်ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆာဖိုးသား ဘယ်စျေးပေါက်လည်းဗျ ရိတ်ကတော့မာမို့လို့ပါ စျေးကွာနေမာစိုးလို့

ဇင်ကိုလတ် • ဖြေကြားချက် 1 ခု

ပေါင်းသတ်ဆေးဖြန်းလို့အဆင်ပြေအုံးမလားဗျ၁လသားတုန်းကကွန်းဟုပ်တစ်ကြိမ်ဖြန်းထားသေးလို့ကြွက်သတ်ဆေးကောဘာသုံးသင့်လဲဗျဘေးနားမှာကြက်ခြံရှိလို့

သူရစိုး • ဖြေကြားချက် 1 ခု

ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး

KO Thiha lin • ဖြေကြားချက် 3 ခု

ဒိုက်မြက်နဲ့ မြင်းစာမြက်ရှိတဲ့လယ်တေကို မတ်ပဲကျဲလို့သင့်တော်မလား

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်ခင်းလုံးကို ကူးစက်နိုင်ပါသလားဆရာ အဲ့ပုံစံအလုံးလေးတွေကိုတော့အဆက်မပြတ်ရှာဖွေ ခူယူပြီးအဝေးကိုလွှင့်ပစ်ပါတယ်ဗျ ဒါမဲ့ မနေ့ကအပြောင်းခူးပေမဲ့ ဒီနေ့အလိုအလုံးလေးတွေ ထပ်တွေ့နေရလို့ စိတ်ညစ်နေရပါတယ် မနေ့မနက်က ကယ်စီပလပ်နဲ့မင်းသား တွဲပီးဖျန်းထားပါတယ်ဗျ မိုးမရွာတာလဲ တစ်လခွဲလောက်ရှိပါပြီ အခြေနေတွေကြောင့်ရေလဲမတင်နိုင်ပါဘူးဆရာ အခုတော့ ကြည်လွဲရက်ရောက်ပီဆိုတော့ မိုးအဆက်မပြတ်ရွာနိုင်ပါတယ်ဆရာ မိုးရွာတာမဲ့ ပုံထဲက မော်နီတာ ဂျစ်ပ်ဆမ် ဖြူးပါမယ်ဆရာ အခုလဲ မိုးအုံ့လိုက် နေပူလိုက် မိုးပေါက်ကျလိုက်အလိုအနေထားရှိနေပါတယ် ပျောက်ကင်းအောင်ကုသလို့ရလား တားဆီးလို့ရလားဆရာ တစ်ခင်းလုံးကူးရင်တော့ ရင်ကျိုးရချည်ရဲ့ ခရမ်းချဥ်သီးကဘယ်နေရာမှအသုံးမဝင်တဲ့ ရောဂါဆိုးကြီးတစ်ခုပါပဲဆရာ

U Yan • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။