အစားစာပြီးမပြုသင့်သည့် အန္တရယ်ရှိသော အပြုအမူ(၇)မျိုး

16/01/2018 14:22 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၁) ဆေးလိပ်မသောက်ပါနှင့်
အစားစာပြီးဆေးလိပ် (၁)လိပ်သောက်ခြင်းသည် သာမန်ချိန်တွင်ဆေးလိပ် (၁၀)လိပ်သောက်ခြင်းနှင့် ညီမျှသည်။ (ကင်ဆာရောဂါ ဖြစ်နိုင်ချေ ပိုများသည်)

(၂) အသီးအနှံများကို ချက်ချင်းမစားသုံးပါနှင့်
သင်သည်အသီးအနှံများအား အသားများနှင့်တွဲဖက်စားသုံးသော အခါအစာအိမ်ထဲတွင် အသီးအနှံများသည် အစားအစာများကိုအူဆီသို့ မရောက်နိုင်သောထိန်းချုပ် ထားသည်။ အစာအိမ်ထဲတွင်ကျန်ရှိနေသော အစားအစာ များကိုလည်း ဖျက်ဆီးပစ်သည်။ ထို့ကြောင့် အသီးအနှံများကို အစားမစားမှီ အနည်းဆုံး (၁)နာရီအလို (သို့)အစားစားပြီး (၁)နာရီအကြာမှ စားသုံးပါ။ မနက်ခင်းအစာ မရှိသောအချိန်တွင် စားသုံးပါကအသီးအနှံများ တွင်ပါဝင်သော အဟာရဓါတ်များကို အကောင်းဆုံး အသုံးပြုနိုင်ပြီး နေ့တစ်နေ့အတွက် လုံလောက်သော စွမ်းအင်များကို ရရှိနိုင်သည်။

(၃) လက်ဖက်ရည်မသောက်ပါနှင့်
အစားစားပြီး လက်ဖက်ရည် မသောက်သုံးသင့်ပါ။ အဘယ့်ကြောင့်ဆိုသော် လက်ဖက်ရွက်များတွင် မြင့်မားသော အက်ဆစ်များ ပါဝင်သောကြောင့်ဖြစ်သည်။ ၎င်းအရာများသည် ပရိုတိန်းဓါတ်များကို ဖြစ်စေနိုင်ပြီး ကျွန်ုပ်တို့ စားလိုက်သော အစာများချေဖျက်ခြင်းကို ခက်ခဲစေနိုင်ပါသည်။ ထို့ကြောင့်အစာစားပြီး တစ်နာရီကြာမှသာ လက်ဖက်ကိုသောက်သုံး သင့်ပါသည်။

(၄) ခါးပတ်ကြိုးကို မလျောလိုက်ပါနှင့်
ယေဘူယျအားဖြင့် ကောင်းသောအစားအစာများသည် ကျွန်တော်တို့၏ ခါးပတ်ကြိုးများကို လျော့ချစေရန် အားထုတ်ပေးသည်။ သို့သော် ခါးပတ်ကြိုးများ လျော့ထားခြင်းက ဆိုးပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းက အူများကို ရစ်ပတ်ခြင်းနှင့် ပိတ်ဆို့ခြင်းများကို မဖြစ်ပေါ်စေနိုင်သော်လည်း သင့်အားမသက်သာမှုကို ခံစားစေနိုင်လောက်တဲ့ ပမာဏအထိ သင် အလွန်အကျွံစားသုံးမိနိုင်ခြင်းကြောင့် ဖြစ်သည်။ ခါးပတ်ကြိုးလျော့ချခြင်းသည် သင့်အား သက်သာသော ခံစားမှုကို တစ်ကြိမ်တစ်ခါ ခံစားစေပြီး ဒီခံစားမှုက သင်အား အလွန်အကျွံ စားသုံးစေပါသည်။
ထို့ကြောင့်ခါးပတ်ကြိုးလျော့ချခြင်းအား မပြုလုပ်ဘဲ သင့်အတွက်သက်တောင့်သက်သာ ရှိစေနိုင်သော အစာပမာဏကိုသာ စားသုံးပါ။

(၅) အစာစားပြီးရေမချိုးပါနှင့်
အစားစားပြီးရေချိုးခြင်းသည် လက်၊ ခြေထောက်နှင့် ခန္ဓာကိုယ်သို့သွေး စီးဆင်းမှုမြန်ဆန်လာပြီး အစာအိမ်တစ်ဝိုက်ရှိ သွေးပမာဏကိုလျော့ကျစေသည်။ ထို့ကြောင့်အစာအိမ်၏ အစာချေဖျက်ခြင်း စနစ်ကိုအားနည်းစေသည်။

(၆) စားပြီးပြီးခြင်း လမ်းမလျှောက်ပါနှင့်။
အစာစားပြီးလမ်းလျှောက်ခြင်းသည် အစားမကျေခြင်းနှင့် အက်ဆစ်များ ပြောင်းပြန်စီးဆင်းစေသည်။ သို့သော်လည်း အစာစားပြီးနာရီဝက်အကြာတွင် လမ်းလျှောက်ခြင်းသည် သင့်အတွက်ကောင်းမွန်သော နည်းလမ်းကောင်း တစ်ခုဖြစ်သည်။ တောင်ပိုင်း ကာလိုနီယာ တက္ကသိုလ်ရှိ သိပ္ပံနည်းကျ လေ့ကျင့်ခန်းပြုလုပ်ခြင်း ဌာနမှ လေ့လာသူ များသည် လေ့ကျင့်ခန်းပြုလုပ်ပြီး လမ်းလျှောက်ခြင်းသည် စွမ်းအင်များလောင်ကျွမ်းခြင်း အတွက်ကောင်း မွန်သော နည်းလမ်းတစ်ခုဖြစ်သည် ဟုတွေ့ရှိခဲ့သည်။
သင်သည်အက်ဆစ်များ ပြောင်းပြန်စီးဆင်းခြင်းနှင့် အစာအိမ်ကပြောင်းကပြန် ဖြစ်ခြင်းမှကာကွယ်နိုင်ရန် အစာစားပြီးမိနစ်၂၀ သို့မဟုတ်မိနစ်၃၀အကြာတွင် ၁၀မိနစ်ခန့်လမ်းလျှောက်ခြင်းအား ပြုလုပ်သင့်သည်။

(၇) ချက်ချင်းမအိပ်ပါနှင့်။
အစားစားပြီးချက်ချင်းအိပ်လိုက်ခြင်းသည် ကျွန်တော်တို့စားသုံးလိုက်သော အစားအစာများကို ကြေညက်စေရန် မလွယ်ကူပေ။ ထို့ကြောင့်ကျွန်တော်တို့၏ အူများတွင် ဝမ်းနှင့်ဆိုင်သောရောဂါများ နှင့် ကူးစက်ရောဂါများ ကို ဖြစ်စေနိုင်သည်။

REF: Conscious Life News

ဘာသာပြန်ဆိုသူ - သိမ့်ဟေမာန်အောင်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်