ထုတ်ကုန်ကွင်းဆက်တစ်လျှောက် အစားအစာဘေးကင်းရေး စီမံခြင်း သင်တန်းလျှောက်လွှာခေါ်ယူခြင်း

17/10/2022 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Mekong Institute မှာ သင်ယူဖြစ်ခဲ့တဲ့ ကမ္ဘာ့အစားအစာကွင်းဆက်တလျှောက် ဘေးကင်းရေး ဘယ်လိုစီမံကြမည်လဲဆိုတာတွေ🏆🏆🏆

ပြီးခဲ့တဲ့ နှစ်များမှာ နိုင်ငံတော်ရဲ့ Quality Infrastructure တွေတည်ဆောက်ခဲ့ရာမှာ ပါဝင်ဆောင်ရွက်ခဲ့သမျှလေးတွေ💡💡💡

ပြီးခဲ့တဲ့နှစ်များမှာ ဆောင်ရွက် လေ့လာပြုစုဖြစ်ခဲ့တဲ့ တန်ဖိုးကွင်းဆက်တွေနဲ့ အစားအစာဘေးကင်းရေး ကိစ္စတွေကို 📃📃📃

အခြေခံပြီး ပြန်လည် မျှဝေခြင်း ၂ ရက်တာ သင်တန်းအစီအစဉ်လေးကို စိတ်ဝင်စားသူအားလုံးကို လေးစားစွာ ဖိတ်ခေါ်ပါတယ်ရှင်။ 

အထူးသဖြင့် စိုက်ပျိုးရေးထုတ်ကုန်ကွင်းဆက်တလျှောက်ပါဝင်သူများဖြစ်ကြတဲ့ စိုက်ပျိုးထုတ်လုပ်သူ၊ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရောင်းဝယ်ကြဆသာ လုပ်ငန်းရှင်များ၊ ပြုပြင်ကြိတ်ခွဲသူ၊ အစားအစာ/ ကုန်ချောထုတ်လုပ်သူများ၊ ဝန်ဆောင်မှုပေးသူများ၊ သုတေသနနဲ့ ပညာရပ်ဆိုင်ရာနယ်ပယ်မှ စိတ်ဝင်စားသူ မိတ်ဆွေများအားလုံးကို ဖိတ်ခေါ်ပါတယ်။

လူဦးရေ မကန့်သတ်ထားလိုသော်လည်း ထိရောက်စွာ မျှဝေ ဆွေးနွေးနိုင်ဖို့ ယခုတခေါက်သင်တန်းကိုတော့ လူဦးရေ ၅၀ ထိ လက်ခံပါမယ်ရှင့်။ လိုအပ်ပါက ထပ်မံစီစဉ်ပေးပါမယ်ရှင့်။ 

QR code လေးကို Scan ဖတ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ 

နေ့စွဲ - အောက်တိုဘာလ ၂၂ ၊ ၂၃ (စနေ၊ တနင်္ဂနွေ)

အချိန်- နေ့လည် ၁:၀၀ မှ ၃:၀၀ နာရီထိ 

နေရာ- အွန်လိုင်း Zoom platform

Crd - myanSEED Fb page


Natural Cure Co.,Ltd ကြော်ငြာ

ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံးမင်္ဂလာပါရှင့် ခုမိတ်ဆက်ပေးချင်တာကတော့ အန်စီကွန်ပေါင်းဓာတ်မြေဩဇာလေးတွေဖြစ်ပါတယ် တောင်သူကြီးများအနေဖြင့် သီးပင်စားပင်စိုက်ပြီဆိုတာနဲ့ မြေဩဇာကျွေးလေ့ရှိကြတယ်မဟုတ်လား မြေဩဇာဆိုတာနဲ့ (NPK)အချိုးအစုံရှိတဲ့ အန်စီဓာတ်မြေဩဇာလေးတွေကို သတိရလိုက်ပါရှင့် အောက်မှာ အချိုးတစ်ခုချင်းစီအလိုက် ပုံလေးတွေနဲ့ အတူတူ ဖော်ပြပေးလိုက်ပါတယ်ရှင့် အသေးစိတ်သိလိုပါက 09958457742 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်