ငါးလေးဖရုံလုံးကြော်

20/05/2024 13:59 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

အရွယ်ရောက်ပြီးသူများအတွက် ၄၈ ဂရမ်(၃ ကျပ်သား) အထက်နှင့် ၆ လ-၂၃ လ အရွယ် ကလေးငယ်များအတွက် ၂၄ ဂရမ်(၁ ကျပ်ခွဲသား)သည် တနေ့တာအတွက် အာဟာရဓာတ်များကို အလုံအလောက်ဖြည့်ဆည်းပေးနိုင်ပါသည်။ 

လိုအပ်သည့်ပစ္စည်းများ

ငရုတ်ဆုံနှင့် ငရုတ်ကျည်ပွေ့၊ လက်လှည့်ကြိတ်စက်၊ ဇွန်း၊ ဓား၊ ပန်းကန်နှင့် ကြော်ရန်ဒယ်အိုး

ပါဝင်သောပစ္စည်းများ

  • ငါးကလေးများ(ငါးဦးခေါင်းအပါအဝင်) ၁၈-၂၀ ကောင်
  • ပြုတ်ပြီးချေထားသော ဖရုံသီး ဟင်းချိုပန်းကန်လုံးအသေးတဝက်
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ ၄ မွှာ
  • ဂျင်း ၂ စိတ်
  • နနွင်း ဇွန်းသေးတဝက်
  • အိုင်အိုဒင်းဆား အနည်းငယ်
  • ဆီ အသင့်အတင့်

ဟင်းလျာအတွက် ပြင်ဆင်ခြင်း

၁။ ဟင်းလျာမပြင်ဆင်မီ လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောပါ။

၂။ ငါးကို ရေဖြင့်(၂)ကြိမ် ဆေးကြောပါ၊ ငါးဦးခေါင်းကိုမဖြတ်ရ။

၃။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းကို ရော၍ထောင်းပြီး ဘေးတွင်တင်ထားပါ။

၄။ ငါးငယ်လေးများကို တကောင်လုံး ကြေညက်သည်အထိ ထောင်းပါ သို့မဟုတ် ကြိတ်ပါ။

၅။ ငါးကို ပန်းကန်ထဲတွင်ထည့်ထားပါ၊ ပြီးနောက် ချေထားသည့်ဖရုံသီးကို ထည့်ပါ။

၆။ ထောင်းထားသည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့မှ အရည်ညှစ်ယူပါ။

၇။ နနွင်းနှင့် အိုင်အိုဒင်းဆားအနည်းငယ်ကို လိုသလောက်ထည့်ပါ။

၈။ အနေတော်အလုံးလေးများ လုံးပါ။

၉။ ဖရုံသီးနှင့်ငါးအလုံးလေးများကို ရွှေဝါရောင်သန်းလာသည်အထိ ကြော်ပါ။

ဤဟင်းလျာချက်ပြုတ်နည်းတွင် လိုအပ်သောငါးပမာဏမှာ ၁၂.၅ ကျပ်သား(အဝက်သား)ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်