ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ

26/06/2026 20:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ပေးပို့ထားပါသည်။

စိုက်ပျိုးထုတ်လုပ်မှုတွေ မလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားထားရမဲ့ စီမံချက်တွေကနေစပြီးတော့ 

  • သီးနှံနဲ့ မျိုးရွေးချယ်တာတွေ
  • ပျိုးထောင်တာကနေ ပြောင်းရွေ့စိုက်ပျိုးတာ
  • သီးနှံတွေကို ထိန်းသိမ်းစောင့်ရှောက်တာ
  • ရေပေးနည်း၊ မြေသြဇာကျွေးနည်း၊ ပိုးသတ်ဆေးတွေ ကိုင်တွယ်အသုံးပြုနည်းတွေနဲ့

ရိတ်သိမ်းချိန်ထိ အစအဆုံးပါဝင်သင်ကြားပေးမယ့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးထုတ်လုပ်နည်းသင်တန်း တက်ရွက်ခွင့်ရရှိသူများပဲ ဖြစ်ပါတယ်။ 

သင်တန်းတက်ရောက်ခွင့်ရရှိသူများဟာ တက်ရောက်ရန်အတွက် လိုအပ်တဲ့ Gmail account များဖွင့်ထားခြင်းနဲ့ အစိမ်းရောင်လမ်းဆော့ဝဲအတွင်း မြားနီနည်းပညာပေးရေးအဖွဲ့သို့ ဝင်ရောက်ထားခြင်းကို လုပ်ဆောင်ထားခဲ့ကြသူများပဲ ဖြစ်ပါတယ်။ 

ထို့ကြောင့် ယခုတက်ရောက်ခွင့်ရရှိသူ မိတ်ဆွေတောင်သူများအနေဖြင့်လည်း သင်တန်းအတွက်လိုအပ်သည့် လမ်းညွှန်ချက်များကိုလုပ်ဆောင်နိုင်ရန် ဇူလိုင်လ (၇) လပိုင်းအတွင်း Gmail များစစ်ဆေးကြရန် လိုအပ်ပါကြောင်းနဲ့ 

အစိမ်းရောင်လမ်းနှင့် မြားနီနည်းပညာပေးရေးအဖွဲ့၏ သင်တန်းအသေးစိတ်အချက်အလက် Update များကို အစိမ်းရောင်လမ်းဆော့ဝဲရှိ မြားနီနည်းပညာပေးရေးအဖွဲ့အတွင်းမှာသာ ဆက်လက်၍ ပို့စ်တင်သွားမည်ကြောင်းလည်း ထပ်လောင်းအသိပေးပါရစေဗျ..။

မှတ်ချက်။ ။ သင်တန်းတက်ရောက်ရန်အတွက် စာရင်းပေးသွင်းထားသူမိတ်ဆွေတောင်သူများအား အစိမ်းရောင်လမ်းနှင့် မြားနီနည်းပညာပေးရေးအဖွဲ့မှ ဖုန်းဖြင့်စာတိုများပေးပို့ခြင်း၊ Viber နှင့် Gmail မှ စာများပေးပို့၍ ဆက်သွယ်ခြင်းများပြုလုပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်