အဖွင့်ဈေးကောင်းပေမဲ့ အဝင်များလို့ ဈေးပြန်ကျသွားတဲ့ ချင်း(ဂျင်း)ဥမ
ရှမ်းပြည်နယ်တောင်ပိုင်း ကုန်စိမ်းဈေးကွက်တွင် ဂျင်းအခက် ဈေးနှုန်းက အတက်ဘက်၌သာ ဆက်လက်ရှိနေသော်လည်း ဂျင်းဥမ ဈေးကွက်ကမူ အကျဘက်သို့ ရောက်ရှိလာနေကြောင်း အောင်ပန်းကုန်စိမ်းဈေးကွက်အရ သိရသည်။
ရှမ်းပြည်နယ်တွင် ဂျင်းဥမ တူးဖော်ချိန်ဖြစ်သောကြောင့် အောင်ပန်းကုန်စည်ဈေးကွက်အတွင်း ဂျင်းဥမ ကုန်ချိန်အဝင်များသဖြင့် ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်သည်ဟု သိရသည်။
ဂျင်းအခက်ကမူ တူးဖော်သည့် ရာသီချိန် ကုန်ဆုံးသလောက် ရှိသွားပြီဖြစ်သောကြောင့် ကုန်စိမ်းဈေးကွက်အတွင်းသို့ ဂျင်းအခက် ဝင်ရောက်မှုနည်းပါးလာသဖြင့် ဈေးနှုန်းက အတက်ဘက်၌သာ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
"အခုက ပွဲရုံတွေကို ဂျင်းဥမတွေ အဝင်များနေတယ်။ အဖွင့်ဈေးက ကောင်းပေမဲ့လည်း အဝင်များတော့ ဈေးပြန်ကျသွားတဲ့ သဘောရှိတယ်။ ဂျင်းအခက်ကျတော့ ပစ္စည်းသိပ်မရှိတော့ ကုန်အဝင်လည်းနည်းပြီး ဈေးက အတက်မှာ ရှိနေတာပါ။ မိုးတွင်းက ဒီလိုပဲ ဖြစ်နေကျ" ဟု အောင်ပန်းပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိ အောင်ပန်းကုန်စည်ဈေးကွက်တွင် ဂျင်းဥမ တစ်ပိဿာလျှင် ကျပ် ၁,၄၀၀ မှ ကျပ် ၁,၅၀၀ အတွင်းသာရှိပြီး ဂျင်းအခက်က တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ကျပ် ကျပ် ၄,၅၀၀ အတွင်း ဈေးတန်းရှိနေကြောင်း သိရသည်။
အောင်ပန်းကုန်စည်ဈေးကွက်ထဲသို့ ယခု ဇွန်လ ၁၅ ရက် စတင်၍ ဂျင်းဥမများ ဝင်ရောက်လာခြင်းဖြစ်ပြီး ဈေးကွက်ထဲ စတင်ချိန်က ဂျင်းဥမ တစ်ပိဿာလျှင် ကျပ် ၂,၁၀၀ အထိ ဈေးရှိခဲ့သည်ဟု သိရသည်။
ဂျင်းအခက်ကမူ ရှမ်းပြည်နယ် ကုန်စိမ်းဈေးကွက်တွင် ဧပြီလမှ မေလလယ်လောက်အထိ တစ်ပိဿာလျှင် ကျပ် ၃,၀၀၀ ဈေးနှုန်းရှိခဲ့ပြီး မေ ၁၈ ရက်တွင် ကျပ် ၄,၀၀၀ အထိ တက်လာကာ ထိုနောက်ပိုင်းတွင် ကျပ် ၄,၅၀၀ သို့ ထပ်မံမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

"ဂျင်းအခက်ဈေးက အခုက အတက်ဈေးမှာ ငြိမ်နေတာ။ ဂျင်းဥမကတော့ ဈေးကျတာပေါ့။ ဂျင်းဥမက အဝင်များပြီး ပြန်ရောင်းရတာ နည်းတော့ ဈေးကျတယ်။ ဂျင်းအခက်ကျတော့လည်း ပစ္စည်းအဝင်နည်းပေမဲ့ ပြန်ရောင်းအားကလည်း သိပ်မကောင်းတော့ ဈေးထပ်မတက်ဘဲ ငြိမ်နေတာ" ဟု ရှမ်းတောင်ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် ဂျင်းတက်က ပြည်ပသို့ တင်ပို့မှုမရှိဘဲ ပြည်တွင်းစားသုံးမှု ပမာဏသာရှိသောကြောင့် ပြည်တွင်းထွက် ဂျင်းများသည် တစ်နှစ်နှင့်တစ်နှစ် ဂျင်းလက်ကျန်များ ရှိနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ယခင်က ပြည်တွင်းမှ ထွက်ရှိသည့် ဂျင်းတက်ကို ရခိုင်ပြည်နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကတင်ပို့ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်မူ ရခိုင်ပြည်နယ်သို့ လမ်းပန်းဆက်သွယ်ရေး သွားလာရန် မပြေလည်သည့် အခြေအနေများကြောင့် ပြည်ပသို့ ဂျင်းတင်ပို့မှု ရပ်ဆိုင်းနေသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဂျင်းစိုက်ပျိုးမှုအနေဖြင့် စိုက်ခင်းဧကပေါင်း ၁၅,၀၀၀ ဧကအထက် ရှိပြီးအများဆုံး စိုက်ပျိုးမှုရှိသည်မှာ ရှမ်းပြည်နယ်ဖြစ်ကာ ဒုတိယ ဂျင်းစိုက်ပျိုးမှု အများဆုံးမှာ ချင်းပြည်နယ်ဖြစ်ကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ကော်ဖီစိုက်က ပင်လယ်ရေမျက် ဘယ်လောက်ရှိမှ စိုက်လို့ကောင်တာလဲ
khunloonkyaw • ဖြေကြားချက် 0 ခု
မြေပဲပင်လေးတေကဝါနေလို့ဘာဆေးသုံးသင့်ပါသလဲရှင့်
ThuThu • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ် ခါးရိ မြစ်ခြောက်ဆွေးေဒါင်းမြီးကွက်ကရောဂါတစ်မျိုးတည်းကဖြစ်တာလားဘာေဆးေတွသုံးသင့်လည်းအလှည့်ကျသုံးရမယ်ဆေးေတွညွှန်းေပးပါအုံး ဒိုင်မီသိုေမာ့နဲ့ကလိုရိုသာလိုေနးအရောေတာ့ဖျန်းထားတယ်နှစ်ရက်ရှိပြီ
ye • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ဖြုတ်ပိုး
Zaw. Gyi • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
အသံ
ပန်းပွင့်ချိန်ကို မီးနဲ့ထိန်းချုပ်ပြီး စျေးကောင်းရယူနည်း
21/08/2026
More from AMIA
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....