ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ပေးမယ့် ရေ (၆ ) မျိုး(Detox water)
ဒီတစ်ခါတော့ Detox water လို့ခေါ်တဲ့ ကျန်းမာရေးအရရော အလှအပအတွက်အကျိုးပြုတဲ့ ဆေးဖက်ဝင်ရေများအကြောင်း ပြောပြချင်ပါတယ်ဗျ။ ရေထဲကို ဆေးဘက်ဝင် အသီး ဒါမှမဟုတ် ဆေးပင်တွေစိမ်ပြီး သောက်ကြတဲ့ပုံစံပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းကိုသုံးပြီး လွယ်လွယ်ကူကူလုပ်လို့ရတယ်ဗျ။
၁။ သံပုရာသီး
ရေနွေးထဲကို သံပုရာသီးညစ်ထည့် ပျားရည် ၁ စက် ၂ စက်ရောပြီး သောက်မယ့်ဆိုရင်တော့ ညဘက်အိပ်နေတဲ့အချိန်တုန်းက ကုန်သွားတဲ့ရေဓါတ်တွေကို ပြန်ရစေပါတယ်တဲ့။ ကိုယ်ခံစွမ်းအားကိုလည်းကောင်းစေပြီး အဆိပ်အတောက်ကင်း ကြည်လင်သန့်ရှင်းတဲ့အသားအရေကိုလည်း ပိုင်ဆိုင်နိုင်မှာပါတဲ့ဗျာ။
၂။ ဇီးဖြူသီး
ဇီးဖြူသီးတွေကို ပါးပါးလှီးပြီး ဆားလေးနည်းနည်းနဲ့ တစ်ရက်လောက် ရေစိမ်ထားပါ။ အဖတ်တွေစစ်ပြီး ရလာတဲ့အရည်က ခန္ဓကိုယ်ကို အားပြန်ပြည့်စေပါတယ်တဲ့။ အာနိသင်တွေကတော့ ဝက်ခြံတွေ၊ အရေးအကြောင်းတွေကို သက်သာစေပြီး။ အသားအရေကို တင်းရင်းလှပစေမှာပါတဲ့ဗျာ။ ကိုယ်ခံစွမ်းအားကောင်းရုံမက အမြင်အာရုံကိုလည်း ထောက်ပံ့ပေးပါတယ်တဲ့။
၃။ စမုံစပါး
စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ကို ရေနွေးဆူဆူ ၁ လီတာလောက်ထဲကိုထည့်ပြီး တစ်ရက်လောက်ထားထားတဲ့ ရေပါ။ အစားစားချင်စိတ်ကို ထိန်းထားပေးတဲ့အတွက် ဝိတ်ချတဲ့ မမ တွေ ဒေါ်ဒေါ်တွေအတွက် အသုံးဝင်ဆုံးဖြစ်ပါလိမ့်မယ်ဗျ။ သွေးသန့်စေပြီး ညဘက်တွေလဲ ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးမှာပါတဲ့ဗျာ။
၄။ နံနံစေ့
နံနံစေ့ ၂ ဇွန်းလောက်ကို ရေဖန်ခွက်ဝက်လောက်နဲ့ ပြုတ်ပါ။ မီးအေးအေးနဲ့ ၁၅ မိနစ်လောက်ဆို ရပါပြီဗျ။ အရည်စစ် အအေးခံပြီး ပျားရည်တစ်ဇွန်းလောက်နဲ့ ရောသောက်ရင်တော့ အရသာရှိရှိဆေးတစ်ခွက်ကိုရမှာပါဗျ။ မနက်စောစော ဘာမှမစားခင်မှာသောက်မယ်ဆိုရင် အသားအရေကို ကြည်လင်စေမှာပါတဲ့။ ဆံသားတွေအတွက်လည်း ကောင်းမွန်စေပါတယ်တဲ့ဗျာ။
၅။ ပင်စိမ်း
ပင်စိမ်းရွက်နည်းနည်းကို ငရုတ်ကောင်းစေ့ ၂ စေ့လောက်နဲ့ ပြုတ်သောက်မယ်ဆိုရင်တော့ အဖျားရောဂါတွေနဲ့ တခြားဗိုင်းရပ်ရောဂါတွေကို တိုက်ထုတ်နိုင်ပါတယ်တဲ့။ ငှက်ဖျားရောဂါမျိုးတွေအတွက် မြန်မြန်နလန်ထူနိုင်စေပါတယ်တဲ့ဗျာ။ စိတ်ဖိစီးမှုတွေကို လျေ့ကျစေပြီး သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးပါသေးတယ်။ သွားကျန်းမာရေးအတွက်လည်း ကောင်းပါတယ်တဲ့ဗျာ။
၆။ ဂျင်းပြုတ်ရေ
ဂျင်းပြုတ်ရေကို ပျားရည်နဲ့ရောသောက်မယ်ဆိုရင်တော့ အရိုးအဆစ်နာတာ ရောင်ရမ်းတာတွေကို လျော့ကျစေမှာပါတဲ့။ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတွေကိုလည်း သက်သာစေတယ်။ ကင်ဆာဖြစ်စေတဲ့ဓါတ်တွေကို ဖယ်ပေးတဲ့အာနိသင်ပါလို့ ခေတ်လူငယ်တွေအနေနဲ့ သောက်သင့်ဆုံး detox water ပါဗျာ။
ကဲ.....ကော်ဖီတွေ ကိုလာတွေ အချိုရည်တွေသောက်ရာကနေ detox water ပြောင်းသောက်ရအောင်လားဗျာ။
ထွန်းရာဇာ
Sources,https://www.google.com/amp/s/www.indiatimes.com/amp/health/healthyliving/these-6-detox-water-recipes-will-help-you-lose-weight-and-stay-healthy-275315.html
ဆက်စပ်ဆောင်းပါးများ
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆာဖိုးသား ဘယ်စျေးပေါက်လည်းဗျ ရိတ်ကတော့မာမို့လို့ပါ စျေးကွာနေမာစိုးလို့
ဇင်ကိုလတ် • ဖြေကြားချက် 0 ခု
ပေါင်းသတ်ဆေးဖြန်းလို့အဆင်ပြေအုံးမလားဗျ၁လသားတုန်းကကွန်းဟုပ်တစ်ကြိမ်ဖြန်းထားသေးလို့ကြွက်သတ်ဆေးကောဘာသုံးသင့်လဲဗျဘေးနားမှာကြက်ခြံရှိလို့
သူရစိုး • ဖြေကြားချက် 1 ခု
ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး
KO Thiha lin • ဖြေကြားချက် 3 ခု
ဒိုက်မြက်နဲ့ မြင်းစာမြက်ရှိတဲ့လယ်တေကို မတ်ပဲကျဲလို့သင့်တော်မလား
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ဆရာ ဒီလိုမျိုးပြဿနာက ပျောက်ကင်းအောင် ထပ်ပြီးမပြန့်ပွားရအောင် တားဆီးလို့ရပါသလားခင်ဗျ ဒါမှမဟုတ် ဒီကောင်တွေက တစ်ခင်းလုံးကို ကူးစက်နိုင်ပါသလားဆရာ အဲ့ပုံစံအလုံးလေးတွေကိုတော့အဆက်မပြတ်ရှာဖွေ ခူယူပြီးအဝေးကိုလွှင့်ပစ်ပါတယ်ဗျ ဒါမဲ့ မနေ့ကအပြောင်းခူးပေမဲ့ ဒီနေ့အလိုအလုံးလေးတွေ ထပ်တွေ့နေရလို့ စိတ်ညစ်နေရပါတယ် မနေ့မနက်က ကယ်စီပလပ်နဲ့မင်းသား တွဲပီးဖျန်းထားပါတယ်ဗျ မိုးမရွာတာလဲ တစ်လခွဲလောက်ရှိပါပြီ အခြေနေတွေကြောင့်ရေလဲမတင်နိုင်ပါဘူးဆရာ အခုတော့ ကြည်လွဲရက်ရောက်ပီဆိုတော့ မိုးအဆက်မပြတ်ရွာနိုင်ပါတယ်ဆရာ မိုးရွာတာမဲ့ ပုံထဲက မော်နီတာ ဂျစ်ပ်ဆမ် ဖြူးပါမယ်ဆရာ အခုလဲ မိုးအုံ့လိုက် နေပူလိုက် မိုးပေါက်ကျလိုက်အလိုအနေထားရှိနေပါတယ် ပျောက်ကင်းအောင်ကုသလို့ရလား တားဆီးလို့ရလားဆရာ တစ်ခင်းလုံးကူးရင်တော့ ရင်ကျိုးရချည်ရဲ့ ခရမ်းချဥ်သီးကဘယ်နေရာမှအသုံးမဝင်တဲ့ ရောဂါဆိုးကြီးတစ်ခုပါပဲဆရာ
U Yan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
More from ထွန်းရာဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....