ကရင်နှင့် မွန်တွင် ရေကြီးနစ်မြှုပ်မှုကြောင့် ငါးကန်ဧက ၇၀၀ ကျော်၊ ကျပ်သိန်းပေါင်း ၂၈၀၀ ဝန်းကျင်ဆုံးရှုံး

29/08/2019 14:59 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေကြီးနစ်မြှုပ်မှုကြောင့် ငါးမွေးမြူရေးကန် ဧကပေါင်း ၇၈၂ ဧက၊ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

   ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် သြဂုတ် လ ၂၇ ရက်က ကျင်းပပြုလုပ်သည့် ၁၅ ကြိမ်မြောက် ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

   "ဒီနှစ်က ထူးထူးကဲကဲ မြန်မာပြည်ရဲ့ တောင်ပိုင်းဒေသေတွေဖြစ်တဲ့ ကရင်နဲ့မွန်မှာတော့ ရေတော်တော်ကြီးတယ်။ သဘာဝဘေးဒုက္ခကြောင့် တောင်ပြိုလို့ သေတာတို့ မြို့ကြီးတွေ ရွာတွေမှာ ရေနစ်မြှုပ်ပြီးတော့ ဆုံးရှုံးမှုတွေ အကြီးအကျယ်ကြုံရပါတယ်။ အဲ့ဒီမှာ ငါးလုပ်ငန်းနဲ့ ပတ်သက်ရင် ကရင်မှာ ငါးကန် ၇၀၃ ဧက ရေကြီးနစ်မြှုပ်ခံရတယ်။ ဆုံးရှုံးမှုတန်ဖိုးက ကျပ် ၂၅၀၀ သိန်းကျော် လောက် ဆုံးရှုံးပါတယ်။ မွန်ကတော့ ရေတော်တော်ကြီးပေမယ့် ငါးမွေးကန်ဧက နည်းတဲ့အတွက်ကြောင့် ငါးကန် ၇၉ ဧ က ရေးကြီးနစ်မြှုပ်ခံရတယ်။ တန်ဖိုးက ကျပ်သိန်းပေါင်း ၂၉၆ ကျော်လောက်ပဲ ဆုံးရှုံးမှုကတွက်လို့ရပါတယ်။ ကရင်နဲ့ မွန်မှာ စုစုပေါင်း ငါးကန်ဧက ၇၈၂ ဧကနဲ့ ကျပ်သိန်းပေါင်း ၂၈၀၀ လောက် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။" ဟု ဦးဝင်းကြိုင်က ပြောသည်။ 

   ပြီးခဲ့သည့်လအတွင်းက မြန်မာတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်အချို့၏ ကျေးရွာများ၌ ရေကြီးနစ်မြှုပ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ တောင်ပြိုခြင်းကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

   မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုကြောင့် မြန်မာပြည်အထက်ပိုင်းရှိ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ရေကြီး၍ မြန်မာပြည်အောက်ပိုင်းဒေသများသို့ ရေဆင်းလာခြင်း၊ မိုးရွာသွန်းခြင်း ၊ ထူးကဲဒီရေမြင့်တက်ခြင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသြကြီး (အ နောက်ခြမ်း)ရှိ မွေးမြူရေးငါးကန်များ ရေကြီးနစ်မြှုပ်၍ ထိခိုက်ပျက်စီးဆုံးရှုံးနိုင်သဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် တိုက်တွန်းထားသော်လည်း လက်ရှိတွင် ယင်းအခြေအနေများမှ လွတ်မြောက်သွားသည့် အနေအထားရှိကြောင်း သိရသည်။ 

   "အခုလက်ရှိ ရာသီဥတုအခြေအနေကို သုံးသပ်ကြည့်ရင်တော့ ဒီဒေသတွေက အန္တရာယ်ကင်းလွတ်သွားပြီလို့ ပြောလို့ရတယ်။ အကယ်၍ နောက်ပိုင်းမှာ မိုးတွေများလို့ ရေတွေကြီးခဲ့လို့ရှိရင် ရေကြီးကာလတို့၊ ပျက်စီးဆုံးရှုံးမှုတို့ကတော့ အရင်ကလောက် ပြင်းထန်ဖို့အကြောင်းမရှိတော့ဘူး။ စိတ်အေးသွားရပြီပေါ့။ အရင်က ရေကြီးတဲ့ဒဏ်တွေကို ဆက်တိုက်ခံစားရပြီးတော့ အင်မတန်ဆိုးဝါးတဲ့ အခက်အခဲတွေကြုံရတယ်၊ ဆုံးရှုံးမှုတွေ ကြုံရတယ်ဆိုတဲ့ ညောင်တုန်းမြို့နယ်၊ တိုက်ကြီး၊ ထန်းတစ်ပင်၊ သာယာဝတီ၊ လက်ပံတန်း အစရှိတဲ့ ဒေသတွေက ဒီနှစ်မှာတော့ ရေကြီးနစ်မြှုပ်မှုက လွတ်မြောက်သွားပြီလို့ သုံးသပ်ပါတယ်။" ဟု ဦးဝင်းကြိုင်က ပြောသည်။ 

   ယခင်က သြဂုတ်လသည် ရေကြီးနစ်မြှုပ်မှုအဖြစ်ဆုံးလ ဖြစ်သော်လည်း ယခုအခါ ယင်းအခြေအနေကိုကျော်လွန်၍ မိုးနှောင်းကာလတွင် ရံဖန်ရံခါမိုးရွာသွန်းခြင်း၊ မုန်တိုင်းကြောင့် မိုးရွာသွန်းခြင်းတို့သာ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ 

   တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ငါးကန်များ ထိခိုက်ပျက်စီးဆုံးရှုံးပါက ငါးသားပေါက်များ ကူညီထောက်ပံ့ရန် မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံတော်ပိုင် ငါးသားပေါက်စခန်းများ၌ ငါးသားပေါက်များ ထိန်းသိမ်းပြုစုထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

   ငါးလုပ်ငန်းဦးစီးဌာနမှ ထိန်းသိမ်းပြုစုထားသော ငါးသားပေါက်များမှာ မွေးမြူရေးငါးများဖြစ်သော ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးကြင်းတို့ဖြစ်ပြီး ယင်းမွေးမြူ ရေးငါးများကို ရေကြီး ရေလျှံမှုကြောင့် ထိခိုက်ဆုံးရှုံးမှုဖြစ်ပါက သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းနှင့် ပူးပေါင်း၍ ထိခိုက်ဆုံးရှုံးမှုစာရင်းကောက်ပြီး ထိခိုက်ဆုံးမှုတန်ဖိုး၏ ပမာဏအတိုင်းမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

   "ငါးဦးစီးကနေ ဆုံးရှုံးမှုအတွက် ပြန်ပေးဖို့ လုပ်နေတာက တစ်လမခွဲငါးတွေပေါ့။ ငါးတစ်ဧကကို အကောင်ရေ ၃၀၀၀ ပေါ့။ ငါးကန် ၇၀၃ ဧကမှာ တစ်ကောင်ကို ၈ ကျပ်ခွဲနဲ့တွက်ပြီးပေးမယ်လို့ ပြောတယ်။ သူတို့က ပျက်စီးဆုံးရှုံးမှုကို အဲ့ဒါနဲ့ တွက်ပြီးပေးတယ်။ ဒါပေမယ့် ငါးကန်ပိုင်ရှင်တွေက  ငါးကန်တစ်ခုထဲတင် ကျပ်သိန်း ၁၃၀၀ နီးပါး ရေကြီးနစ်မြှုပ်တဲ့ထဲပါတယ်။ ပျက်စီးဆုံးရှုံးမှု စာရင်းဆိုတာက ငါးအရွယ်အစားတွေ သိဖို့လိုတာပေါ့။ ဒါပေမယ့် သူတို့က အဲ့ဒါတွေ မသတ်မှတ်တော့ဘူး။ ငါးပြန်ပေးတာကိုပဲ ပျက်စီးဆုံးရှုံးတယ်လို့ သတ်မှတ်တာဖြစ်တယ်။ ကရင်ပြည်နယ်မှာ ဆုံးရှုံးမှုက ခန့်မှန်းခြေ သိန်း ၄၀၀၀၊ သိန်း ၅၀၀၀ ဝန်းကျင်လောက်ရှိတယ်။" ဟု Kayin State Fisheries Federation ၏ President ဒေါက်တာအောင်မြင့်က ပြောသည်။ 

   မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍ ရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယင်းကဲ့သို့ ရေကြီးမှုကြောင့် ၂၀၁၅ ခုနှစ် နှင့် ၂၀၁၆ ခုနှစ်တို့တွင် ပျက်စီးဆုံးရှုံးမှုများပြားသော်လည်း ၂၀၁၇ ခုနှစ်တွင် ရေကြီးနစ်မြှုပ်မှုဖြစ်ပွားသောဒေသ နည်းပါးသဖြင့် ငါး၊ ပုစွန်မွေးမြူရေးကန်များ ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီး ၅ ခု၌ ငါးမွေးမြူ ရေးကန်ဧကပေါင်း(၃၄၇၂၀)၊ ရခိုင်ပြည်နယ်၌ ပုစွန်ကန်ဧက ပေါင်း (၅၈၆၀၀) ကျော်ရှိ၍ ကျပ် ၅၀ ဘီလီယံဝန်းကျင် ထိခိုက်ပျက်စီးဆုံးနစ်နာမှုရှိခဲ့ကြောင်း သိရသည်။ 

   ထို့အပြင် ၂၀၁၈ ခုနှစ်တွင် ရေကြီးနစ်မြှုပ်မှုကြောင့် ငါး/ပုစွန်မွေးမြူရေးကန် ပျက်စီးဆုံးရှုံးမှုမှာ ရန်ကုန်တိုင်းဒေသကြီးရှိ ကွမ်းခြံကုန်းမြို့နယ်တွင် ဧကပေါင်း ၁၀၄၄ ဧက၊ ကော့မှူးမြို့နယ်တွင် ဧက ၆၄ ဧက၊ ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးမြို့နယ်တွင် ဧကပေါင်း ၁၂၉၁ ဧက၊ ညောင်လေးပင်မြို့နယ်တွင် ဧက ၃၅ ဧကနှင့် ကရင်ပြည်နယ်တွင် ဧကပေါင်း ၈၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရသည်။

အေးအေးမြင့် (ABM)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်