လျှော်ဖြူဈေးကွက် ပြန်လည်ကောင်းမွန်ရန် တစ်နှစ်ဝန်းကျင်ကြာမြင့်နိုင်

22/07/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    လျှော်ဖြူဈေးကွက် ပြန်လည်ကောင်းမွန်ရန် တစ်နှစ်ဝန်းကျင်ကြာမြင့်နိုင်မည်ဟု ခန့်မှန်းရကြောင်း လျှော်ဖြူစီးပွားဖြစ်စိုက်ပျိုးနေသူများက ဆိုသည်။

ဒီနှစ် စျေးကွက်အလားအလာ အများကြီးကောင်းလာဖို့ မရှိသေးဘူး။ သင့်တင့်မျှတတဲ့ အနေအထားတစ်ခုနဲ့ အရောင်းအဝယ်ဖြစ်နေရင် ကျေနပ်ရမယ့်နှစ်ပါ။ မနှစ်ကလို အလုအယက်ဝယ်တဲ့ အခြေအနေပြန်ရောက်ဖို့ တစ်နှစ်လောက်စောင့်ရပါမယ်။

ဟု နန္ဒဝန် - လျှော်ဖြူစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးမှ စီမံအုပ်ချုပ်သူ ကိုဇင်ကြီးက ပြောသည်။

    တောင်သူများအနေဖြင့် စားဝတ်နေရေးပြဿနာများ ဖြေရှင်းနိုင်ရေးနှင့် ခြံလုပ်သားခများ ဖြေရှင်းနိုင်ရုံအတွက်သာ ကြိုတင်တွက်ဆထားသင့်ပြီး အစေးလှောင်ထားခြင်းများ မပြုလုပ်သင့်ကြောင်း သိရသည်။

အတတ်နိုင်ဆုံး အစေးထုတ်လုပ်မှု လျှော့ချပါ။ မထုတ်ဘဲနေလို့ရရင် မထုတ်ပါနဲ့။ ဒီနှစ်က စားဝတ်နေရေးနဲ့ လုပ်သားစရိတ်ရမယ်ဆို ကျေနပ်ရမှာပါ။ စျေးအများကြီး မျှော်လင့်ပြီး လှောင်ထားတာမျိုး မလုပ်သင့်သေးပါ။ သင့်တင့်သလောက်ပဲ အစေးထုတ်ပါ။ ကိုယ်ရောင်းနေကျသူနဲ့ပဲ အဆင်ပြေအောင် ကြိုးစားရောင်းပေးပါ။ မနှစ်ကစျေးတွေကို မေ့ထားပါ။ ကိုယ့်ခြံအလုပ်သမားတွေကို တတ်နိုင်သမျှ ငဲ့ညှာထိန်းသိမ်းထားပါ။ ခြံကိုအရောက်လာဝယ်မယ့် လက်လီပွဲစားတွေကို သင့်တင့်မျှတတဲ့အမြတ်ရအောင် ညှိနှိုင်းပေးပါ။ ကောလဟာလစျေးတွေကို သိပ်မယုံပါနဲ့။ တစ်နေရာနဲ့ တစ်နေရာ စျေးနှုန်း အများကြီး မကွာနိုင်ပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။

    လျှော်ဖြူအစေးများ ဈေးနှုန်းပြန်လည်မြင့်တက်လာပါက COVID ကာလအတွင်း ကြန့်ကြာမှုဖြစ်ပြီး ပြည်တွင်း၌ကျန်ရှိနေသည့် လက်ကျန်အစေးများကို ကုန်စင်သည်အထိ ကနဦးရောင်းချရမည်ဖြစ်ပြီး၊ ပစ္စည်းလက်ကျန်နည်းသွားပါက သင့်တင့်မျှတသည့်စျေးသို့ ပြန်လည်ရောက်ရှိလာမည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်