ဆေးဖက်ဝင် ရဲယိုသီး၏အသုံးဝင်ပုံများ

09/07/2020 19:00 PM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရဲယိုသီးကိုတော့ အင်္ဂလိပ်လို Noni fruit လိုခေါ်ပါတယ်။ ရဲယိုပင်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျယ်ပြန့်စွာပေါက်ရောက်ပါတယ်။ အပင်ငယ်တစ်မျိုးဖြစ်ပြီး ပင်စည်ကတော့ဖြောင့်တန်းပါတယ်။ အရွက်ပုံစံကတော့ ထောင့်မှန်ရွက်ဆိုင်ပုံစံကိုမှ အစိမ်းရင့်ရောင်ရှိပါတယ်။ အသီးပုံစံကတော့ရှည်မျောမျောရှိကာ အသီးမျက်နှာပြင်မှာ ငါးမျက်စိလိုမျိုးအထစ်ထစ်လေးတွေပါပါတယ်။ ရဲယိုသီးဟာ အသီးပုံစံအနေနဲ့လည်းရုပ်ဆိုးတဲ့အပြင် အနံနဲ့အရသာကလဲအတော်လေးကို နှစ်လိုဖွယ်မရှိပါဘူး။

လှတာမက်ရင် ညစာခက်မယ် ဆိုတဲ့စကားအတိုင်းပဲ ပုံစံခက်ဆိုးဆိုးရဲယိုသီးဟာ ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်။ ရဲယိုဟာ အပွင့်၊ အသီး၊ အရွက်၊ အခက်၊ ပင်စည်၊ အခေါက်၊ အမြစ်မကျန် တစ်ပင်လုံးဟာဆေးဖက်ဝင် ဘယဆေးပင်ဖြစ်ပါတယ်။

ရဲယိုသီးမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ  ခေါ်တဲ့ ကိုယ်ခန္ဓာခုခံစွမ်းအား၊ အနိမ့်အမြင့်ကိုပြတဲ့ဓာတ်ခွဲစမ်းသပ်မှုမှာ အမှန်တကယ်မြင့်တက်စေတာကို ခေတ်မီဆေးသိပ္ပံသုတေသနတွေကဖော်ပြနေကြပါတယ်။ 

ရဲယိုသီးမှာပါဝင်သောဓာတ်ပစ္စည်းတွေကတော့ - အင်သရာကွီနုန်းအမျိုးမျိုးရောနှောပါဝင်မှု၊ အော်ဂဲနစ်အက်ဆစ်အမျိုးမျိုးနဲ့ ဗီတာမင်အမျိုးမျိုး ပါဝင်ပါတယ်။ ဒါ့အပြင် ဂလူးကိုစ့် ကွန်ပေါင်း၊ အက်စပပရူလိုစီဒစ်-အက်ဆစ်၊ သတ္တုဓာတ်အဖြစ် ပိုတက်စီယမ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဆဲလီနီယမ် စတာတွေဖြစ်ကြပြီး အာဟာရဓာတ်အခြေခံဖြစ်တဲ့ ကာဘိုဟိုက်ဒြိုက်၊ ကစီ၊ သကြားဓာတ်၊ အဆီဓာတ်၊ အသားဓာတ် ပရိုတင်း​​​တွေပါဝင်ပါတယ်။ 

သကြားဓာတ်အမျိုးမျိုးဖြစ်တဲ့ ဂလူးဂို့စ်၊ ဖရပ်(ဂ်)တို့စ်၊ နို့သကြား ကယ်လက်တို့စ်၊ ကလူးကိုဆိုက်တွေပါဝင်ပြီး ရဲယိုသီး ရဲယိုရွက်တွေမှာပါဝင်တဲ့ ကလူးကိုဆိုက်တွေဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တဲ့သတ္တိရှိတဲ့ အင်တီအောက်ဆီဒင့်များအဖြစ်  ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အရာတွေများစွာပါဝင်ပါတယ်။

ရဲယိုသီးကိုကျန်းမာရေးအတွက်စား​ချင်သော်လည်း ရဲယိုသီးရဲ့အနံ့အရသာကြောင့် မစားနိုင်မှာစိုးရိမ်နေသူများအတွက် ရဲယိုသီးကို ထန်းလျက်နဲ့သော်လည်းကောင်း ပျားရည်နဲ့သော်လည်းကောင်းရောပြီး ယိုထိုးကာစားနိုင်ပါတယ်။

ယခုအခါရဲယိုသီးကိုအသုံးပြုပြီးဖော်စပ်ထားသော အဝင်မဆိုးသည့် ဆေးဝါးဓာတ်စာများလည်းပေါ်နေပြီဖြစ်တဲ့အတွက် ထိုဆေးဝါးဓာတ်စာများကို စားသုံးပါကလည်း ရဲယိုသီးကိုစားသလိုအကျိုးများစေပါတယ်။

ကင်ဆာဝေဒနာရှင်တွေအတွက် အထောက်အကူ

ကမ္ဘာပေါ်ရှိအပင်များထဲတွင် ရဲယိုပင်သည် XERONINE အမြင့်မားဆုံးဖြစ်သည်။ နာနတ်သီးတွင်ပါဝင်မှုထက်ရှစ်ဆပိုများလေသည်။ရဲယိုသီးမှာပါဝင်တဲ့ XERONINE ဆိုတာခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူပြီး ခန္ဓာကိုယ်ထဲက တစ်သျှူးတွေကို ကင်ဆာဆဲလ်အဖြစ်မပြောင်းလဲနိုင်အောင် ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ သေမိန့်ရစောင့်နေသော ကင်ဆာရောဂါဝေဒနာများအတွက် ရဲယိုသီး၏အစွမ်းက မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာခဲ့ပြီပါလား။ ရဲယိုသီးပုံမှန်စားသုံးသူတွေဟာ အရေပြားကင်ဆာဖြစ်ဖို့အလားအလာနည်းပါတယ်။ XERONINE ဆိုတာကတော့ လူတိုင်းအတွက် အနည်းငယ်လိုအပ်တဲ့ ဟိုမုန်းတစ်မျိုးဖြစ်ပါတယ်။

သွေးကြောကျဉ်း၊ သွေးတိုး

ရဲယိုသီးကို စားသုံးခြင်းဖြင့် သွေးကြောများကို ကျယ်စေပြီးသွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ဆေးဝါး၏အပူကို ခံစားရပြီး သွေးတိုးရောဂါ၊ သွေးကြောကျဉ်း ရောဂါတို့တွင် အကျိုးရှိအောင်ဆောင်ရွက်ပေးသော ဒြပ်ပေါင်း Secpoltin ဖြစ်သည်။

အကိုက်အခဲသက်သာခြင်း

ရဲယိုသီးကို အကိုက်အခဲပျောက်ဆေးနဲ့ခေါင်းကိုက်ပျောက်စေတဲ့ အသီးလို့ခေါ်ကြပါတယ်။ ရှေးခေတ်လူတွေက နာကျင်ကိုက်ခဲနေတဲ့ အဆစ်တွေကို ရဲယိုရွက်အုပ်ပြီးသက်သာအောင်ကုသခဲ့ကြတယ်လို့သိရပါတယ်။ ရဲယိုမှာအကိုက်အခဲပျောက်စေတဲ့အစွမ်းတွေရှိပါတယ်။ အကိုက်အခဲသက်သာစေတဲ့ မော်ဖင်းဆာလဖိတ်( Morphine Sulphate ) အာနိသင် ၇၅ ရာခိုင်နှုန်းရှိပါတယ်။

သွေးဖိအားကိုထိန်းညှိပေးခြင်း

ရဲယိုဟာသွေးတိုးနေတဲ့သူတွေရဲ့ သွေးဖိအားကို တည်ငြိမ်အောင်ထိန်းပေးနိုင်တာကို တွေ့ရပါတယ်။

ရောင်ရမ်းမှုကို လျော့ကျခြင်း

ရဲယိုသီးမှ အကိုက်အခဲပျောက်ဆေး NSAIDs လိုအစွမ်းမျိုးပါတာကြောင့် ရောင်ရမ်းမှုကိုတွန်းလှန်ဟန့်တားနိုင်ပါတယ်။

ပိုးမွှားတွေကို တွန်းလှန်ပေးခြင်း

ရဲယိုမှာပါတဲ့ အန်သရိုကွီနုန်း၊ စကိုပိုလက်တင်နဲ့ တာပင်းတို့ဟာ ဘက်တီးရီးယား၊ ဖန်းဂပ်စ်နဲ့ ကပ်ပါးကောင်တွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်းတွေရှိတာကြောင့် ပိုးမွှားတွေကိုတွန်းထုတ်ရာမှာ အလွန်အစွမ်းထက်ပါတယ်။

နေ့တိုင်းရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ်တို့စားကာ အစာအိမ်ရောဂါပျောက်ကြောင်း၊အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့်ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါလက်တွေ့ပျောက်ကင်းနိုင်ကြောင်းရေးသားထားပါတယ်။

ယနေ့ခေတ်မှာတော့ ရဲယိုသီးဘယ်လောက် ဆေးစွမ်းထက်တယ်ဆိုတာ လူသိများလာပါပြီ။ ရဲယိုသီးမှာ အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒရိုက်တွေအပြင် ဗီတာမင် အေ၊ စီ၊ သံဓာတ်နဲ့ နိုင်ယာစင်ဓာတ်လည်းပါဝင်ပါတယ်။ အဆီမပါဘဲ ပရိုတင်းဓာတ်များစွာ ပါဝင်တာကြောင့် ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပါတယ်။

ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့အသီးတွေက ကမ္ဘာပေါ်မှာအများကြီးပါ။ အဲ့ထဲမှရဲယိုသီးကိုရွေးချယ်ပြီးထုတ်လုပ်ရသလဲဆိုတော့ ရဲယိုက ကင်ဆာပျောက်တဲ့ ထိပ်တန်းအသီး၃၀၀ထဲမှာရဲယိုသီးက ထိပ်ဆုံးဆယ်ခုထဲမှာပါလို့ရွေးချယ်လိုက်ပါတယ်။ 

လင်းလင်းထွန်း

ကိုးကား- https://my.m.wikipedia.org၊ ဆေးမြီးတိုမှတ်စု၊

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်