နာနတ်သီးနှင့်ကျန်းမာရေး
ရာသီပေါ်သီးနှံဖြစ်တဲ့ နာနတ်သီးတွင်ပါဝင်သော အာဟာရဓာတ်များနှင့် ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပုံကိုတင်ပြလိုက်ပါတယ်။ နာနတ်သီးဟာ အပူပိုင်းဒေသရဲ့သီးနှံတစ်ခုဖြစ်ပြီး ဗီတာမင်၊ အင်ဇိုင်းနှင့် အန်ဒီအောက်စီဒန့်စတဲ့ဓာတ်တွေပါဝင်ပါတယ်။ ၎င်းဓာတ်တွေဟာ ကိုယ်ခံအားကို တိုးမြှင့်ပေးခြင်း၊ အရိုးများကိုသန်မာစေခြင်းနှင့် အစာမကြေရောဂါများကို ပျောက်ကင်းစေခြင်းစတဲ့ အကျိုးကျေးဇူးများစွာရရှိစေပါတယ်။ နာနတ်သီးဟာ ကယ်လိုရီပါဝင်မှုလည်းနည်းပါးပါတယ်။
နာနတ်သီးဟာ ဗီတာမင်စီနှင့် မန်းဂနိဓာတ်တို့မြင့်မားစွာပါဝင်ပါတယ်။ မန်းဂနိဓာတ်မြင့်မားစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဘတ်တီးရီးယားများကိုသေစေနိုင်ပါတယ်။ Thiamin,Vitamin A,B တို့လည်းကြွယ်ဝစွာ ပါဝင်ပါတယ်။ နာနတ်သီးဖျော်ရည်တစ်ခွက်တွင် ကယ်လိုရီ ၇၄ သာပါဝင်ပါတယ်။နာနတ်သီးတွင် အဆီဓာတ်နှင့် ကိုလက်ထရောတို့ပါဝင်မှုမရှိခြင်း၊ ဆိုဒီယမ်ပါဝင်မှုနည်းပါးပါတယ်။
ကျန်းမာရေးအတွက်အကျိုးပြုပုံ
နာနတ်သီးတွင် ဗီတာမင်စီနှင့် ရေတွင်ပျော်ဝင်နိုင်သောအာဟာရဓာတ်များစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှုကိုကာကွယ်ပေးနိုင်ပါတယ်။
၁။အရိုးအဆစ်များသန်မာခြင်း
နာနတ်သီးတွင် မန်းဂနိဓာတ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့် ပုံမှန်စားသုံးခြင်းအားဖြင့် အရိုးများသန်မာစေရန် ကူညီပေးနိုင်ပါတယ်။ မန်းဂနိဓာတ်တွင် ဇင့်၊ ကော့ပါးနှင့် ကယ်လ်စီရမ်တို့ပါဝင်ခြင်းကြောင့် အရိုးများကိုသန်မာစေခြင်း ဖြစ်ပါတယ်။
၂။သွားများကိုသန်မာစေခြင်း
နာနတ်သီးတွင် ကယ်လ်စီရမ်ဓာတ်ပါဝင်ခြင်းကြောင့် သွားဖုံးများကိုသန်မာစေပြီးသွားဖုံးတွင်အနာဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း
နာနတ်သီးကိုပုံမှန်စားသုံးခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်မှုကိုကြိုတင်ကာကွယ်နိုင်ပါတယ်။ နာနတ်သီးဖျော်ရည်ဟာ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပြီးခန္ဓာကိုယ်နုပျိုစေတဲ့ အကောင်းဆုံးသီးနှံတစ်ခုဖြစ်ပါတယ်။ နာနတ်သီးဟာ အခြားသောရောဂါများကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
၄။အစာချေရာတွင်ကူညီပေးခြင်း
နာနတ်သီးဖျော်ရည်ကိုသောက်ခြင်းအားဖြင့် ဗိုက်အောင့်၊ ဗိုက်နာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ နာနတ်သီးတွင် bromelain, ဗီတာမင် စီနှင့် အမျှင်ဓာတ်တို့ပါဝင်ခြင်းကြောင့် အစာချေရာတွင်ကူညီပေးနိုင်ပါတယ်။
၅။အမြင်အာရုံကိုကောင်းမွန်စေခြင်း
သက်ကြီးရွယ်အိုများအနေဖြင့် နာနတ်သီးကိုပုံမှန်စားခြင်းအားဖြင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဗီတာမင်စီနှင့် အန်ဒီအောက်စီဒန့်ဓာတ် များစွာပါဝင်ခြင်းကြောင့် အမြင်အာရုံကောင်းမွန်စေရန်ကူညီပေးနိုင်ခြင်း ဖြစ်ပါတယ်။
၆။သွေးခဲခြင်းကိုလျော့ကျစေခြင်း
နာနတ်သီးတွင် bromelain ပါဝင်ခြင်းကြောင့် သွေးခဲခြင်းကိုလျော့ချပေး နိုင်ပါတယ်။ ဒါကြောင့် နာနတ်သီးဟာ သရေစာအဖြစ်စားသုံးခြင်းဖြင့် ကျန်းမာရေးကိုကောင်းမွန်စေနိုင်တဲ့သီးနှံတစ်ခုဖြစ်ပါတယ်။
၇။သွေးတိုးရောဂါကိုကာကွယ်ပေးခြင်း
နာနတ်သီးတွင် ပိုတက်စီယမ်ဓာတ်မြင့်မားစွာပါဝင်ပြီး ဆိုဒီယမ်ဓာတ်ပါဝင်မှုနည်းပါးခြင်းကြောင့် သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ နာနတ်သီးကိုပုံမှန်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို သဘာဝနည်းဖြင့်ကာကွယ်နိုင်ပါတယ်။
နာနတ်သီးဟာ ကျန်းမာရေးကိုများစွာအထောက်အကူပြုရုံသာမက အလှအပအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဗီတာမင်စီဓာတ်ပါဝင်ခြင်းကြောင့် ဦးရေပြားကိုကျန်းမာစေပြီး ဆံသားသန်စွမ်းစေရန်ကူညီပေးနိုင်ပါတယ်။ ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်စတဲ့ အရေပြားရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ ပျို့အန်ခြင်း၊ ဂေါက်ရောဂါနှင့် အခြားသောရောဂါများကိုလည်းနာနတ်သီးစားသုံးခြင်းအားဖြင့်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်ကိုကာကွယ်ရန် မိမိအိမ်မှာနေခြင်းဖြင့် ကျန်းမားရေးအတွက် အထောက်အကူပြုနိုင်တဲ့ အစားအစာများကို စားသုံးရန် အကြံပြုရေးသားလိုက်ပါတယ်။
လင်းလင်းထွန်း
ဆက်စပ်မေးခွန်းများ
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ဖြုတ်ပိုး
Zaw. Gyi • ဖြေကြားချက် 1 ခု
ဆရာရေ ဘာစမာတီ ဈေးကွက်လေးသိချင်လို့ပါ စိုက်တော့ထားတယ် ဝယ်လက်မရှိဘူးဖြစ်နေတယ် တင်းတစ်ရာ ဈေးလေးသိချင်ပါတယ်
Wai Lian Soe • ဖြေကြားချက် 1 ခု
ရောဂါမဖြစ်သေးဘဲ မှိုဆေးဖြန်းလို့ရလားခင်ဗျ
kosoe • ဖြေကြားချက် 2 ခု
ပြောင်းဖူးခင်းအတွက်လောင်ရောဂါဘာဖြန်းသင့်လဲဗျ
သူရစိုး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
အသံ
ပန်းပွင့်ချိန်ကို မီးနဲ့ထိန်းချုပ်ပြီး စျေးကောင်းရယူနည်း
21/08/2026
အသံ
ငရုတ်သီး ဈေး အမြင့်တွင် ဆက်ရှိနေ
21/08/2026
More from လင်းလင်းထွန်း
အားလုံး