စိုက်ပျိုးရေးလောက အလွဲများ (၆

10/10/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဘာပရောဂျက် ဘာအကူအညီ နာမည်အစုံ ကျနော်တို့စိုက်တောင်သူတွေထံ ချေးငွေချပေးနေကြတဲ့ အဖွဲ့အစည်းပေါင်းစုံ/ မိမိတို့အုပ်ချုပ်နေတဲ့အစိုးရအပါ...အမှန်တကယ် စိုက်ပျိုးရေးလုပ်ကိုင်စားသောက်နေကြရတဲ့ စိုက်တောင်သူများကိုယ်စား ပြောပါရစေ။ ဒီအသီး / ဒီအရွက် / ဒီပုံသဏ္ဍာန်အနေအထားမျိုးကို ခေတ်နဲ့လျော်ညီသော ဈေးကွက်တစ်ခုနဲ့ အာမခံရဲရဲပြုလုပ်ပြီးတော့ ချေးတဲ့ငွေပိုက်ဆံ( စက္ကူတွေ ) အစား ကိုယ့်တောင်သူတွေ စိုက်ပျိုးထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့်သီးနှံတွေကို နိုင်ငံတကာဈေးကွက်ကို ဝယ်ယူရောင်းချပေးတာမျိုးလေးတွေ မစဉ်းစားမိတာလား?? စိတ်ကူးမရှိတာလား ??? မေးပါရစေ။

ကျနော်တို့တောင်သူတွေဆီမှာ မြေတွေရှိတယ်။ ငွေနဲ့ အရင်းအနှီးမလုံလောက်တော့ စိုက်ဆေးကုမ္ပဏီတွေနဲ့ မြေဆီတွေ မတန်တဆ ဈေးကြီးကြီးနဲ့ဝယ်သုံးပြီး အသီးကြီး/ အလုံးဘယ်လောက်လှလှ နွားထီးငါးကျပ်/ နွားမငါးကျပ်။ ပွဲးစားခေါင်းခေါက်သမျှခံရ။ အစေ့အဆံ ( သစ်သီးသစ်နှံ ) ပေါ်လာတာနဲ့အမျှ ဘယ်သူ့အဖေခေါ်လို့ ခေါ်ရမှန်းမသိ။ ရန်ကုန်ကပေါ်တဲ့သစ်စေ့ မန္တလေးပြေးရောင်းရမလိုလို/ မန္တလေးကသစ်စေ့ ရန်ကုန်ဘက်ပြေးရောင်းရမလိုလို။ အတည်မပြုထားတဲ့ ပွဲစားပေးသမျှဈေးပေးပြီး ပျော်ပျော်ကြီးရောင်းနေကြရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။

ပိုက်ဆံပေါလို့ ဆိုင်ကယ်ဝယ်စီးတယ်ပြီး မောင်းမယ်ဆိုရင်တောင် ယာဉ်မောင်းလိုင်စင်ကိုစစ်တဲ့ မော်တော်ပီကယ်က လမ်းဆုံကနေ ဖမ်းစစ်နေပေမယ်လို့ တစ်ပြည်လုံးက စိုက်ပျိုးထုတ်လုပ်နေတဲ့ စိုက်တောင်သူတွေ စိုက်ပျိုးထုတ်လုပ်နေတဲ့ ဘီလီယံချီပြီး ထုတ်ကုန်ဖြစ်သီးနှံပွဲစားကို လိုင်စင်စစ်မဲ့သူလည်းမရှိ။ သူတို့ပြောသမျှ ကိုယ်ပိုင်စိုက်သီးနှံကို သူခိုးဈေးနဲ့ရောင်းပြီး ဒုံရင်းကနေဒုံရင်းဖြစ်နေကြရတဲ့ဘဝတွေ စုတ်ပြတ်သတ်နေတာ ----။

2000 ခုနှစ်လောက်ကပြောခဲ့တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတဲ့ စကားလုံးက ကျနော်တို့စိုက်တောင်သူတွေနဲ့ မဆိုင်သလိုလိုဖြစ်နေတာကတော့ နည်းနည်းတော့ရင်နာမိတယ်---။

ဘာထပ်ပြောရပါ့မလဲ ပြောစရာတော့အများသားဗျ--ဒီေတာ့ ကျယ်ကျယ်မအော်လဲသိပါတယ်

#ကယ်တော်မူကြပါဗျို့???လို့ဘဲ

ကြိုးစားနေမည့်......ကျွန်ေတာ်

#Credit_ရဲနိုင်ဝင်း

# စိုက်ပျိုးရေးလောကအလွဲများ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်