အိမ်တွင်းစိုက် သစ်ပင်လေးများ

15/01/2018 11:29 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်လေးတွေကို စိုက်ပျိုးရတာ ဝါသနာပါတဲ့လူတိုင်းဟာ ကိုယ်အိမ်တွင်းထဲမှာရော အလှစိုက် သစ်ပင်လေးတွေကို စိုက်ပျိုးကြလေ့ရှိကြပါတယ်။ အိမ်တွင်းစိုက် သစ်ပင်လေးတွေထဲ လူသိများပြီး ထင်ရှားတဲ့ အပင်လေး ၇ ပင် ရွေးပေးလိုက်ပါတယ်။ အပင်ငယ်တွေလိုပဲ သူတို့ရဲ့ လှပတဲ့အရွက်တွေနဲ့ ခန့်ညားဆွဲဆောင်မှုရှိတဲ့ အခက်အလက်တွေကြောင့် လူကြိုက်များတာပါ။ အပင်သေးလို့ အလှအပတစ်ခုတည်းမဟုတ်ဘဲ အိမ်တွင်းလေထုအတွက်ရော ခန့်ညားထယ်ဝါမှုပါ ပေးနိုင်တဲ့ အပင်ကြီးပုံစံပါ။

၁။ Schefflera tree (ထီးပင္)

Schefflera tree ကို (umbrella tree) လို့လည်း သိကြပါတယ်။ သူရဲ့ပြောင်ချောမွတ်တဲ့ မျက်နှာပြင်ရှိတဲ့ အရွက်ဖားဖားကြီးတွေကြောင့် အပူပိုင်းဒေသရဲ့ သစ်ပင်အလှကို အပြည့်အဝဖော်ပြနိုင်ပါတယ်။

နေ - အလယ်အလတ်ကနေ တောက်ပတဲ့နေရောင်ကို ကြိုက်ပါတယ်။

ရေ - အမြဲ မြေသားစိုစွတ်နေပါစေ။ မြေခြောက်တာနဲ့ ရေလောင်းပါ။ ရေ စပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်ကနေ ၇၅ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၈ ပေအထိမြင့်ပြီး ၆ ပေလောက်အထိ အရွက်တွေပြန့်ကားနိုင်ပါတယ်။

၂။ Fiddle leaf fig tree (ဖစ်ဒယ်လိ(ဖ)) သဖန်းပင်

Fiddle leaf fig tree ကို လူကြိုက်များတဲ့ အိမ်တွင်းစိုက်သစ်ပင်ဖြစ်ပါတယ်။ အရွက်နဲ့အပင်ပုံသဏ္ဍန် ကတော်တော်လေးလှပြီး ဂရုသိပ်စိုက်စရာမလိုတဲ့အပင်မို့ပါ။

နေ - အလယ်အလတ်ကနေ တောက်ပတဲ့နေရောင်ကိုကြိုက်ပါတယ်။

ရေ - အမြဲအပေါ်ယံ မြေခြောက်တာနဲ့ ရေမှန်မှန်လောင်းပါ။ ရေစပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၆၅ ဒီဂရီဖာရင်ဟိုက်ကနေ ၇၅ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၁၅ ပေအထိမြင့်ပြီး ၅ ပေလောက်အထိ အခက်အရွက်တွေပြန့်ကားနိုင်ပါတယ်

 

၃။ dragon tree (ဒရက်ကွန်ထရီး) မာဒါဂက်စ်ကာသစ်ပင်

dragon tree ကို mandagascar tree လို့လည်းခေါ်ကြပါတယ်။ ပုံသဏ္ဍန်ဆန်းဆန်းမို့ လူကြိုက်တဲ့အပင်ပါ။ ခေတ်ဆန်ဆန်ပြင်ထားတဲ့ အဆောက်အဦး အိမ်ခန်းတွေနဲ့လိုက်ဖက်ပါတယ်။ သိပါဂရုမစိုက်လည်း ရတဲ့အပင်ပါ။

နေ - အလယ်အလတ်ကနေ တောက်ပတဲ့နေရောင်ကိုကြိုက်ပါတယ်။ ဒါပေမယ့်တိုက်ရိုက်နေရောင်တော့ မကြိုက်တက်ပါဘူး။

ရေ - အမြဲမြေသားစိုစွတ်နေပါစေ။ မြေခြောက်တာနဲ့ ရေလောင်းပါ။ ရေစပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၆၅ ဒီဂရီဖာရင်ဟိုက်ကနေ ၇၅ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၁၀ ပေအထိမြင့်နိုင်ပါတယ်။

၄။ Rubber tree (ရာဘာပင္)

ရာဘာ (Rubber tree) ကို တိုတိုဖြစ်အောင် အကိုင်းအခတ်တွေ အမြဲဖြတ်ညှိပေးပါ။ အုံထူထူခြုံပုတ် လေးဖြစ်အောင် လုပ်ထားရင်လှပါတယ်။ ဒီအတိုင်းခပ်မြင့်မြင့် ဖြစ်လာအောင်ထားလည်း တစ်မျိုးကြည့်ကောင်းပါတယ်။ သူ့အရွက်ပြောင်ပြောင်လေးတွေကြောင့် အခန်းကိုပဒေသာဖြစ်စေမှာ မလွဲပါဘူး။

နေ - အလယ်အလတ်ကနေ တောက်ပတဲ့နေရောင်ကိုကြိုက်ပါတယ်။ ဒါပေမယ့်တိုက်ရိုက်နေရောင်တော့ မကြိုက်တက်ပါဘူး။

ရေ - အမြဲမြေသားစိုစွတ်နေပါစေ။ မြေခြောက်တာနဲ့ ရေလောင်းပါ။ ရေစပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်ကနေ ၈၀ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၈ ပေအထိမြင့်ပြီး ၄ ပေအထိကျယ်နိုင်ပါတယ်။

၅။ Nvorfolk pine tree (နော့ဖေါ့ ထင်းရူးပင်)

ဒါကတော့ Nvorfolk pine tree (နော့ဖေါ့ ထင်းရူးပင်)ဖြစ်ပါတယ်။ သူ့ကိုတော့ ခရစ်စမက်ကာလမှာ ပေါ်ပြူလာအဖြစ်ဆုံးဆိုတာ သိကြမှာပါ။ ဒါပေမယ့် အိမ်တွင်းသစ်ပင်အဖြစ် တစ်နှစ်ပတ်လုံးထားနိုင်ပါ တယ်။

နေ - အလယ်အလတ်က နေ တောက်ပတဲ့နေရောင် ကိုကြိုက်ပါတယ်။

ရေ - အမြဲမြေသားစိုစွတ်နေပါစေ။ မြေခြောက်တာနဲ့ ရေလောင်းပါ။ ဒါပေမယ့် ဗွက်အိုင်လောက်တဲ့အထိ မဖြစ်ပါစေနဲ့။ ရေစပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၅၀ ကနေ ၇၀ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၁၀ ပေအထိ မြင့်နိုင်ပါတယ်။

၆။ Lemon tree (လီမွန်ထရီး) သံပရိုပင်

သံပုယိုပင်ကို လှပပြီး ရနံ့မွှေးတဲ့အပွင့်အတွက်ရော၊ အရသာရှိတဲ့ အသီးအတွက်ရော တစ်နှစ်ပတ်လုံး အတွက် စိုက်နိုင်ပါတယ်။

နေ - အလယ်အလတ်က နေ တောက်ပတဲ့နေရောင်ကိုကြိုက်ပါတယ်။

ရေ - အမြဲမြေသားစိုစွတ်နေပါစေ။ မြေခြောက်တာနဲ့ ရေလောင်းပါ။ ဒါပေမယ့် အိုင်ကျလောက်တဲ့အထိ မဖြစ်ပါစေနဲ့။ ရေစပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက်ကနေ ကနေ ၈၅ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၈ ပေအထိ မြင့်နိုင်ပါတယ်။

၇။ Guinea chestnut (ချက်စ်နပ်စ်ပင်) မန်းနီးထရီး/ လက်ကီးပင်

ဒီ ချက်စ်နပ်စ်ပင်ကို လက်ကီးပင်အဖြစ် မြန်မာပြည်မှာ သက်မှတ်ပြီး စိုက်ကြပါသည်။ ပုံထဲကလို ပင်စည်ကို ကျစ်ဆံမြီးကျစ် အလှဆင်နိုင်ပါတယ်။ အိမ်ခန်းအတွက် ဆွဲဆောင်မှုပေးတဲ့ အလှရနိုင်မယ့် အိမ်တွင်းအလှစိုက်အပင် အစစ်အမှန်ပါ။

နေ - အလယ်အလတ်က နေတောက်ပတဲ့ နေရောင်ကိုကြိုက်ပါတယ်။

ရေ - အမြဲမြေသားစိုစွတ်နေပါစေ။ ရေကြိုက်ပင်ဖြစ်တာကြောင့် နေ့စဉ် ရေရွှဲအောင် လောင်းပါ။ စပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက်ကနေ ကနေ ၈၅ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၁၀ ပေအထိ မြင့်နိုင်ပါတယ်။

 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်