ကန်ထရိုက်လယ်ယာစနစ်၏လုပ်ထုံးလုပ်နည်းများအရ.....

14/09/2020 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

"စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ်မှ ပြန်လည်ကြိုဆိုပါတယ်ရှင်။

ဒီအစီအစဉ်ကို မကွေး၊ မင်းလှနှင့် မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် ENI ဖောင်ဒေးရှင်း၏အကူအညီဖြင့် PC Myanmar မှ ထုတ်လွှင့်ပေးတာဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ ကန်ထရိုက်လယ်ယာလုပ်ဆောင်လိုတဲ့ သူများအနေဖြင့် လုပ်ပိုင်ခွင့်ရလက်မှတ်များလျှောက်ထားနိုင်တဲ့ပုံစံ၊ ၅ယောက်တစ်ဖွဲ့ ဝိုင်းကြီးချုပ်ပုံစံစနစ်အရ တောင်သူအဖွဲ့အစည်းတွေမှာရော ဒီစနစ်ကိုလိုအပ်သေးသလား၊ကန်ထရိုက်လုပ်ငန်းများတွင် သီးနှံဈေးနှုန်းများသတ်မှတ်ရာတွင်လည်း သက်ဆိုင်ရာဒေသ၊ လုပ်ငန်းရှင်တွေအလိုက်ကွဲပြားမှုရှိနိုင်တဲ့အတွက် ဘယ်လိုသတ်မှတ်ချက်တွေရှိနိုင်ကြောင်း စတဲ့အကြောင်းအရာတွေကို ကန်ထရိုက်လယ်ယာလုပ်ဆောင်ရာမှာ လိုက်နာရမည့်လုပ်ထုံးလုပ်နည်းတွေအလိုက် ဆွေးနွေးချက်များဖြစ်ပါတယ်။

ဆွေးနွေးချက်များကို စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ဆန်းဆန်းအေး မှ ဆွေးနွေးပေးသွားတာဖြစ်ပါတယ်။

အစိမ်းရောင်လမ်းဦးကြီးတို့ အကျိုးတစ်စုံတစ်ရာဖြစ်စေဖို့ ရည်ရွယ်ပါတယ်။


Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။ ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။ ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။ ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့ 📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။ 📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။ မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။ Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်