ရေသတ္တဝါမျိုးစိတ်အချို့ကိုထိန်းသိမ်းပေးတဲ့ ပင်လယ်မြက်

14/12/2021 12:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ပင်လယ်မြက် (seagrass) တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၁၀၀) ခန့်အချိန်တည်းက ကုန်းမြေပေါ်မှမြက်တွေကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အရွက်၊ အမြစ်နဲ့ အပွင့်ရှိတဲ့အပင်ဖြစ်ပြီး အပူပိုင်းဒေသမှာ ပေါက်ရောက်ကြပါတယ်။

    Marine Flowering Plants လို့ခေါ်တဲ့ ပင်လယ်မြက်ဟာ သက်ရှိ၀န်းကျင်အတွက် လိုအပ်တဲ့အထောက်အပံ့အချို့ကို ပေးပါတယ်။

    ပင်လယ်​​​​မြက်တွေဟာ သဘာ၀ဖြစ်စဉ်ရဲ့အချို့အစိတ်အပိုင်းတွေမှာ လူတွေရဲ့လိုအပ်ချက်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး အကျိုးပြုပါတယ်။ ပင်လယ်ပြင်မှာ အချို့သော coral reef fish မျိုးစိတ်တွေရဲ့ အရွယ်ရောက်မှုဖြစ်စဉ်အတွက် ပင်လယ်မြက်ကို မှီခိုကြရပါတယ်။

     ပင်လယ်မြက်တွေဟာ ကမ်းရိုးတန်းဒေသ အကာအကွယ်ရှိတဲ့ အော်၊ ရေငန်အိုင်၊ မြစ်ဝတွေမှာ ပေါက်ရောက်လေ့ရှိပြီး ၄င်းတို့ရှင်သန်ဖို့ နေရောင်ခြည်နဲ့ ရှင်သန်နိုင်မည့်အပူချိန် လိုအပ်ပါတယ်။ ပင်လယ်မြက်ရှိတဲ့နေရာမှာ ပင်လယ်မျှော့၊ ပင်လယ်လိပ်၊ ပုစွန်ဆိတ်၊ ပုစွန်ထုပ်၊ ရေ၀က်၊ လင်းပိုင်နဲ့ ပင်လယ်ငှက်အချို့ ကျက်စားလေ့ရှိတဲ့အတွက် ငါးမျိုးစိတ်အချို့ကိုထိန်းသိမ်းတဲ့ ပတ်၀န်းကျင်မြေပြင်အဖြစ် တာ၀န်ထမ်းဆောင်ကြပါတယ်။

    ပင်လယ်မြက်တွေကို ပျက်စီးစေတာကတော့ မုန်တိုင်းများ၊ ရာသီဥတုအပြောင်းအလဲနဲ့ ရေထုညစ်ညမ်းမှုတို့ဖြစ်ပါတယ်။ မြိတ်ကျွန်းစုမှာတော့ လန်ပိကျွန်းနှင့် အနီးအနားကျွန်းတစ်ချို့မှာပင်လယ်မြက်များ ပေါက်ရောက်လျက်ရှိပါတယ်။ ကမ္ဘာပေါ်မှာ ပင်လယ်မြက်အမျိုးအစား ၆၀ ခန့်ရှိပြီး လန်ပိနားတဝိုက်မှာ ပင်လယ်မြက်အမျိုးအစား ၇ မျိုးနဲ့ ပင်လယ်မြက်ဧရိယာဟာ ၅.၂ square km ရှိတယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ ပင်လယ်မြက်အမျိုးအစားအချို့ကို ကော့သောင်းခရိုင်၊ သူရဲကောင်းကျွန်းစုမှာရှိတဲ့ ကျွန်းအချို့မှာ တွေ့ရှိနိုင်ပြီး ထား၀ယ်ကျွန်းဆွယ်၊လောင်းလုံးမြို့နယ်ထဲက ကမ်းခြေတစ်ခုမှာလည်း ပင်လယ်မြက်များကို မြင်တွေ့နိုင်ပါတယ်။

Ref:Tourism MerguiArchipelago _seagrass


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်