ထုံးနှင့် ငါးကန်

16/10/2019 13:48 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါးကန်များတွင် ထုံးသုံးစွဲမှု့မှာ မဖြစ်မနေသုံးစွဲရပါသည်။ အချို့မွေးမြူရေးလုပ်ငန်းရှင်များသည် ထုံးထဲ့ရမည် ဆိုသည်နှင့်‌ဈေးကွက်အလွယ်တကူရရှိသည့်ဆောက်လုပ်ရေးလုပ်ငန်းသုံးထုံးကို အလွယ်တကူဝယ်ယူ၍သုံးစွဲခြင်းကြောင့် ငါးသေဆုံးမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့ကြောင့် ထုံးထည့်မှားသဖြင့် ဆုံးရှုံးများကြုံတွေ့နေကြောင်း သိရှိရသဖြင့် ထုံးနှင့်ပတ်သက်သော အ‌ကြောင်းအရာများအား ကူးယူမျှဝေအပ်ပါသည်။ CaCO3နဲ့ ရိုးရိုးထုံးနဲ့ဘာကွာလဲ

သမာရိုးကျ ထုံးမှုန့်(CaO/CaOH)နှင့်စိုက်ပျိုးမွေးမြူ ရေးသုံး(CaCO3)တို့၏ကွာခြားချက်များ

သမာရိုးကျ ထုံးမှုန့် (CaO/CaOH)
CaO => Calcium Oxide (မဖောက်ထုံး )
CaOH => Calcium Hydroxide (ဖောက်ထုံး )

၁။ မီးဖုတ်ထား၍ Reaction မြန်သည်။

၂။ ပျော်ဝင်နှုန်းမြန်ပါသည်။

၃။ PH အတက်အကျ မြန်ပါသည်။

၄။ DO အတက်အကျ မြန်ပါသည်။

၅။ Alkalinityကိုလျှင်မြန်စွာ မြင့်တက်(အာနိသင်တည်တံ့မှုအချိန်တိုတောင်း)အတက်အကျ မြန်

၆။ ကွာဟမှုဒဏ် Stress ကိုခံရနိုင်ပါသည်။

၇။ ထုံးအသုံးပြု မှု(16kg)(၁၀) ပိဿာထက်ကျော်ရင်အန္တရယ်ရှိနိုင်ပါသည်။

၈။ သတ်မှတ်နှုန်းထားထက်ကျော်လွန်အသုံးပြုလျှင်ရေသြဇာသက်ရှိ (Phyto နှင့်Zoo) ၂ -ခုလုံးသေသွားနိုင်ပါသည်။

၉။ ရေအကြည်နှုန်း(Transparency)များ =>အလင်းဖောက်ထွင်းမှုများ

ရေအပူချိန်(Water Temperature)များနိုင်=>ငါး များStressရနိုင်ပါသည်။

၁၀။ ဓာတ်ပြု ဖြစ်စဉ်မြန်=>အနည်ကျ ရောက်မှုနှေး=>ကြမ်းပြင်ညစ်ညမ်းမှု

ပျ က်ပြယ်ရန် အချိန် ကြာပါသည်

စိုက်ပျိုးမွေးမြူရေးသုံး ထုံး(CaCO3)

CaCO3=>Calcium Carbonnate (Reaction Method)
Carbonnate အုပ်စုဝင်ဖြစ်ပြီးရေထုအတွင်းရှိဒြပ်စင်များနှင့်ဓာတ်ပြု နိုင်ပါသည်။

၁။ Calcium ပါဝင်နှုန်းမြင့်မားတဲ့မူလကျောက်မှုန့်ပုံစံဖြစ်ပါသည်။

၂။ ပျော်ဝင်နှုန်းနှေးပါသည်။

၃။ PH အတက် -အကျ နှေး (ထိန်းထားနိုင်)ပါသည်။

၄။ DO အတက် - အကျ နှေး (ထိန်းထားနိုင်)ပါသည်။

၅။ Alkalinity ကိုထိန်းထားနိုင်(အာနိသင်တည်တံ့မှုအချိန်ကာလကြာ) ၂ - ၃ ပတ်အထိကြာပါသည်။

၆။ ကွာဟချက်သိပ်မရှိ၍ Stress ( ဖိစီးမှု ) ကို မခံရနိုင်ပါ

၇။ အသုံးပြု မှုများရင်တောင် (နှံ့အောင်ပက်ကြဲပေးနိုင်လျှင် ကန်အောက်ခြေညစ်ညမ်းမှုကို အလွှာတစ်ခုအနေနဲ့ ဖုံးအုပ်ထားနိုင်ပါသည်။

၈။ သတ်မှတ်နှုန်းထားထက်ကျော်လွန်အသုံးပြုလျှ င်လည်း Side Effect ဘေးထွက်ဆိုးကျိုးများမဖြစ်နိုင်။ ရေမျောသက်ရှိအားလုံးကို ရှင်သန်နှုန်းပိုဖြစ်စေပါသည်။

၉။ အလွှာလိုက်ရေကြည်၍ Transparency မများနိုင်ပါ။

၁၀။ ဓာတ်ပြု ဖြစ်စဉ်နှေးပြီး အနည်ကျ ရောက်မှုမြန်ကာ ကြမ်းပြင်ညစ်ညမ်းမှု ပျက်ပြယ်ရန်အချိန်မြန်ပါသည်၊

အသုံးပြု ရန်
---------------
မြေထုပြင်ချိန် =>PH 4.5~6.0(100kg) /PH 6.0~6.8 (50kg)/PH

ရေထုပြင်ချိန် =>PH 6.5 ~7.5 (50kg)

အသုံးပြုနိုင်ရန် ကူးယူမျှဝေပေးခြင်းဖြစ်ပါသည်။

Source - Aquadapt myanmar facebook page


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်